Saturday, August 20, 2016

ပိုးစုန်းကြူးကို လိုချင်တဲ့ ပိုးစုန်းကြူး



ဒီလိုနဲ့ပဲ ကျွန်တော် သီချင်းတွေ ပြန်နားထောင်မိတယ်
ကဗျာတွေ ရေးမိတယ်...


ကျွန်တော်ချစ်ခဲ့တဲ့ စနေကို ကျွန်တော်ကို မုန်းခွင့်ပြုပါစေ..

ခံစားလွယ်တဲ့ ရင်ဘက်ကိုပဲ အပြစ်တင်ရမလား
အမှတ်မရှိတဲ့ ကိုယ့်ကိုကိုယ်ပဲ ဆဲရေးတိုင်းထွာရမလား
အချစ်ဆိုတာကြီးကိုပဲ ဒေါသထွက်ရမလား
အဆုံးသတ်မှာတော့..

ကျွန်တော်က ရင်ဘက်ကိုဟောင်းလောင်းဖွင့် ကောင်းကင်နဲ့ ရန်ဖြစ်ရဲပေမယ့်
ပတ်ဝန်းကျင်ဆိုတာကြီးကိုတော့ အသေကြောက်ပါတယ်..

ကျွန်တော်အသက်တာ သက်တမ်းခေါက်ရိုးကျိုးသွားရတာ ကျွန်တော့်အတ္တတွေက သစ်လွင်စဲပါ..

ပြန်မလာတော့တဲ့သူကို လွမ်းရတာထက် ကျွန်တော့်ဘေးကသူကို မေ့ရတာ ပိုခက်ပါတယ်..

လေးဖြူရဲ့ သံယောဇဉ်သီချင်းကို အကျယ်ကြီးအော်ဆိုပြီး ကျွန်တော် နင်လို့ နာမ်စားသုံးတဲ့သူ့ကို မိုက်မိုက်ရိုင်းရိုင်း ဆဲပြစ်လိုက်ချင်တယ်..

သီချင်းတွေ ပြန်နားထောင်တာ ကဗျာတွေ ရေးဖြစ်တာအတွက့် ကျေးဇူးတင်ပါတယ်
ကျေးဇူးပြု ပြီး
အဲ့နားလေးမှာပဲ
ပုဒ်မနှစ်ချောင်းချသွားပေးပါ

နေ့ကိုလိုချင်တဲ့ ည
ညကိုလိုချင်တဲ့ ပိုးစုန်းကြူး
ကျွန်တော်ကတော့
ပိုးစုန်းကြူးကို လိုချင်တဲ့ ပိုးစုန်းကြူးပဲ ဖြစ်ချင်တယ်။

I am Kyal.