Thursday, September 5, 2013

အထီးကျန်

 ငါ..
သစ်ရွက်တစ်ရွက်ဖြစ်ခဲ့ရင်တောင်
တစ်ရွက်ထဲ ကြွေပြရမှာလား
မြက်ပင်တစ်ပင်ဖြစ်ခဲ့ရင်တောင်
တစ်ပင်ထဲ အနင်းခံဘဝလား

စွယ်တော်ရွက်မဟုတ်ခဲ့ပေမယ့်
နှစ်ယောက်ပေါင်းပြီး ဘဝတစ်ခုတည်ဆောက်ဘူးပါတယ်
သတိရတယ်ဆိုတာ ဟဟမပြောနိုင်တဲ့ဘဝမှာ
အလွမ်းဆိုတာ အံကျိတ်မြိုချရသူပါ

ဆံပင်ဖြူတစ်ချောင်းတိုးတိုင်း
ခံစားချက်တွေလျော့သွားမယ်ဆိုရင်
တစ်ခေါင်းလုံးဖြူပေးလိုက်မယ့်သူပါ..။

ညဝေးကြယ်