Wednesday, November 28, 2012

ပြဿဒါး


ကောင်းတာလည်း
မလုပ်ခဲ့ဘူးပါဘူး
ကောင်းတာလုပ်ရင်
ရက်ရာဇာတဲ့
ကောင်းတာမလုပ်ခဲ့တဲ့
ကျွန်တော်လို့ကောင်အတွက့်
ပြက္ခဒိန်မှာ
ရက်ရာဇာပျောက်နေတယ်
ခပ်ညံ့ညံ့အတွေးအခေါ်ကို
ချောင်ထဲနာနာထိုးသိပ်ထားပေမယ့်
ကံကောင်းခြင်းက
လမ်းပျောက်နေပြန်ရော
လမ်းညွှန်သံလိုက်အိမ်မြှောင်က
ခက်ထက်ထက်တရုပ်အပေါင်ဆိုင်မှာ
အိပ်ပျော်နေတာလား
ကျွန်တော့်လိုကောင်အတွက့်
လက်ခုပ်တီးနေသလား
ကြေမွနေတဲ့အတွေးတွေကို
ကဗျာကသီဖြန့်ပြီး
တမိုးချူပ်မယ့်အိပ်တန်းစီ
ခေါင်းငိုက်ဆိုက်ပြန်ခဲ့ရတယ်........။

ညဝေးကြယ်။

တနေ့တော့