Sunday, May 25, 2014

မေ။



နဂါးမဟုတ်လို့ မီးမမှုတ်ခဲ့ဘူး
ကျားမဟုတ်လို့ သနားခဲ့ပါတယ်
စုန်းမလို့ ပြုစားတက်ရင်တောင်
ပညာကို သိမ်းစည်းထားသူပါ။

အခုတော့ နဂါးမဟုတ်
ကျားမဟုတ်တဲ့ စုန်းမတစ်ယောက်
နင်ဆိုတဲ့ ဂြိုဟ်ဆိုးကို
သုဿာန်မှာ သဂြိုလ်လိုက်ပါပြီ။

တစ်စုံတစ်ယောက်ကို
မျက်ရည်မကျနိုင်လောက်အောင်
မမုန်းချင်ခဲ့ပါဘူး
အခုတော့ လူတစ်ယောက်လျော့သွားရပြီ။

ညဝေးကြယ်။