Saturday, December 8, 2012

လူ။


ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ်
လောဘသတ်ခိုက် ………
ရှေ့မှာတပွင့်၊ လွယ်လင့်တကူ
ယူ၍ရခိုက်၊ ခူးလိုက်မိပြန် …………….
ပြန်မှပြန်မှ၊ သတိရနေ
ခြေကမလှည့်၊ တည့်တည့်စိုက်စိုက်
လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး
ခူးပြီးတစ်ရာ၊ အခွင့်သာခိုက်
ရရာအားလုံးဆွတ်ချင်သူ….
လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ်
စိတ်မတင်းတိမ်၊ အိမ်မပြန်သေး
ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ
မက်မောနေပြန်၊ လှည့်မပြန်မိ….
ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း
တစ်ယောက်ထဲသာ သောက်ချင်သည် ………

မောင်စိန်ဝင်း (ပုတီးကုန်း)

Wednesday, November 28, 2012

ပြဿဒါး


ကောင်းတာလည်း
မလုပ်ခဲ့ဘူးပါဘူး
ကောင်းတာလုပ်ရင်
ရက်ရာဇာတဲ့
ကောင်းတာမလုပ်ခဲ့တဲ့
ကျွန်တော်လို့ကောင်အတွက့်
ပြက္ခဒိန်မှာ
ရက်ရာဇာပျောက်နေတယ်
ခပ်ညံ့ညံ့အတွေးအခေါ်ကို
ချောင်ထဲနာနာထိုးသိပ်ထားပေမယ့်
ကံကောင်းခြင်းက
လမ်းပျောက်နေပြန်ရော
လမ်းညွှန်သံလိုက်အိမ်မြှောင်က
ခက်ထက်ထက်တရုပ်အပေါင်ဆိုင်မှာ
အိပ်ပျော်နေတာလား
ကျွန်တော့်လိုကောင်အတွက့်
လက်ခုပ်တီးနေသလား
ကြေမွနေတဲ့အတွေးတွေကို
ကဗျာကသီဖြန့်ပြီး
တမိုးချူပ်မယ့်အိပ်တန်းစီ
ခေါင်းငိုက်ဆိုက်ပြန်ခဲ့ရတယ်........။

ညဝေးကြယ်။

တနေ့တော့

Saturday, October 20, 2012

အလွမ်းဇာတ်




အချိန်ဆိုတာ အကောင်းဆုံး သမားတော်
ဒါပေမယ့် တချို့အရာတွေကို
အချိန်ဆိုတာက မကုစားပေးနိုင်ဘူး
ကျွန်တော့်ကို သစ္စာဖောက်တဲ့
အရင်းနှီးဆုံးနှလုံးသားကို
ဘယ်လိုပုဒ်မနဲ့ ခုံရုံးတင်ရမလဲ?
ပြီးပါပြီ။
အဲ့ဒီ့စကားလုံးကို
တစ်လုံးခြင်းပြောပြချင်တယ်
ကိုယ့်ရင်ဘက်ကို ငုံကြည်းရင်းနဲ့
လွမ်းတာကို နာတာနဲ့ဖြေရတယ်
အသက်နဲ့ရင်းခဲ့ရထက် ပိုမနာနိုင်ဘူးလား?
ခပ်ကြမ်းကြမ်းဆွဲထုတ်ပြီး
အက်စစ်နဲ့ဆေးပြစ်ချင်တယ်
ရင်ဘက်က ဒဏ်ရာနက်နက်ကို
မတန်ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လည်ချောင်းကွဲသွားအောင် အော်ပြောချင်တယ်
တစ်ခါသေပြီးပြီ
နောက့်တစ်ကြိမ် နောက့်တစ်ကြိမ်
ဘဝဇာတ်ခုံက ဇာတ်ညွှန်းဆရာရယ်
ကျွန်တော့်ကို သနားပါ..............................................................................။

ညဝေးကြယ်။


Wednesday, October 17, 2012

ပြီးပါပြီ။




တားဆီးလို့မရတာ ခံစားမှုတဲ့
  ဒီအတိုင်းလေး လွှတ်ပေးထားလိုက့်ပါတယ်
ရင်ဘက်ထဲမှာ ရှိနေဆဲ လူတစ်ယောက်ကို...

အရင်းနှီးဆုံး နှလုံးသားက 
သစ္စာဖောက်တာကို
အပြုံးနဲ့ ထိုင်ကြည့်နေရတဲ့ ကောင်...

ပြီးပါပြီ။

အဲ့ဒီ့စာတမ်းကို ကျွန်တော့်ရင်ဘက်မှာ တက်တူးထိုးချင်တယ်။

ညဝေးကြယ်။