Thursday, June 20, 2013

ထွက်ပေါက်


နောက်ဆုံးအကြိမ်လို့
ပဲ့တင်ထပ်သွားတဲ့
မျက်ရည်တစ်စက်...

နာကျင်ခြင်းနဲ့အတူ
လွတ်လပ်သွားတဲ့
ဘယ်ဘက်ရင်အုံ...

ရပ်တန့်သွားပါလို့
ဆုတောင်းမိတဲ့
တစ်ရာ့တစ်ကြိမ်မြောက် ခံစားချက်...

မယုံကြည်တော့တဲ့
နယူတန်ရဲ့ နိယာမ...

တဖွဲဖွဲပြိုကျနေတဲ့
မျှော်လင့်ချက်...

စိတ်ကူးတွေကို
တအားဆောင့်ကန်လိုက်ပါတယ်...

တကယ်တော့
ကျွန်တော်ဆိုတာ
ခလုပ်တစ်ခုသာ...။

ညဝေးကြယ်။