Friday, May 18, 2012

ကိုယ့်အကြောင်းရေတဲ့ ကဗျာ။ (Bee Thoven)


မျက်လုံးနဲ့ မတော်တဲ့
အမြင်တွေ တပ်ပြီး
ပါးစပ်နဲ့ မတော်တဲ့
စကားလုံးတွေ သုံးလို့ …… ၊

ခေါင်းနဲ့ မတော်တဲ့
အတွေးအခေါ်တွေ ၀တ်ပြီး
လမ်းနဲ့ မတော်တဲ့
ခြေထောက်တွေ စီးလို့  …… ၊

ခြေသံ မလုံတဲ့
ဥပေက္ခာတစ်စုံနဲ့ 
လောကကို ဧည်ဝတ်ပြုခဲ့တယ်
( ရနံ့ တွေ စိုရုံ ၊ ဆွတ်ရုံ ) ………. ။

By: Bee Thoven

http://www.facebook.com/photo.php?fbid=379787198723362&set=a.181856311849786.34689.100000762550368&type=1&theater 

FB က ကျွန်တော် Friend ကဗျာဆရာ ရေးထားတဲ့ ကဗျာပါ ကျွန်တော် ခွင့်မတောင်းခဲ့ပဲ Blog မှာ ပြန် Share ထားတာပါ မျက်လုံးနဲ့ မတော်တဲ့ ခေါင်းနဲ့ မတော်တဲ့ ခြေသံမလုံတဲ့ ကျွန်တော်လိုကောင်အတွက် အရမ်းကို ထိရှမိပါတယ်...။ Bee Thoven ရေ ကျေးဇူးပါ ခင်ဗျာ။

a sin pyay par say (အဆင်ပြေပါစေ) guitar cover

Thursday, May 10, 2012

အိမ်။



အိမ်
ပလပ်စတစ် အကြည်သားပေါ်
တိမ်တွေ ရေးဆွဲချလိုက်ပြီး
တိမ်အိမ်လေးဆောက်ကာ ၀င်လိုက်မိ
ဘယ်လိုမှ ပြန်ထွက်မရတော့ဘူး။ ။
(မောင်ချောနွယ်)