Friday, November 25, 2011

Sunday, November 20, 2011

Real Live

အခု လက်ရှိဘဝကြီးကို တော်တော်စိတ်ကုန်နေမိတယ် မနက်နေခေါင်းပေါ်ရောက်ခါနီးမှ အိပ်ယာထ ရေချိုး လာကြိုတဲ့ ရုံးကားပေါ်တက် အလုပ်လာ အလုပ်ရောက်ရင် Internet ဝင် လုပ်ချင်တာလုပ် မလုပ်ချင်လဲ အလုပ်လုပ် ပြီးရင် ထမင်းစား ၁၀နာရီထိုးကာနီးမှ Bank in သွင်း ပြီးရင် အိမ်ပြန် ညစာစားချင်ရင် စားတယ် မစားချင်ရင်မစားဘူး ပြီးရင် Internet ဝင် နေမကောင်းရင် စောစောအိပ်ရင် ည ၁၂ နာရီ ရယ်ခဲ့မိပါတယ် ဘဝဆိုတာကြီးက နတ္ထိကြီးပါလားဆိုပြီးတော့..။

အဲ့လို စက်ရုပ်တရုပ်လို အချိန်ဇယားတွေအောက်မှာ လုပ်နေတာတောင် ၄ နှစ်ဆိုတဲ့အချိန် ရောက်လာတယ် ဗလာကြီးပဲ ရုပ်ဝတ္တုကြည့်မလား စိတ်ခံစားချက်ကြည့်မလား (Blog ရေးနိုင်တာကတော့ အမြတ်တစ်ခု ရှိပါတယ်) သူငယ်ချင်းကပြောတယ်...


“ စိတ်ကူးမလွဲနဲ့နော် မဝိုင်း
  ဒီလိုမျိုးမီးမှန် ရေမှန်နဲ့နေရပြီး အဲယားကွန်းခန်းထဲမှာ 
  အင်တာနက် အလကားပေးသုံးပြီး 
  ကွန်ပြူတာလေးကို ဂျောက်ဂျက်မြည်ရုံ ရိုက်ရုံနဲ့
  တစ်လကို လေးငါးသိန်းမျိုးဆိုသလိုရတာမျိုးက
  ရှေးဘဝ ဘဝက ကုသိုလ်ပါပေလို့နော့
  မဝိုင်းရယ်  အားကျလိုက်တာပ။ ”

ကျွန်မ သူ့ကို ပြန်ပြောမိတာက “ money is everything but money cant get healthly and happily right
 i wann get poor live cuz dont have stress and any pressure , force :) ” 

ဆင်းရဲသားဘဝက လူသာဆင်းရဲတယ် စိတ်ချမ်းသာတယ် 
ထမင်းတော့ ငတ်တယ် သတ်သေမယ့် အတွေးမျိုးမရှိဘူး 
မီးမရှိဘူး ဖယောင်းတိုင် တစ်တိုင်ခြင်းဝယ်သုံးမယ် 
ရေမရှိဘူး ကိုယ်တိုင်ခပ်သုံးမယ် 
Aircon မရှိဘူး ယပ်ခတ်နေမယ် 
Internet မရှိဘူး ရက်ကွပ် Video ရုံသွားမယ် 
Computer မရှိဘူး ရပ်ကွက်ထဲက သတင်းက Connection ကျလဲ သိရတယ် 
တစ်လ ၄၊၅ သိန်းရလဲ ထမင်း နှစ်နပ်စားပြီး ကျောတစ်နေရာစာ အိပ်ရတာပဲ 
နေ့စားလုပ်ရလဲ ထမင်း နှစ်နပ်စားပြီး ကျောတစ်နေရာစာ အိပ်ရတာပဲ
စားတဲ့ အစားအစာခြင်းတော့ တူမယ် နောက်ဆုံးဝမ်းပြည့်ဖို့က အဓိကပါပဲ...။

ငယ်တုန်းက စကားတစ်ခွန်းရှိတယ် သူငယ်ချင်းတွေ နောက်နောက်ပြောင်ပြောင် ပြောမိတာ နေတက်ရင် ကျေနပ်စရာကြီးပါတဲ့ တကယ်ပါ ဘဝမှာ နေတက်ရင် ဘယ်နေရာမဆို အဆင်ပြေပါတယ် အဲ့ဒါကို တစ်ဘဝ တစ်ခန္ဓာကို မွန်းမံနေမိတဲ့ ကိုယ့်အပြစ်တွေပါ..။

တခါတလေကျရင် အတိတ်ကို ပြန်သွားကြည့်မိတယ် အဲ့လိုပြန်သွားမိရင် လက်ရှိအချိန်လေးကို နှစ်သက်စွာ မက်မောမိတယ် အတိတ်မှာ ပျော်ရွှင်စရာတွေ နာကျင်စရာတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်လို ပြန်မရနိုင်ဘူးလေ စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို အားပေးချင်တယ် ကျွန်မ Blog ကို ဝင်ဖတ်ကြည့်ပါ ခဏခဏ ဘဝဆိုတာကြီးကို ကျောခိုင်းချင်ခဲ့ပါတယ် ဒါပေမယ့် ကျွန်မခုအချိန်ထိ တည်ရှိနေသေးတယ်လေ..။

ဘာဖြစ်လို့ကျွန်မ အသက်ရှင်နိုင်သေးလဲဆိုတော့ အဲ့ဒီ့အချိန်မှာ ကမ္ဘာပျက်လောက့်တဲ့ ခံစားချက်တွေမှာ စက္ကန့်လေးတစ်ချက် ရွေ့သွားတာနဲ့ ခံစားမှုလဲ ပြောင်းလဲသွားတယ်လေ လီမွန်တီး ပုံပြင်လေး ဖတ်ဖူးခဲ့ရင် နားလည်မှာပါ ကောင်းမွန်တဲ့ လီမွန်တီးတစ်ခွက်ရဖို့ အချိန် ၁၂ နာရီစောင့်ရသလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်အတွက့် အချိန် ၁၂ နာရီလောက့်စောင့်လိုက့်ပါ အတိတ်က ၁၂ နာရီမှာ ကမ္ဘာကြီးပျက်သွားမယ့် ခံစားမှုက ပစ္စုပန် အချိန်မှာ ကမ္ဘာသစ်တစ်ခု တည်ဆောက်နိုင်မှာပါ..။

ဘယ်လောက့်သေးငယ်တဲ့ အမှုပဲ ဖြစ်နေပါစေ အချိန်ဆိုတာကို စောင့်ပေးလိုက့်ပါ အချိန်ဆိုတာ အကောင်းဆုံးသမားတော်တဲ့ အဲ့စကားပုံလေးက ကျွန်မအတွက့် နတ်ပေးတဲ့ဆေးတစ်ပါးပါ ခဏခဏလဲကျတက့်တဲ့ ကျွန်မအတွက့် အချိန်ဆိုတဲ့ သမားတော်ကြီးက ကုသပေးခဲ့တာ ဘဝတစ်လျှောက်လုံးပဲလေ..။

ဆရာတော် အရှင်ဆေကိန္ဒ တရားပွဲတစ်ခုမှာ ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်း ကျွန်မအမြဲ မှတ်သားထားတယ် ကိုယ်နဲ့တန်မှ ရတာပါတဲ့။ ကျွန်မကတော့ တစ်ခုခုကို ဆုံးရှုံးခဲ့ရင် ငါနဲ့မတန်လို့ဆိုတဲ့ အတွေးမျိုးတွေးလိုက့်ပါတယ် ငါအဲ့ဒီ့အရာကို ထိုက်တန်ဖို့ လိုနေသေးတာလို့ ကိုယ့်ဘာသာ နှစ်သိမ့်လိုက့်တယ် အဲ့လို့နှစ်သိမ့်မိတဲ့ ကျေးဇူးက နောက့်ထပ်ရလာတဲ့ အရာက ကျွန်မလိုချင်ခဲ့တဲ့အရာထက် ပိုပြီးတန်ဘိုးကြီးတဲ့ ကျွန်မပိုပြီးမြတ်နိုးတဲ့ အရာဖြစ်နေခဲ့တယ် ပါရမီ၊ရေစက်ဆိုတာက တားဆီးမရနိုင်တဲ့အရာတွေပါ..။

အတိတ်မှာ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ အနာဂတ်ဆိုတာကြီး ဘယ်လောက့်ပဲ လှပနေပါစေ ပစ္စုပန်ဆိုတဲ့ လက်ရှိအချိန်လေးက ကိုယ့်အတွက့် တကယ့်ဘဝလေးပါ အဲ့ဒီ့တော့ ပစ္စုပန်အချိန်မှာ ဘယ်လောက့်ပဲ ရှုံးနိပ်နေပါစေ ၁၂နာရီကျော်ရင် အဲ့ဒီ့အရှုံးက အတိတ်ဖြစ်သွားပြီလေ ကိုယ်နဲ့ မပတ်သတ့်တော့ဘူးလေ ဒါကြောင့်ဘယ်လောက်ပဲ နာကျင်နေပါစေ ကြေကွဲဝမ်းနည်းနေပါစေ အချိန်ခဏလေး ပေးလိုက့်ပါ အဲ့ခံစားချက်ကနေ လွတ်မြောက်သွားပါတယ်..။
သူငယ်ချင်းမိတ်ဆွေများ အားလုံး ကောင်းမွန်တဲ့ လီမွန်တီးတစ်ခွက် အမြဲ သောက်သုံးနိုင်ကြပါစေရှင်..။