Thursday, May 9, 2013

အလွမ်း


ကံကြမ္မာဆိုတာ လူတစ်ယောက် ပျော်ရွှင်ကြည်နူးနေတဲ့ 
အချိန်မှာ နောက်တစ်ယောက် ကြေကွဲနေရတာများလား...
အပါယ်ခံ လူတစ်ယောက်ရဲ့ခံစားချက်ကို ဘယ်သူကများ 
တယုတယသိမ်းဆည်းထားချင်မှာလဲ...
နင်မချစ်ခဲ့ပေမယ့် ငါ့ကိုယ်ငါ ပိုချစ်ပေးခဲ့ပါတယ် 
နင်တန်ဘိုးမထားခဲ့ပေမယ့် ငါ့ကိုယ်ငါ ပိုမြတ်နိုးခဲ့ပါတယ်...
အဲ့လောက်ခံစားတက်မှန်းသိခဲ့ရင် အချစ်ဆိုတာကို တားစီးဖို့ အစွမ်းကုန်ကြိုးစားခဲ့မိမှာပါ...
ကံကြမ္မာကို စီးချင်းထိုးဖို့ အခုချိန်မှာ အချိန်နှောင်းခဲ့တာ...
ခံစားချက်ဆိုတာ တားစီးလို့မရခဲ့ပေမယ့် နာကျင်ခြင်းကို သိုဝှုက်ခဲ့ပါတယ်...
တနေ့တော့ အလွမ်းတွေ ငါ့ကောင်းကင်ကနေ ပြိုကျသွားမှာပါ...
ညဝေးကြယ်။