အရှေ့အရပ်ကနေအနောက်အရပ်အထိ တောင်အရပ်ကနေမြောက်အရပ်အထိ အားလုံးသိကြပြီးပြီ။ ငါကတစ်ခါတလေမှဖြူစင်သူဆိုတာ.. (ဝေမှုးသွင်)
Wednesday, February 29, 2012
မအိမ်ခင်
Blog
အဟောင်းလေး ပြန်ဖတ်လိုက့် ရည်းစားဟောင်းနဲ့ ပတ်သတ်တဲ့ကဗျာတွေ Delete
လိုက့် အရင်က တင်ထားခဲ့တဲ့ ကျွန်တော့်ပုံတွေ ဖြုတ်လိုက့် သူများ Blog က
မလာတဲ့ Share လာတာပါဗျာ ကဗျာတွေ Link ပြန်ချိတ်လိုက့် အဲ့ဒီကြားထဲက ဒီ Post
တွေ့တော့ Picture ရှာတင်ပြီးတော့ ဒီဘက့်ကို ပြန်မလာလိုက်ပါတယ်။
http://khinsandarwaine.blogspot.com/2010/09/homesickness.html
တနေ့လုံးအိပ်နေလည်း နှိုးပြီးဆေးတိုက်မယ့် အမေကမရှိဘူး။
ဗိုက်ဆာနေတော့လည်း ဂရုစိုက်ကျွေးမယ့် အမေကမရှိဘူး။
သြော်...အိမ်နဲ့ဝေးရာမှာဆိုတော့ တမ်းတယုံပေါ့နော်။
နေမကောင်းလဲ ဆေးခန်းမသွားချင်။ တနေ့လုံးအိပ်နေလဲ ဆေးထမသောက်မိ။ ဗိုက်ဆာတော့လည်း ကိုယ့်ဘာချက်စားရတဲ့ဘ၀။ တော်တော်လေး စိတ်ကုန်နေပါပြီ အိပ်ပြင်မှာနေရတဲ့ဘ၀ကို။
တကယ်တော့ကိုယ် အိမ်ကိုလွမ်းနေတာပါ။
အိမ်ပြန်ချင်နေမိတယ်လေ။
အမေ့လောက့်ဘယ်သူမှ ကိုယ့်ခံစားချက်ကို နားလည်မပေးခဲ့ပါဘူး။
Posted by
Khin Sandar Waine
at
11:48 AM
http://khinsandarwaine.blogspot.com/2010/09/homesickness.html
homesickness................
http://whiteboxstudio.multiply.com/journal/item/8/8
နေမကောင်းတော့လည်း ဆေးခန်းလိုက်ပို့မယ့် အမေကမရှိဘူး။
နေမကောင်းတော့လည်း ဆေးခန်းလိုက်ပို့မယ့် အမေကမရှိဘူး။
(အိမ်မှာဆိုရင် သမီးဆေးခန်းသွားရအောင် အမေလိုက်ပို့မယ်လေ သြဘာဆေးခန်းသွားမလား ဝေးရင်ဆိုက်ကားနဲ့သွားမယ်။)
တနေ့လုံးအိပ်နေလည်း နှိုးပြီးဆေးတိုက်မယ့် အမေကမရှိဘူး။
(တနေ့လုံးအိပ်နေတော့ ခေါင်းကိုက်မှာပေါ့ ထပြီးဆေးသောက်လေ အမေကော်ဖီဖျော်ထားတယ်။)
ဗိုက်ဆာနေတော့လည်း ဂရုစိုက်ကျွေးမယ့် အမေကမရှိဘူး။
(သမီးဘာစားချင်လဲ ရှမ်းခေါက်ဆွဲစားမလား အမေသွားဝယ်လိုက်မယ်။)
သြော်...အိမ်နဲ့ဝေးရာမှာဆိုတော့ တမ်းတယုံပေါ့နော်။
နေမကောင်းလဲ ဆေးခန်းမသွားချင်။ တနေ့လုံးအိပ်နေလဲ ဆေးထမသောက်မိ။ ဗိုက်ဆာတော့လည်း ကိုယ့်ဘာချက်စားရတဲ့ဘ၀။ တော်တော်လေး စိတ်ကုန်နေပါပြီ အိပ်ပြင်မှာနေရတဲ့ဘ၀ကို။
တကယ်တော့ကိုယ် အိမ်ကိုလွမ်းနေတာပါ။
အိမ်ပြန်ချင်နေမိတယ်လေ။
အမေ့လောက့်ဘယ်သူမှ ကိုယ့်ခံစားချက်ကို နားလည်မပေးခဲ့ပါဘူး။

ဒုံရင်း
စာရေးချင်တဲ့ ပိုးက ကိုယ်ထဲမှာ တော်တော်ထကြွနေတယ် လူက နေမကောင်းတော့ အာရုံက ဘာမှကို စဉ်းစားလို့ Feeling မလာဘူး အဲ့ဒါနဲ့ Blog အဟောင်းလေးကို ဝင်မွှေနေတာ။
အချိန်သာ ၂ နှစ်ကျော်တော့မယ် ရေးထားတဲ့ ကဗျာလေးက အသက်ဝင်နေတုန်းပဲ အရင်စိတ်နဲ့ဆို တော်တော်ဝမ်းနည်းမိမှာပါ ငါ ဘာမှမဖြစ်လာဘူး ဆိုပြီးတော့ အခုကတော့ စိတ်တော်တော်လေး ပေါ့ပါးနေတက်ပြီ။
http://khinsandarwaine.blogspot.com/2010/08/money-less.html
Thursday, August 26, 2010
မေမေရေ... money less ဖြစ်နေပြီဗျာ။
ပိုက်ဆံကပဲ ခြေထောက်ပေါက်တာလား
ကိုယ်ကပဲ စည်းကမ်းမရှိတာလား မသိတော့ပါဘူး
မေမေရေ...money less ဖြစ်နေပြီ
အိမ်မပို့တော့လဲကုန် အိမ်ပို့တော့လဲ ဘုရားစူး
ဒါတောင် 1/4 ၁နှစ်မှ ၄လ လောက့်
ဟူး...မေမေ ကိုယ်လေ တောထဲမှာပဲနေတော့မယ်နော်
အရိုးလိုပေါ့ကွာ ကျားကြီးပဲကိုက်ပါစေ
Plaza, Market တွေနဲ့ဝေးရင်ရပြီ
မေမေ ကိုယ်သိပ့်တော်တာပဲ B.M နဲ့ကျောင်းပြီးထားတော့
Income ထက် Expenses ကျော်အောင်သုံးတတ်တယ်ဗျ : (
အဖေရေကယ်ပါအုံး ကိုယ့် Wallet က အဖေလေ
Cash ဆိုခြေထောက့်ပေါက်တယ်
အဲ Cheque ဆိုတော့ ATM အတောင်လေးနဲ့
ဘယ်သူမှ ကိုယ့်အနားမနေဘူးဗျာ
ပြေးလိုက်တာ အရိပ်တောင်မကျန်ဘူး
ငါ့ထိုက်နဲ့ငါကံ ပေါ့
သားကြီးသီချင်းမဟုတ်ဘူးဗျ : )
တော်ပါပြီ စိတ်နာတယ်သူ့ကိုအသဲထဲမှာ။ : (

အတ္တ
http://www.merello.com/art_paintings_art_exhibitions_modern_still_lifes_flowers.htm
ရန်သူ ၅ပါးအတွက့်
တံတိုင်းတစ်ခုလို
သူရဲကောင်းတစ်ယောက်ရဲ့
ဒိုင်းတစ်ခုလို
ကျွန်တော်ကိုးကွယ်ခဲ့ဘူးတယ်။
လှပတဲ့အနာဂတ်အတွက့်
အားတစ်ခုလို
ဘဝခရီးရဲ့
ပန်းတိုင်တစ်ခုလို
ကျွန်တော်လည်ပင်းဖက်ပေါင်းသင်းခဲ့ဘူးတယ်။
ရှုံးနိပ်တဲ့အခါ
လဲကျတဲ့အခါ
ထူမတ်ပေးနိုင်တဲ့
လက်တစ်စုံလို
ကျွန်တော်အားကိုးမိခဲ့ဘူးတယ်။
သူကဝါးမျိုလို့
စုတ်ဖြဲခဲ့ရတဲ့သက္ကရာဇ်တွေ
နာကျင်ခဲ့ရတဲ့ရင်ဘက်တွေ
သေဆုံးခဲ့ရတဲ့ဘဝတွေ
ရှာဖွေတွေရှိတဲ့နောက့်
ကျွန်တော်ဥပက္ခာပြုခဲ့လိုက်ပြီ။
Tuesday, February 28, 2012
ဘကြီးတုတ်။
http://msaduri.wordpress.com/2008/11/05/doa-dari-lelaki-yang-berdosa/
FB ကို ပိတ်ထားလိုက့်တယ် တနေ့တနေ့ သူနဲ့တင် ကိုယ့်အချိန်တွေ ဖြုန်းတီးနေမိလို့ Update News တွေ မသိရတော့ဘူးပေါ့ ဒါပေမယ့် စာဖတ်ဖို့ အချိန်ရလာတယ် ကိုယ်လုပ်ချင်တာကို အချိန်လုပြီး လုပ်စရာ မလိုတော့ဘူး အဲ့ဒါနဲ့ပဲ Blog ကို စိမ်ပြေနပြေ ရေးနေမိတယ်။
ကဗျာ ၃၊၄ ပုဒ်ရေးပြီးတော့ ကဗျာဖတ်ကို အာရုံဝင်လို့ မရတော့ဘူး စာရေးချင်နေမိတယ် စာရေးရအောင်လဲ စာမဖတ်ဖြစ်တာ နှစ်ဝက်ကျော်နေပြီ ဘယ်ကနေ စာရေးလို့ စရေးရမှန်း မသိတော့ဘူး အဲ့ဒါနဲ့ပဲ အိမ်ကလူတွေကို သတိရလာမိတယ် အိမ်မှာ အသက်အကြီးဆုံးဖြစ်တဲ့ အဖေရဲ့အဖေ ကျွန်တော့်အဘိုး ရတီရဲ့အဘေး ၂၀၀၄ခုနှစ်က ဆုံးသွားတဲ့ အဘိုးအကြောင်းကနေ စပြီးရေးမယ်လို့ ဆုံးဖြတ်လိုက့်တယ်။
ဦးအောင်သန်း မှတ်ပုံတင်နာမည်က ငယ်နာမည်က ဖိုးတုတ် တူတွေတူမတွေက ဘကြီးတုတ် ခုအချိန်ထိ အမျိုးနီးစပ်တွေနဲ့ မိတ်ဆက်ရင် ဘကြီးတုတ်မြေးတွေဆို အဘိုးအမျိုးတွေ အကုန်သိတယ် အဘိုးက အမျိုးတွေကြားထဲမှာ သမာသမတ်ကျတယ် အကြီးဆိုဆိုသလောက့် ငဲ့ညှာခဲ့တယ် အဲ့ဒီ့(အကျင့်မကောင်းတကောင်းလေး)က ကျွန်တော့်အဖေ သားအကြီးဆုံးမှာ 100% ကို တပြားမှမလျှော့ အမွေရလာတယ်။
ငဲ့ညှာတက်တာကို အကျင့်မကောင်းဘူးပြောတော့ ကျွန်တော်လွန်မယ် ဒါပေမယ့် ကိုယ်တစ်ယောက်ထဲ လူလွတ်တုန်းက အဲ့ဒီ့စိတ်ဓါတ်က ကောင်းပေမယ့် မိသားစုရှိလာတော့ အရမ်းခက်ခဲပါတယ် အခွင့်အရေးတစ်ခါရလို့ မယူတာ မမှုလောက့်ပေမယ့် အကြိမ်တိုင်းကို ငဲ့ညှာတက်လွန်းတော့ အဆင်မပြေဘူးလေ ကိုယ့်စီအကူအညီ လာတောင်းရင်တာ မငြင်းတမ်းပးတက်တာ ကိုယ်အဆင်မပြေရင် ပြန်ပြီးတော့ အကူအညီမတောင်းဘူးလေ။
အဘိုးအကြောင်းကို ဆက်ပြောတော့မယ် နောက့်ဆို အဘိုးဇာတ်ကနေ အဖေ့ဇာတ်ဖြစ်တော့မယ် အဘိုးကလူချောဗျ အရပ်က ၅ပေ၈လက်မကျော်တယ် ကိုယ်ခန္ဓာကလည်း ထောင်ထောင်မောင်းမောင်း ရုပ်ကလည်း လူဖြောင့်ဆိုတော့ ငယ်ငယ်ကဆို ဘယ်လောက့်များ စန်းပွင့်မလည်း မသိဘူး (အဘွားအမြဲပြောပြတဲ့ ဇာတ်လမ်းတစ်ခုရှိတယ် အဘိုးအရပ်ဖက်ပြောင်းတော့ အဘိုးဘကြီးက သူ့အလုပ်မှာ ဦးစီးဖို့ခေါ်တယ်တဲ့ မလှိုင်မှာ ဘောင်းနို့စီစက်ပိုင်ရှင်ပေါ့ အဘိုးရောအဘွားရော အဖေ့ကိုယ်ဝန်ကြီးနဲ့ သွားကြတာပေါ့ ဘကြီးက သမီးတွေကြီးမွေးတော့ သူ့ဘက်က တူရယ် မိန်းမဘက်ကတူရယ် ညီတူညီမျှ ဦးစီးခိုင်းတာပေါ့ နယ်ကမိန်းမတွေများ ကဲလိုက့်တာ အဘိုးတို့ခေတ်ထဲက ညညဆို အဘွားစီ ပြုံပြီးရောက့်လာကျတယ် မမကျင်ရယ်တဲ့ ဘယ်လိုမှသဘောမထားပါနဲ့တဲ့ ကိုတုတ်ကိုယူပါရစေတဲ့ ကျွန်မအငယ်နေရာမှာပဲ နေမှာပါတဲ့ ဘုရားဘုရား အဘွားဘယ်နေနိုင်မလဲ ဗိုက်တစ်လုံးနဲ့ ရန်ကုန်ပြန်ပြေးလာရော အဘိုးကလည်းမနေရှာပါဘူး ဘကြီးကတားနေရက်နဲ့ ကောက်ကောက်ပါအောင် လိုက့်လာရှာပါတယ်။ အဘိုးက အဲ့လိုမျက်နှာပွင့်တာ)
သား၃ယောက်လုံး မျက်နှာပွင့်တာတော့ တူပါတယ်။ အဘိုးအရပ်အမောင်း အဘိုးရုပ်ရည်တော့ တစ်ယောက်ထဲ ဘယ်သူမှ အမွေမရဘူး။ ကျွန်တော့်အဖေပဲ အရပ်ကိုမှီတယ် ဒါတောင်အဖေက ၁လက်မ နိမ့်သေးတယ်။ အဘိုးရုပ်ကိုတော့ အငယ်ဆုံးသားက အမွေရတယ်။ သားအလတ်ကတော့ အရပ်ရော ရုပ်ပါမတူဘူး ဦးလေးအလတ်က မွေးတုန်းက ရုပ်ဆိုးတော့ ငယ်နာမည်ရတယ် ပန်းချီငိုတဲ့ အဘွားက အဖျားဆွတ်ခေါ်တာ ပန်းချီတဲ့ အဲ့ဒီ့နာမည်တွင်သွားတော့ အမျိုးတွေထဲမှာ ကိုပန်းချီ တူတွေတူမတွေက ဦးပန်းချီ အခုတော့ မြေးတွေရလာတော့ အဘိုးပန်းချီ။
ကျွန်တော်တို့တောင် ငယ်ငယ်က နာမည်တစ်ခုအနေနဲ့ ခေါ်နေကြတာ ဘာလို့ပေးထားတယ်ဆိုတာ မမေးမိကြဘူးလေ အသက်လေးရလာတော့ အဘွားက ရှေးဟောင်းနှောင်းဖြစ်တွေပြောပြရင်း သိခဲ့တာ အဘိုးကအသက်မရှည်ခဲ့ပေမယ့် သူ့မြေး ၇ယောက်၊ မြစ် ၁ ယောက်နဲ့တော့ လက်ပွန်းတတီးနေသွားရှာတယ်။
အဘိုးက အရင်က တပ်ထဲမှာဗိုလ်ကြီးအဆင့်ကနေ ဗဟိုဘဏ်အရပ်ဖက်ကို ပြောင်းလိုက့်တယ် ဘယ်နေရာမှာ ရောက်ရောက် အဘိုးက သမာသမတ်ကြတယ် ဆိုးတာက အဘိုးညီမ အဘိုးရောက်လေရာ ဒေသကို လိုက်ပြီးတော့ အခွင့်အရေးမှန်သမျှ အကုန်သိမ်းကြုံးယူတာပဲ အခုတော့ သူလညှ်းဆုံးရှာပါပြီ အဘိုးညီမဆိုပေမယ့် ဘွားလေးလို့မခေါ်ဘဲ အဖေတို့ခေါ်သလို မြေးတွေအကုန်လုံးက အန်တီကြီးဆိုပြီး လိုက်ခေါ်တာ အခုချိန်ထိပါပဲ။
အဘိုးကို သေသေချာချာ မှတ်မိတာ အရေးအခင်းအပြီး ၇နှစ်သမီးလောက့်က စပြီးတော့ သူငယ်တန်းကို ရန်ကုန်မှာနေပြီးတော့ အောင်စာရင်းထွက်တော့ အဖေက မြစ်ကြီးနားတပ် (၅၀၃) ကိုပြောင်းမိန့်ကျတယ် မိသားစုလိုက့် တပျော်ကြီးပြောင်းသွားကြတယ် ဟိုမှာက ပညာရေးက တော်တော်လေးအားနည်းတော့ အဖေက စိုးရိမ်တယ် သူ့ကလေးတွေကို အဲ့ဒါနဲ့ အရေးအခင်းပြီးစမှာ သမီး ၂ယောက်ကို အဘိုးစီအရင်ပို့ထားလိုက့်တယ် အငယ်ဆုံးကလေးက လက်မလွတ်သေးတော့ အမေကအဖေနဲ့နေခဲ့တယ်။
အဘိုးက စည်းကမ်းကြီးတယ် အဖေလည်းစည်းကမ်းကြီးတယ် ဒါပေမယ့် မိဘနဲ့သားသမီးဆိုတော့ လျှော့ရင်းကနေ ကြိုးပြေလာရော အဘိုးအိမ်မှာ ဦးလေးမိသားစုက အတူနေတယ် မမကြီးနဲ့ကိုအောင်ရှိတယ် သူတို့ကလည်း မီးသေတယ် မမကလည်း သေသေဝပ်ဝပ် နေတယ် ကျွန်တော်က ကြွက်လို့ပြောရသလောက့်ကို ကိုယ်လိုချင်တဲ့ ကစားစရာ စာအုပ်တွေ အကုန်မွှေနှောက်ရှာတာပဲ ဘယ်လောက့်ပဲ ငြိမ်ငြိမ်မနေပေမယ့် စာအုပ်ရသွားရင် ထမင်းမေ့ ဟင်းမေ့ ဖတ်နေပါရော အဲ့အရွယ်ထဲက စာအုပ်စဖတ်တက်တာ။
စဖတ်တာကတော့ ရွှေသွေးတို့ တေဇတို့ ကလေးစာစောင်တွေ အဘိုးကသေချာ အစောင်ရေ အမှတ်စဉ်အလိုက့် စာအုပ်ဆိုင်သွားပြီး ချူပ်ပေးထားတာလေ အဲ့ဒါတွေ့ဖတ်လို့ကုန်ရော ရှေ့ဆောင်ဂျာနယ်တွေ ဖတ်တယ် ဂျာနယ်တွေလည်းကုန်ရော စွယ်စုံကျမ်း ၇နှစ်သမီးကိုယ်နဲ့ စွယ်စုံကျမ်းစာအုပ်နဲ့ ရွယ်တူဖြစ်နေတော့ နောက့်ဖေကပြင်မှာ ဖတ်ရင်ဖတ် မဖတ်ရင် ခြံထဲဆင်းဖတ်တာပဲ။
အဘိုးက မျက်စိနောက်အောင် ဆော့လွန်းလို့ စိတ်ဆိုးပေမယ့် စာဖတ်တာကိုတော့ သူအရမ်းသဘောကြတယ် မောင်မောင့်သမီးက စာတော့ဖတ်တက်သားတဲ့ အဘိုးက အပင်စိုက်တာလဲ ဝါသနာပါတယ် လင်မယားနှစ်ယောက်လုံး စိတ်တူကိုယ်တူ စိုက်ထားတဲ့ သီးပင်စားပင်တွေ ခြံထဲအပြည့် ကျွန်တော်တို့ သိတဲ့အရွယ်မှာ ခြံကတဝက်ခွဲရောင်းပြီးပြီး ဒါပေမယ့် အခုခေတ် ပေ၄၀၊ပေ၆၀ ၂ခြံစာလောက့်ရှိတဲ့ အဘိုးခြံက ကျွန်တော်တို့အတွက် ဧယာမကစားကွင်းကြီးပေါ့။
သရက်ပင်၊ပိန္နဲပင်(အိမ်မာ၊အိမ်ပျော့)မာလကာပင်(အူနီ၊အူဖြူ)၊နာနတ်၊ကျွဲကော(အနီသီး)၊ရှောက်ချိုပင်၊
သြဇာပင် မမှတ်မိတော့ဘူး အစုံပဲ ပန်းပင်တွေလဲ အစုံဂမုန်းပန်းတွေ၊သစ်ခွပန်းတွေ၊ ပိတောက်ရော၊ကန့်ကော်ရော တော်တော်စုံတယ် ကန့်ကော်ပွင့်လို့ကတော့ တခြံလုံး မွှေးနေတာပဲ ဒီစာရေးရင်းနဲ့ မျက်ရည်ဝဲမိတယ် အဲ့ဘဝမျိုးကျွန်တော် ပြန်မရနိုင်တော့ဘူးလေ။
ကျွန်တော်ခြံထဲဆင်းရင် အဘွားက မျက်စိဒေါက်ထောက်ကြည့်နေပြီ စားပင်တွေစွတ်တာ သူဘာမှမပြောဘူး သူအမြတ်တနိုးစိုက်ထားတဲ့ ပန်းပင်တွေ ကျွန်တော်က အသုတ်စုံလုပ်ပြစ်တက်လွန်းလို့
အဲ့ကြရင် အဘိုးက ခေါ်ပြောတယ် ပြေရဂာပြေကြောင်း သမီးစားချင်တဲ့ အပင်ခူးစား နင့်အဘွားအပင်တွေတော့ သွားမခူးနဲ့ ကျွန်တော်က လေပြေလေးနဲ့ ဟုတ်ကဲ့ခေါင်းလေးညိမ့်ပြီးတော့ ပြီးရင် လုပ်ချင်တာ လုပ်တော့တာပဲ။
အဘွားက အဖေတို့ ခွင့်ရလို့ လိုက်လာတဲ့အချိန်ကြတော့ တိုင်တယ် အကြီးမက လိမ္မာသလောက် အငယ်မက ပြန်မပြောနားမထောင်တဲ့ ကြွက်လိုပဲ ရှိသမျှစာတွေ ဖွတယ် ဆိတ်လို တစွတ်စွတ်စားတယ်တဲ့
ဟီးးး အဘိုးက စည်းကမ်းနဲ့ကျွေးတာ အကုန်လုံး ထမင်းစားချိန်ဆို ထမင်းဝအောင်စားတယ် ကျွန်တော်က မစားဘူး နေလည်ဗိုက်ဆာရင် ဂျီကျရော နေလည်ဆို မုန့်တခါကျွေးသေးတယ် အဲ့အချိန်မတိုင်ခင် ကျွန်တော်ဗိုက်ဆာရော မမကို ဂျီကျတာပေါ့ မမက စည်းကမ်းရှိတော့ အဖေပေးတဲ့မုန့်ဖိုးတွေ စုထားတယ် မသုံးဘူး သူစုထားတာလေးတွေပေးတယ်။
အိမ်ရှေ့ကနေ ဖြတ်သွားတဲ့ မုန်သည်ကို ခေါ်ဝယ်စားခိုင်းတာ ကျွန်တော်က လမ်းထိပ်က မုန့်ဆိုင်သွားဝယ်စားတယ် မုန့်ဆိုင်က ကလေးလည်းဖြစ်တယ် မျက်နှာစိမ်းလည်းဖြစ်တော့ ဘယ်ကလည်း မေးရော ဟီးးး အဲ့မှာနာမည်ကြီးရော အကြီးဆုံးအမတဝမ်းကွဲ ၈တန်းကျောင်းသူတောင် အဲ့လိုမသွားဘူး ကျွန်တော်က အကြောက့်အလန့်မရှိ သွားခဲ့တော့ အဘိုးက မှတ်ချက်ပေးတယ် မောင်မောင့်သမီးက အာဂကောင်တဲ့။
အဘိုးအိမ်မှာ ၁နှစ်လောက့် နေလိုက့်ရတယ် တိုင်းပြည်ကလဲ ငြိမ်သက်နေပြီ ကျွန်တော်တို့ အိမ်ငှားခဲ့တဲ့ သူတွေကလည်း စည်းကမ်းမရှိတော့ အိမ်ကပျက်စီးကုန်တယ် အဲ့ဒါနဲ့ပဲ အဖေခွင့်တောင်းပြီးတော့ ပြန်ပြောင်းလာတယ် အဘိုးက ဘာပဲပြောပြော အဖေ့ကိုတော့ ချစ်ရှာပါတယ် သူနဲ့သူ့သားကြီးက ဝေဿန္တရာ လက်သစ်တွေဆိုတော့ တော်သေးတယ် ဇနီးတွေသားသမီးတွေတော့ မပေးလို့။
ကျွန်တော်တို့အိမ်ပြန်ရောက်တော့ ဒုတိယတန်းကို ဒုတိယအကြိမ်မြောက် ပြန်တက်ရတယ် ၈၈အရေးအခင်းမှာ တစ်နှစ်နားလိုက့်ရတာပေါ့ အဘိုးက ဦးချစ်တင်မုန့်ဟင်းခါးဆို အရမ်းကြိုက်တယ် တခါတခါ အဘွားလိုက့်လာတက်ပေမယ့် အဘိုးတစ်ယောက်ထဲ လာတဲ့အကြိမ်က ပိုများတယ် အဘိုးလာပြီဆို မုန့်ဟင်းခါးဝယ်တဲ့ တာဝန်က ကျွန်တော့်ဦးလေးနဲ့ ကျွန်တော့်တာဝန် ဦးရဲမရှိရင် ကျွန်တော်ပဲ သွားဝယ်ရတယ် အဘွားပါလာရင် အဘွားက အမေ့ကိုဆူရော အမေကရှင်းပြရတယ် အန်တီရယ်တဲ့ ကားလမ်းမကူးရပါဘူးတဲ့ ပြီးတော့ကျွန်တော်တို့ နေတဲ့လမ်းအဆုံးမှာ လမ်းသွယ်ရှိတယ်လေ အဲ့လမ်းသွယ်လေးဆုံးရင် တအိမ်နှစ်အိမ်ဆို ဦးချစ်တင်ဆိုင်ပဲ သူကအိမ်ဆိုင်ဆိုတော့ တနေ့လုံးရောင်းတယ် ညဘက်မှ သိမ်းတာ။
အဘွားက စိတ်မချဘူး အမေကတော့ စိတ်ချတယ် မဟုတ်ဘူးပေါ့ ကိုယ့်ရပ်ကွက်ဆိုတော့ စောက့်ရှောက့်တဲ့သူ များတယ်လေ ပြီးတော့ ကျွန်တော်နေခဲ့တဲ့ မူကြိုအိမ်ဘေးနားတင် တစ်ခုကောင်းတာက အမေခိုင်းရင် ဟိုဒီမဝင်တက်ဘူး အိမ်ကိုတည့်တည့်မတ်မတ် ပြန်လာတက်တယ် အဘိုးကတော့ ဘာမှမပြောဘူး။
အဘိုးလာရင် ယပ်ခတ်ပေးရတယ် မီးမလာရင် ကောက်ရိုးယပ်တောင် အဝိုင်းကြီးနဲ့ မမနဲ့မောင်လေးက ဒိုင်ခံခပ်ပေါ့ ကျွန်တော်က ခေါင်းကုတ်ပေးရတယ် ခေါင်းကုတ်တာက နဲနဲဘီးတချောင်းနဲ့ ဆော့နေတာ အဘွားတို့ အမေတို့က ဆံပင်ဖြူနှုတ်ခိုင်းတယ် အဲ့အချိန်ဆို ကျွန်တော်ဗျူတီပါလာ ဖွင့်ပြီ ဆံမြီးကျစ်လိုကျစ် ထုံးလိုထုံး စိတ်တိုင်းကျကို ဆော့တော့တာ အဲ့အချိန်က ငရဲကြီးမယ်လို့လည်း မတွေးခဲ့မိဘူး။
ကျွန်တော် ၆တန်းလောက့်မှာ အဘိုးတို့ခြံရောင်းလိုက့်တယ်
ကျောက်မြောင်းကို ပြောင်းသွားတယ် ကျောက်မြောင်း ၅ထပ်တိုက့်ကနေ သူ့သားကြီးစီ လာမြဲလာတာပဲ
အဖေ့ကိုလဲ အိမ်ရောင်းပြီး ကျောက့်မြောင်းမှာနေဖို့ အမြဲပြောတယ် သားသမီးတွေနဲ့ အတူတူနေချင်ရှာတယ်လေ ဦးလေးအလတ်က အဘိုးနဲ့အတူနေတယ် ဦးလေးအငယ်က သိမ်ဖြူမှာဆိုတော့ လမ်းလျှောက်သွားရင်တောင် ရောက်တယ် အဖေကပဲ ဥက္ကလာဆိုတော့ အဘိုးက သူ့အနားမှာ နေစေ့ချင်တယ်။
ကျွန်တော် ၉တန်းနှစ်မှာ ကျောက်မြောင်းကို ပြောင်းဖြစ်တယ် အိမ်မှာပြဿနာတက်တော့ အိမ်ကို ဈေးနှိမ်ရောင်းလိုက့်ရတယ် တိုက့်ခန်းတစ်ခန်း ပြန်ဝယ်နိုင်ပေမယ့် လုံးချင်းအိမ်နဲ့တော့ တော်တော်ကြီး နေထိုင်ရတာ ကွာဟသွားတယ်။
ကျွန်တော်တို့အိမ်က ကျောက်မြောင်းလမ်းထိပ် အဘိုးအိမ်က ကျောက်မြောင်းလမ်းထဲဆိုတော့ အဘိုးအတွက့်အဆင်ပြေသွားတယ် အဘိုးဆန္ဒမပြည့်ရှာပါဘူး သားတွေနဲ့ နီးနီးရှိတော့မှ လေဖြတ်သွားတယ် ညဆိုတချိန်လုံးပန်ကာ ဖွင့်အိပ်တယ် ဘာမီတွန်ကို အမြဲသောက်တယ်
ဆေးမတိုးတော့ဘူး အဘိုးကံလို့ပြောရမှာပဲ အဖေက အဆင်ပြန်ပြေလာတယ် အဘိုးကိုသေချာကုပေးနိုင်လိုက့်တယ် ကျန်တဲ့အချိန်အဖေငဲ့ညှာတာ အပြစ်ပြောခဲ့ပေမယ့် အဘိုးကိစ္စမှာတော့ ကျွန်တော်ဘာမှမပြောရက်ဘူး အဖေ့နေရာမှာ ကျွန်တော်ဆိုလဲ ကုမှာပဲလေ။
SSC မှာတင်တယ် Dr မိမိချိုစီမှာပြတယ် ကျွန်တော်လည်း တော်တော်ပြုစုလိုက့်ရတယ် ကျန်တဲ့သူတွေက အလှည့်ကျအဘိုးကို ပြုစုကျပါတယ် အဘိုးကျွန်တော့်လက့်ကိုကိုင်ပြီး မျက်ရည်ဝဲတော့ တော်တော်ခံစားရတယ် သူသိတယ်လေ မရတော့မှန်း ကျွန်တော်က တက်နိုင်သလောက့် အားပေးတာပေါ့ အဘိုးရယ် ကောင်းသွားမှာပါပေါ့ အဘွားကလည်း မယားကောင်းပီသတယ်။
အဘိုးရှေ့မှာ တချက်မှ မျက်နှာမပျက်ဘူး ကိုသန်းရယ်ကောင်းသွားမှာပါ စိတ်မပူပါနဲ့တဲ့ ဆေးရုံလာရင် သနပ်ခါးအဖွေးသားနဲ့ ညဘက်တောင် သူစောင့်မယ်ဆိုလို့ သားတွေမှာဇွတ်တားရတယ် နာ့(စ်)လဲငှားတာပဲ အိမ်ကလူလည်းရှိတာပဲ ဆိုပြီး ဖျောင်းဖျရတယ် အဘိုးမဆုံးခင် ၁နှစ်ကျော်လုံးလုံး အဘွားပဲပြုစုရတာလေ လေဖြတ်ထားတော့ ချီးအစသေးအဆုံး တခါတခါေါးသထွက်ရင် အဘိုးကအော်သေးတာ အဘွားက ငယ်ချစ်ရော၊ငယ်ကြောက်ရောလေ။
အဘိုးမရတော့ဘူးဆိုတော့ သျှင်ပါကူကို ပြောင်းတယ် ဆေးရုံစရိတ်ကကြီးတော့ ဆရာမကပြောင်းခိုင်းတယ် Dr မိမိချိုသမားကောင်းပီသတယ် နောက့်ဆုံးတော့ အိမ်ကို ပြန်ခေါ်လာတယ် မြေးတွေအနားမှာနေပြီး ခြေဆုပ်လက်နယ်လုပ်ပေးရင် စိုက်ကြည့်ပြီး မျက်ရည်ကျနေရော ပြီးရင်လက့်ကို တင်းနေအောင်ဆုပ်ထားတယ်။
သူ့မြစ်လေးက ၄နှစ်မပြည့်သေးဘူးလေ ရတီကို့အဘိုးကချစ်တယ် အိပ်ယာပေါ်မလဲခင်က ထမင်းစားမယ်ဆို လက်သုတ်ပဝါယူခိုင်းတယ် ပါးစပ်ကို သုတ်ပေးခိုင်းတယ် ခေါင်းကုပ်ခိုင်းတယ် နှိပ်ခိုင်းတယ် ဟိုကမလုပ်တက် လုပ်တက်နဲ့ လုပ်ပေးတာကို သူသဘောကျနေရော။
အခုအချိန် အဘိုးကိုရှိစေချင်တယ် မြေးတွေလည်း အကုန်နီးပါး အိမ်ထောင်ကျကုန်ပြီ သားတွေလည်း မြေးတွေရနေပြီ အဘိုးသာရှိရင် အရမ်းပျော်နေမှာ အဘိုးရောက်ရာ အရပ်မှာ အဆင်ပြေပါစေ သူတော်ကောင်းကို နတ်ကောင်းမပါတယ် အဘိုး အသုဘချတဲ့နေ့က ဦးလေးအငယ်နဲ့ ကျွန်တော်အရင်လိုက့်သွားတယ် အအေးခန်းကထုတ်တော့ အဘိုကိုယ်ကနွေးနေတုန်းပဲ အိပ်နေတဲ့အတိုင်းလေးဗျာ အလောင်းပြင်တဲ့သူက ပြောတယ် တချို့လူမမာ အလောင်းတွေဆို အနံထွက်နေပြီတဲ့ အဘိုးစီက ဘာအနံအသက်မှ မရဘူးလေ အဘိုးလိုသူတော်ကောင်းကို ဘဝဆက်တိုင်း အဘိုးတော်ချင်ပါတယ် ကျွန်တော့်ဆန္ဒပြည့်ဝပါစေ။
အချစ်စစ်
http://favim.com/image/306871/
ဟစ်တလာလို
အာဏာရှင်မဆန်ဘူး
မာသာထရီဇာလို
မေတ္တာရှင်မဟုတ်ဘူး..
ဒါပေမယ့်
အမိန့်ပေးစရာမလိုအောင်
ရို့ကျိုးခတွားခဲ့တယ်
ရောင်ပြန်ဟပ်တာထက်ပိုပြီး
စေတနာတွေတာကျိုးခဲ့တယ်..
မတရားမှု၊တရားမှု
ပေးဆပ်ခြင်း၊ရယူခြင်း
အစွန်းနှစ်ဖက်ကျော်လွန်
အချစ်ဆိုတဲ့ဒုက္ခက
ဂျိုပေါက်၊အတောင်တပ်
ငါ့ရင်ဘက်ကို
စစ်နိုင်သွားတယ်..
ဒဏ်ရာအထပ်ထပ်
စစ်တလင်းမှာ
ငိုကြွေးသံတွေတိတ်ဆိတ်
ရှုံးသူတစ်ယောက်ရဲ့
အပြုံးတစက်တွဲခိုနေတဲ့
နှုတ်ခမ်းတစ်စုံနဲ့
တောက်ပနေတယ်..။
Monday, February 27, 2012
နှင်းဆီ
သဘာဝက
လောကဓံဆိုတာကို
တွန်းလှန်ဖို့
ဆူးဆိုတဲ့လက်နက်ကို
လက်ဆောင်ပေးလိုက်တယ်။
ကျွန်တော်ဆိုတဲ့ကောင်က
အမြင်ဆိုးတယ်ဆိုပြီး
ချွေချခဲ့မိတယ်။
အဆုံးသတ်က
လှပသွားခဲ့ပါတယ်။
Sunday, February 26, 2012
အရွယ်
http://www.derekmccrea.50megs.com/plein-air-paintings.html
အမေ
အချိန်ကြောင့်
တည်ငြိမ်လာတာလား
အရွယ်ကြောင့်
တည်ငြိမ်လာတာလည်း
ကျွန်တော်လူဖြစ်လာတယ်။
အရာရာကို ဂရုမဲ့ပြီး
မနေတက်တော့ဘူး
နတ်ရေကန်ထဲ
မကျသွားပေမယ့်
လူမှန်းကို
သိတက်လာတယ်။
မရတော့မယ့်
အတိတ်ကိုလှည့်မကြည်တော့သလို
မဖြစ်သေးတဲ့
အနာဂတ်ကိုလည်း
မတမ်းတကြေး။
အိမ်မက်တွေကို
ကျဲချပြီးတော့
ကျွန်တော်မာန်ဝင့်တက်ခဲ့ပြီ။
Saturday, February 25, 2012
ဟလို
http://www.wroberts.com.au/html/close-ups_of_paintings/nature_abstract_watercolour_painting_by_wayne_roberts.html
အဲ့ဒီ့ကြိုးကရစ်ဖွဲ့တာ
မဟုတ်ဘူး
ကျွန်တော်ကသာ
ပြန်ချည်နှောင်ခဲ့မိတာ
ဗီဇဆိုတာ
လူတစ်ယောက်စီရဲ့
ပင်ကိုယ်အရည်အသွေး
ကျွန်တော်ဘယ်လောက်ပဲ
ဥပက္ခာပြုနိုင်ပေမယ့်
စကားတခွန်းကြောင့်
အလဲထိုးခံရပြန်တယ်
အမှတ်မရှိတဲ့ရင်ဘက်ကို
ဟလိုဆိုတဲ့
စကားချိုချိုက
ဒေါက်ဖိနပ်နဲ့တက်နင်းပေးတယ်
သံယောဇဉ်ကြီးတဲ့
ကိုယ့်ဘာသာ
အသံတိတ်ဆဲလိုက်တယ် @#$%။
လွတ်မြောက်ခြင်း။
Freedom from Soul!!
လွတ်မြောက်ခြင်း။
Finally i did!!
နောက်ဆုံးမှာ ကျွန်တော် လုပ်နိုင်ခဲ့ပါပြီ။
Some people don't have change for Life, some
people have change but they didn't take.
လူတချို့က ဘဝကို ရွေးချယ်ဖို့ အခွင့်အရေး မရှိခဲ့ဘူး။
တချို့ကတော့ အဲ့ဒီ့အခွင့်အရေးကို အရှုံးအဆုံးခံလိုက်တယ်။
Sometimes I finding exit but I
closed The Exit door.
ဘဝဆိုတာ ဘာမှမဟုတ်ပါဘူး ကျွန်တော်ကသာ ဂျိုတပ် အတောင်တပ်ပြီး လူပျံဖြစ်ချင်ခဲ့မိတာ စိတ်ကူးယဉ်ခဲ့တာပါ ဘဝဆိုတာ အနုအရွ စကားလုံးတွေ တန်ဆာဆင်ထားတဲ့ အချစ်ကဗျာ တစ်ပုဒ်လို ကျွန်တော် ပုံဖေါ်ခဲ့မိတာ သူများ ကန်ရာသီဖွားကတော့ ဘာရယ်ဆိုတာ ကျွန်တော်မသိဘူး ကျွန်တော်ကတော့ မွေးထဲက စိတ်ကူးယဉ်ခဲ့လိုက်တာ အရွယ်တော် တစိတ်ဟိုင်းပြီး သုံးဆယ်ကျော်ထဲ ခြေတဖက်ဝင်ခဲ့တာတောင် စွယ်တော်ရွက်မှာ စာရေးပြီး စာအုပ်ထဲ ညှပ်ထားနေတက်တုန်း။
တကယ်ဆို ကျွန်တော် အသက်မွေးဝမ်းကျောင်း မှားယွင်းနေခဲ့သူ ကွန်ပျူတာရှေ့ထိုင် ကိန်းဂဏန်းတွေ တွက်ချက် အင်တာနက်သုံးနေရတဲ့ ဘဝက ကျွန်တော်နဲ့မှ လားလားမသတ်ဆိုင်တာ အဘိုးဝန်ထမ်း၊ အဖေဝန်ထမ်း၊ အဲ့လိုမျိုးဆက်က အစိုးရရုံးတစ်ရုံးမှာ အောက်တန်းစာရေးလုပ် အားလပ်ချိန် စာလေးဘာလေးရေး စာအုပ်တိုက်လိုက်ပို့ လကုန်ရင် ဟိုဖြတ်ဒီဖြတ် ကျန်ငွေလေး အမေ့ကိုအပ် ဒီလိုပဲ သွားရမှာလေ။
ချွန်ထွက်ပြီးတော့ ဘာကြီးကွ ညာကြီးကွ ဖြစ်ချင်ခဲ့တော့ လူကျမကျဘဲ ခွေးကျကျတော့တာပေါ့ အနီးမမြင်လို့ အဝေးကြီးကြည့်ခဲ့လို့ တံလျှပ်ကို ရေထင်ပြီးတော့ ကိုယ်ခပ်နေတဲ့ လက်ယက်တွင်းကို ခြေဆေးခဲ့သူလို ကယ်ပါယူပါ တဆာဆာ ဖြစ်ရတာ။
ကျွန်တော် အရမ်းအတ္တကြီးတယ် လူတစ်ယောက်မှာ ရှိတဲ့ အတ္တထက်ကိုပိုပြီးတော့ ကျွန်တော်ကြွယ်ဝတယ် ဘယ်အရာကိုမဆို ကျွန်တော့်ကိုကျွန်တော် ရှေ့တန်းတင်ခဲ့တယ် ရလဒ်ကတော့ ကျွန်တော် ဥတစ်လုံး တစ်ကောင်ကြွက်ဖြစ်လာတယ်။
လူဆိုတာ သင့်တင့်လျှောက်ပတ်တဲ့ ပတ်ဝန်းကျင်ရှိရမယ်လေ ကျွန်တော့်အတွက့် ပတ်ဝန်းကျင်ဆိုတာက အပိုသပ်သပ်ဖြစ်နေတယ် လူတွေနဲ့ တရင်းတနှီးဆက်ဆံဖို့ ပညာရပ်က ကျွန်တော်မွေးထဲက ချက်ကြိုးနဲ့အတူ မြေမြုတ်ခဲ့သလား မသိပါဘူး ဒီအချိန်အထိ အဲ့ဒီ့ဘာသာရပ်ကို အောင်မြင်ဖို့ ကျွန်တော်အားမထုတ်ခဲ့မိဘူး။
ဖလော်ပဲပြောပြော ဆိုက်ကိုပဲဆိုဆို ကျွန်တော် လူတွေနဲ့ ဆက်ဆံရမှာ ကြောက်တယ် ဘယ်သူကမှ ကျွန်တော့်ကို ပက်ပက်စက်စက် ကိုယ်ကျိုးနဲအောင် မလုပ်ခဲ့ပေမယ့် သူများအတွက့် ဘာမဟုတ်တဲ့ ကိစ္စသေးသေးက ကျွန်တော့်အတွက် ကမ္ဘာပျက်တာပဲ။ (ကျွန်တော်က အတ္တကြီးတဲ့သူလေ)
ဒီလိုနဲ့ ကျွန်တော့်အဖေ အိုလာပြီ ကျွန်တော့်အမေ အသက်ကြီးလာပြီ သူတို့ အားကိုးရမယ့် ကျွန်တော်က ကမျောက်ကခြောက် ဖြစ်နေတုံးပဲ ကျွန်တော်အတ္တကို ရနိုင်သလောက်သိမ်းပြီး ကျွန်တော်ရုန်းထွက်လိုက့်ပြီ ကျွန်တော်စီးမျောနေတဲ့ ဘဝကနေ ကျွန်တော်နစ်ဝင်ရမယ့် ဘဝဟောင်းစီ။
အဲ့ဒီ့အိမ်မှာ အဖေနဲ့အမေရှိတယ်၊ ကျွန်တော့်မမနဲ့ရတီရှိတယ်၊ ကျွန်တော့်မောင်လေးမိသားစု ရှိတယ်၊ ကျွန်တော် စောင့်ရှောက့်ရမယ့် အဘွားနှစ်ယောက်ရှိတယ် ပုခက်လွဲတဲ့လက်ဖြစ်မှ တန်ဘိုးရှိမှာလား အရိပ်ပေးနိုင်တဲ့ လူတစ်ယောက်ဆိုရင်ရော ပုခက်လွှဲစရာ မလိုတော့ပါဘူး...
အဘွားရေ ကျွန်တော် လူ့ပေါက်ပန်း ပုံပြင်ကို နိဂုန်းချူပ်လိုက်ပါပြီ လူတော်ကြီး မလုပ်ချင်ပါဘူး ကျွန်တော် လူမိုက်မဟုတ်တော့ဘူးဆိုရင် ကျေနပ်ပါပြီ။
Thursday, February 23, 2012
ရက်လည်
အမှတ်သင်ညာ
နည်းပါးလှစွာ
နင့်မှနင် ဖြစ်နေတဲ့
ငါ့မျက်နှာငါ ပြန်မကြည့်ဝံ့လောက့်အောင်
မုန်းတီးပြစ်လိုက့်ချင်တယ်။
ဘယ်ဘဝက
ဆုတောင်းမှားခဲ့တာလား
ဆုတောင်းကောင်းခဲ့တာလား
အညှိုးမကြီးတက်တဲ့
ငါ့ကိုငါ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့
ပေးလိုက်ချင်ပါတယ်။
မွေးသမိခင်က ကင်ပွန်းတက်ပါတယ်
နင့်လို မိန်းမကိုတော့
စိတ်လျှော့လိုက့်ပါပြီတဲ့။
နားလည်ရင်
သတ်မသေရင်တောင်မှ
လူဝတ်လဲပြီးပြီ။
အခါခါစော်ကားခံရလဲ
အကြိမ်ကြိမ်လက်ခံခဲ့တယ်
စကားလုံးမဲ့သွားပါပြီ
ငါ့သမိုင်းကို စာဖွဲ့ဖို့ကို။
နင့်ကို ရေစက်ချ
သပိတ်သွတ်လိုက့်ပါတယ်
ခင်စန္ဒာဝိုင်းဆိုတဲ့... နွားရယ်။
Saturday, February 4, 2012
ခေတ်သစ်နွားပုံပြင်
ကိုယ့်ပတ်ဝန်းကျင်
လူနေမှုဘ၀ကြီးတစ်ခုလုံး ရွှေမိုးငွေမိုး ရွာနေတယ်.. လို့
အထင်ရောက်နေသူကိုတော့ အလယ်ခေတ်လက်တင်ဘာသာစကားနဲ့ Bulla လို့ ခေါ်ပါတယ်။
အဓိပ္ပါယ်ကတော့.... 'နွား' တဲ့။ မင်းခိုက်စိုးစန်။ ။း )
ကျွန်တော်သာ နွားတစ်ကောင်ဆိုရင်
ဘယ်လောက့်ကောင်းလိုက့်မလဲ
ဂျိုပဲဝှက်ဝှက် အမြီးပဲဖွက်ဖွက်
ကျွန်တော့်ဇာတိက နွားပါပဲ...
ခိုင်းနွားတစ်ကောင်မှာ
အထီးအမ ခွဲခြားထားလား
ကျွန်တော့်ကိုကျွန်တော်
အမဆိုတာ လက်ခံထားခဲ့လို့ပါ...
နွားက ဥပုဒ်စောင့်မယ်တဲ့
အဟတ် မြက်စားတဲ့ကောင်က
လူအထင်ကြီးအောင် အော်ပြနေတာ...
ဒီလိုနဲ့ပဲ ဖွက်ထားတဲ့ဂျိုကိုထုတ်
ဝှက်ထားတဲ့ အမြီးကိုလွှတ်ချပြီး
ကျွန်တော် မြက်ပြန်စားရအုံးမယ် အမေ...။
ညဝေးကြယ်။ ။
Thursday, February 2, 2012
ငမွဲ။
ကျွန်တော့်ဘက့်က မှားတာပါ တဒင်္ဂမေ့ထားခဲ့တဲ့ အရွယ်ဆိုတာက ကျွန်တော့်ကို အရိပ်တင်မကဘူး အကောင်ကြီးပါ ချပြတယ်
စီးပွားရှာရမဲ့ အချိန်လေ နိုင်ငံခြားမှာ အလုပ်လုပ်တယ်တဲ့ ရယ်ချင်လိုက်တာ ကုလားခတ်တဲ့ရေ ကုလားသုံးတာနဲ့ ကုန်တယ် ကျွန်တော်လဲ ကျွန်တော်ရှာတဲ့ငွေ ကျွန်တော်သုံးတာနဲ့ ကုန်ခဲ့တာပါပဲ
ပြက္ခဒိန် ဘယ်နှစ်ခု ဆုတ်ဖြဲပြီးပြီလဲ အခုအချိန်အထိ သူ့ဘာသာ နေတဲ့နတ်တောင် ခလုပ်တိုက်ချင်သေးတယ် ငယ်ငယ်က အမေက ပြောပြခဲ့ဘူးတယ် ကျွန်တော့်ကို သားဆုပန်ရုက္ခစိုးစီမှာ တောင်းတာ ရွှေတိဂုံစေတီရဲ့ မြောက်ဘက်စောင်းတန်းနားကပေါ့ အဲ့ညမှာ အိမ်မက်လာပေးတယ်တဲ့ ရုက္ခစိုးက နင်ကလေးလိုချင်နေတာ ရော့ ဆိုပြီး တွံတွေးထွေးချပေးတာတဲ့ ဘယ်လိုဘယ်ပုံဖြစ်ပြီး ကျွန်တော်မိန်းမ ဖြစ်လာခဲ့မှန်း မသိပါဘူး
စိတ်ဓါတ်အရမ်းကျရင် ကျွန်တော် မိန်းမဖြစ်တာကို မုန်းတီးတယ် ဆိုက်ကိုပဲထင်ထင် ဖလော်ပဲပြောပြော အဲ့ဒါ ကျွန်တော့်ခံစားချက် နောက့်ထပ်မုန်းတီးတဲ့ စကားပုံ တစ်ခုရှိသေးတယ် ကြက်ဖတွန်မှ မိုးလင်းတာတဲ့ အမုန်းပေါ်အမုန်းဆင့်စေတဲ့ စကား မိန်းမဖြစ်လို့ ဘာမှ အသုံးမကျရတဲ့အထဲ အရာမရောက်ပါဘူး လာပြောနေသလို ခံစားရတယ်
ဟိုရောက် ဒီရောက် စိတ်တွေကို ထိန်းကျောင်းရင်း ကဗျာလေးတစ်ပုဒ် သွားတွေ့မိတယ်..
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲ့လေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့် ပနံတင့်။ ။
မင်းသုဝဏ်။ ။
ကျွန်တော် အဲ့လိုဘဝလေးကို မက်မက်မောမော ရှိနေခဲတာ့ကြာပါပြီ ငါဆိုတဲ့ အတ္တကိုသာ ရင်ဘက်ထဲ ထည့်ထားရင် ကျွန်တော် ထွက်သွားခဲ့လောက်ပြီ အဲ့လိုလူမွဲ(ငမွဲ) ဘဝမျိုးမှာ နေထိုင်ဖို့အတွက့်
လူဟာ ဘယ်လောက့်ထိ အသက်ရှင်မလဲ
ဘယ်လောက် အများဆုံး ရနိုင်မလဲ
ခုရထားတဲ့ လောကစည်းစိမ်
ဘယ်လောက့် ကြာကြာမြဲမလဲ...
http://www.youtube.com/watch?v=flXl85NYPHY
ဓီရာမိုရ် ရဲ့ ငါ့တို့အိမ် သီချင်းလေး နားထောင်ရင်း ကျွန်တော်ရဲ့ ကပေါက်တိ ကပေါက်ချာ အတွေးတွေကို ကောက်သိမ်းလိုက့်ပါတယ်။
အိပ်ယာဝင်တေး။
လမ်းဘေးမှာ မငိုတော့ပေမယ်
အလွမ်းတေးတော့ ဆိုရအုံးမှာပဲ
ချစ်သူ
နီးစပ်ဖို့အရေး တွေးပျော်ခဲ့ဘူးတယ်
အပြီးမသတ်သေးတဲ့ ဘဝကို
ငါ မေ့လျော့ပြီးတော့
သမုဒ္ဒရာ ဝမ်းတထွာတဲ့
ငါ့မှာ လုံးပမ်းလိုက့်ရတာ
ပြောရှာတယ် မပူပါနဲ့တဲ့
သြော်...
ငါကရှာကြံ ပူတက်သူကြီးကို
တခါတခါ ဘဝဆိုတာကို
ပြာချကြည့်ချင်တယ်
ပူလောင်လွန်းလို့
ဒီလိုနဲ့ပဲ
ငါ့ဆန္ဒ ထိုးထိုးထောင်ထောင်ကို
ချိုးဖဲ့ခေါက်သိမ်း
အိပ်ယာဝင်တေး ဆိုရပြန်အုံးမယ့်။
ညဝေးကြယ်။ ။
အလွမ်းတေးတော့ ဆိုရအုံးမှာပဲ
ချစ်သူ
နီးစပ်ဖို့အရေး တွေးပျော်ခဲ့ဘူးတယ်
အပြီးမသတ်သေးတဲ့ ဘဝကို
ငါ မေ့လျော့ပြီးတော့
သမုဒ္ဒရာ ဝမ်းတထွာတဲ့
ငါ့မှာ လုံးပမ်းလိုက့်ရတာ
ပြောရှာတယ် မပူပါနဲ့တဲ့
သြော်...
ငါကရှာကြံ ပူတက်သူကြီးကို
တခါတခါ ဘဝဆိုတာကို
ပြာချကြည့်ချင်တယ်
ပူလောင်လွန်းလို့
ဒီလိုနဲ့ပဲ
ငါ့ဆန္ဒ ထိုးထိုးထောင်ထောင်ကို
ချိုးဖဲ့ခေါက်သိမ်း
အိပ်ယာဝင်တေး ဆိုရပြန်အုံးမယ့်။
ညဝေးကြယ်။ ။
Subscribe to:
Posts (Atom)