Sunday, January 6, 2013

Pretended


ကျွန်တော် လုပ်နိုင်မယ်လို့ ယုံကြည်ခဲ့သမျှကို အခုတော့ မဖြစ်နိုင်ဘူးဆိုတာ သေချာသိလိုက့်ပါပြီ...

ဒီအချိန်မှာ ဘာဖြစ်ချင်လဲလို့ တစ်ယောက်ယောက်မေးခဲ့ရင် ကျွန်တော်ဖြေချင်တာတစ်ခုက ဘာမှမလိုချင်တော့ဘူးဆိုတဲ့ စကားတစ်ခွန်းပြောချင်တယ်...

ကျွန်တော်ဆိုတဲ့ နာမည်၊ ကျွန်တော်မိသားစုဆိုတာရယ် ပတ်ဝန်းကျင်ဆိုတာရယ် အကုန်လုံးဗျာ လူတစ်ယောက်ရပ်တည်ဖို့ လိုအပ်တဲ့ နေရာဒေသ ပတ်ဝန်းကျင် အဲ့ဒီလူကို ထိန်းချူပ်နိုင်တဲ့ ဘာသာတရား အကုန်လုံးကို ကျွန်တော် မရှိစေချင်တော့ဘူး ကျွန်တော်ဆိုတဲ့ လူတစ်ယောက်ရဲ့ ပစ္စုပ္ပန်မှာ...

" Well, thanks for hurting me. I will just pretend that i am fine "

“ ကျွန်တော် အဆင်ပြေပါတယ်ဆိုတဲ့ ” စကားလုံးကို အကြိမ်များစွာ ပြောခဲ့ပြီးပြီ ဒီအချိန်မှာတော့ ကျွန်တော် ဟန်မဆောင်နိုင်တော့ဘူး ထပ်ပြီးတော့ တစ်ခါလောက်တောင် ကျွန်တော် ဟန်မဆောင်နိုင်တော့ဘူး...

ဒီအချိန်မှာ ကျွန်တော်ပြောချင်တာက “ လူတွေနဲ့ ဝေးဝေးမှာ နေပါရစေ ” ဘယ်သူမှ မလိုချင်တော့ဘူးဗျာ တက်နိုင်ရင် လူဖြစ်တဲ့ ကိုယ်ဘာသာတောင် ခပ်ဝေးဝေးနေချင်မိတယ်...

ဘဝမှာ အရာအားလုံး ကြုံခဲ့ပြီးပြီ အချစ်၊အလွမ်း၊ရယူတာ၊ပေးဆပ်တာ၊အောင်မြင်တာ၊ကျရှုံးတာ အရာအားလုံးက ရွှေရည်စိမ်ထားတာပါ တစ်ချိန်မှာတော့ အရောင်ပျယ်သွားကြတာပါပဲ...

အခုလည်း ကျွန်တော်ဆိုတဲ့ လူတစ်ယောက် အရောင်ပျယ်သွားခဲ့တာပါ...

ညဝေးကြယ်။