Sunday, December 15, 2013

အဖြူသက်သက်။



သေချာခြင်းဆိုတဲ့ အသိတစ်ခုက
လူတစ်ယောက်ကို ရပ်တန့်သွားစေနိုင်တယ်
သူပိုင်ဆိုင်တဲ့အရာအားလုံး
သူယုံကြည်နေတဲ့အိမ်မက်အားလုံး...

တကယ်တော့ စွန့်လွှတ်တယ်ဆိုတာ
ရယူခြင်းနဲ့စည်းတဖက်ခြားထားတာပါ ချစ်သူ
ငါ နင့်ကိုအချိန်မရွေး
ငြိတွယ်နေအုန်းမှာပါ...

ငါဆိုတာအဖြည့်ခံသက်သက်မှန်း
သိလိုက်ရချိန်မှာ
ငါမပိုင်ဆိုင်နိုင်တော့တဲ့အချစ်ကို
အဝေးကနေစောင့်ရှောက်သွားမှာပါ...။

ညဝေးကြယ်

Saturday, November 23, 2013

Thursday, September 5, 2013

အထီးကျန်

 ငါ..
သစ်ရွက်တစ်ရွက်ဖြစ်ခဲ့ရင်တောင်
တစ်ရွက်ထဲ ကြွေပြရမှာလား
မြက်ပင်တစ်ပင်ဖြစ်ခဲ့ရင်တောင်
တစ်ပင်ထဲ အနင်းခံဘဝလား

စွယ်တော်ရွက်မဟုတ်ခဲ့ပေမယ့်
နှစ်ယောက်ပေါင်းပြီး ဘဝတစ်ခုတည်ဆောက်ဘူးပါတယ်
သတိရတယ်ဆိုတာ ဟဟမပြောနိုင်တဲ့ဘဝမှာ
အလွမ်းဆိုတာ အံကျိတ်မြိုချရသူပါ

ဆံပင်ဖြူတစ်ချောင်းတိုးတိုင်း
ခံစားချက်တွေလျော့သွားမယ်ဆိုရင်
တစ်ခေါင်းလုံးဖြူပေးလိုက်မယ့်သူပါ..။

ညဝေးကြယ်

Monday, July 8, 2013

Thursday, June 20, 2013

ထွက်ပေါက်


နောက်ဆုံးအကြိမ်လို့
ပဲ့တင်ထပ်သွားတဲ့
မျက်ရည်တစ်စက်...

နာကျင်ခြင်းနဲ့အတူ
လွတ်လပ်သွားတဲ့
ဘယ်ဘက်ရင်အုံ...

ရပ်တန့်သွားပါလို့
ဆုတောင်းမိတဲ့
တစ်ရာ့တစ်ကြိမ်မြောက် ခံစားချက်...

မယုံကြည်တော့တဲ့
နယူတန်ရဲ့ နိယာမ...

တဖွဲဖွဲပြိုကျနေတဲ့
မျှော်လင့်ချက်...

စိတ်ကူးတွေကို
တအားဆောင့်ကန်လိုက်ပါတယ်...

တကယ်တော့
ကျွန်တော်ဆိုတာ
ခလုပ်တစ်ခုသာ...။

ညဝေးကြယ်။

Thursday, May 9, 2013

အလွမ်း


ကံကြမ္မာဆိုတာ လူတစ်ယောက် ပျော်ရွှင်ကြည်နူးနေတဲ့ 
အချိန်မှာ နောက်တစ်ယောက် ကြေကွဲနေရတာများလား...
အပါယ်ခံ လူတစ်ယောက်ရဲ့ခံစားချက်ကို ဘယ်သူကများ 
တယုတယသိမ်းဆည်းထားချင်မှာလဲ...
နင်မချစ်ခဲ့ပေမယ့် ငါ့ကိုယ်ငါ ပိုချစ်ပေးခဲ့ပါတယ် 
နင်တန်ဘိုးမထားခဲ့ပေမယ့် ငါ့ကိုယ်ငါ ပိုမြတ်နိုးခဲ့ပါတယ်...
အဲ့လောက်ခံစားတက်မှန်းသိခဲ့ရင် အချစ်ဆိုတာကို တားစီးဖို့ အစွမ်းကုန်ကြိုးစားခဲ့မိမှာပါ...
ကံကြမ္မာကို စီးချင်းထိုးဖို့ အခုချိန်မှာ အချိန်နှောင်းခဲ့တာ...
ခံစားချက်ဆိုတာ တားစီးလို့မရခဲ့ပေမယ့် နာကျင်ခြင်းကို သိုဝှုက်ခဲ့ပါတယ်...
တနေ့တော့ အလွမ်းတွေ ငါ့ကောင်းကင်ကနေ ပြိုကျသွားမှာပါ...
ညဝေးကြယ်။


Monday, February 25, 2013

Last Chance!!


Love is a Cycle

အချစ်ဆိုတာ စက်ဝိုင်းတစ်ခုလို လည်ပတ်နေတာ...

When you Love,

ကျွန်တော် လူတစ်ယောက်ကို ချစ်မိသွားသောအခါ...

You get Hurt.

ကျွန်တော် နာကျင်ခြင်းခံစားရတာပေါ့။

When you get Hurt,

ကျွန်တော် နာကျင်ခြင်းကို ခံစားရတော့...

You Hate.

အမုန်းဆိုတာကို ခံတပ်လုပ်ခဲ့တယ်။

When you get Hate,

ကျွန်တော် လူတစ်ယောက်ကို မုန်းမိတော့...

You try to Forget.

မေ့ပြစ်ဖို့ ကြိုးစားခဲ့တာပေါ့။

When try to Forget,

ကျွန်တော် ၆လကျော်တိုင် မေ့ပြစ်ဖို့ ကြိုးစားခဲ့ပါတယ်...

You start Missing.

လွမ်းတဲ့စိတ်ကို မဖြေသိမ့်နိုင်ခဲ့ပါဘူး။

And when you start missing...

ကျွန်တော် သတိရစိတ်လေး တစ်ခုရဲ့ တွန်းအားနဲ့...

you'll eventually Fall in Love again.

ဖုန်းခေါ်ခဲ့မိတယ် ကျွန်တော် တကယ်ချစ်ခဲ့ရတဲ့သူပါ။


နောက်ဆုံးအကြိမ် ကျွန်တော့်ကိုယ်ကျွန်တော် အခွင့်အရေးတစ်ခု ပေးခဲ့ပါတယ် ဒါပေမယ့်...





ကံကြမ္မာဆိုတဲ့ ဒြပ်မဲ့တစ်ခုက ကျွန်တော်ဆိုတဲ့ ဒြပ်ရှိတစ်ကောင်ကို မျက်နှာလွှဲခဲ့တယ် တချိန်က ယုံကြည်မှုတစ်ခုနဲ့ အချစ်ကို ကျွန်တော် တည်ဆောက်ခဲ့တယ်...

ဒါပေမယ့် ပြိုကွဲသွားခဲ့တယ်။

အခုအချိန်မှာ ပြိုကွဲသွားတဲ့ ယုံကြည်မှုကို မျှော်လင့်ချက်နဲ့ အစားထိုး တည်ဆောက်မယ်လို့ ကျွန်တော်စိတ်ကူးထားခဲ့တယ်...

ဒါပေမယ့်  ကျွန်တော့်အိမ်လေး မဆောက်ခင်က ပြိုလဲသွားတယ်။

လူတစ်ယောက်ကို ကံကြမ္မာက ဘယ်နှစ်ကြိမ် အခွင့်အရေးပေးလဲ ကျွန်တော်မသိပါဘူး...

ကျွန်တော်ကိုယ်ကျွန်တော် အခွင့်အရေး အခါခါ ပေးခဲ့သူပါ...

ဒါပေမယ့် ကျွန်တော်ကျရှုံးခဲ့ရတယ် ဒီတစ်ကြိမ်တော့ ကျွန်တော် အရှုံးပေးလိုက်ပါပြီ။

တကယ်တော့ အချစ်ဆိုတာ ကျွန်တော့်အတွက်တော့ ငရဲတမျှပါ။

ညဝေးကြယ်။


Sunday, February 3, 2013

Sunday, January 6, 2013

Pretended


ကျွန်တော် လုပ်နိုင်မယ်လို့ ယုံကြည်ခဲ့သမျှကို အခုတော့ မဖြစ်နိုင်ဘူးဆိုတာ သေချာသိလိုက့်ပါပြီ...

ဒီအချိန်မှာ ဘာဖြစ်ချင်လဲလို့ တစ်ယောက်ယောက်မေးခဲ့ရင် ကျွန်တော်ဖြေချင်တာတစ်ခုက ဘာမှမလိုချင်တော့ဘူးဆိုတဲ့ စကားတစ်ခွန်းပြောချင်တယ်...

ကျွန်တော်ဆိုတဲ့ နာမည်၊ ကျွန်တော်မိသားစုဆိုတာရယ် ပတ်ဝန်းကျင်ဆိုတာရယ် အကုန်လုံးဗျာ လူတစ်ယောက်ရပ်တည်ဖို့ လိုအပ်တဲ့ နေရာဒေသ ပတ်ဝန်းကျင် အဲ့ဒီလူကို ထိန်းချူပ်နိုင်တဲ့ ဘာသာတရား အကုန်လုံးကို ကျွန်တော် မရှိစေချင်တော့ဘူး ကျွန်တော်ဆိုတဲ့ လူတစ်ယောက်ရဲ့ ပစ္စုပ္ပန်မှာ...

" Well, thanks for hurting me. I will just pretend that i am fine "

“ ကျွန်တော် အဆင်ပြေပါတယ်ဆိုတဲ့ ” စကားလုံးကို အကြိမ်များစွာ ပြောခဲ့ပြီးပြီ ဒီအချိန်မှာတော့ ကျွန်တော် ဟန်မဆောင်နိုင်တော့ဘူး ထပ်ပြီးတော့ တစ်ခါလောက်တောင် ကျွန်တော် ဟန်မဆောင်နိုင်တော့ဘူး...

ဒီအချိန်မှာ ကျွန်တော်ပြောချင်တာက “ လူတွေနဲ့ ဝေးဝေးမှာ နေပါရစေ ” ဘယ်သူမှ မလိုချင်တော့ဘူးဗျာ တက်နိုင်ရင် လူဖြစ်တဲ့ ကိုယ်ဘာသာတောင် ခပ်ဝေးဝေးနေချင်မိတယ်...

ဘဝမှာ အရာအားလုံး ကြုံခဲ့ပြီးပြီ အချစ်၊အလွမ်း၊ရယူတာ၊ပေးဆပ်တာ၊အောင်မြင်တာ၊ကျရှုံးတာ အရာအားလုံးက ရွှေရည်စိမ်ထားတာပါ တစ်ချိန်မှာတော့ အရောင်ပျယ်သွားကြတာပါပဲ...

အခုလည်း ကျွန်တော်ဆိုတဲ့ လူတစ်ယောက် အရောင်ပျယ်သွားခဲ့တာပါ...

ညဝေးကြယ်။