မျက်လုံးနဲ့မတော်တဲ့
အမြင်တွေ တပ်ပြီး
ပါးစပ်နဲ့မတော်တဲ့
စကားလုံးတွေ သုံးလို့…… ၊
ခေါင်းနဲ့မတော်တဲ့
အတွေးအခေါ်တွေ ဝတ်ပြီး
လမ်းနဲ့မတော်တဲ့
ခြေထောက်တွေ စီးလို့ …… ၊
ခြေသံ မလုံတဲ့
ဥပေက္ခာတစ်စုံနဲ့
လောကကို ဧည်ဝတ်ပြုခဲ့တယ်
( ရနံ့တွေ စိုရုံ ၊ ဆွတ်ရုံ ) ………. ။
By: Bee Thoven
http://www.facebook.com/photo.php?fbid=379787198723362&set=a.181856311849786.34689.100000762550368&type=1&theater
FB က ကျွန်တော် Friend ကဗျာဆရာ ရေးထားတဲ့ ကဗျာပါ ကျွန်တော် ခွင့်မတောင်းခဲ့ပဲ Blog မှာ ပြန် Share ထားတာပါ မျက်လုံးနဲ့ မတော်တဲ့ ခေါင်းနဲ့ မတော်တဲ့
ခြေသံမလုံတဲ့ ကျွန်တော်လိုကောင်အတွက်
အရမ်းကိုထိရှမိပါတယ်...။
Bee Thoven ရေ ကျေးဇူးပါဗျာ။
No comments:
Post a Comment