Monday, October 31, 2011

YGN LIVE

30th Sep 2011, Friday

YGN ကိုပြန်ရောက်တယ် အဖေနဲ့ အမေလာကြိုတာဆိုတော့ အရမ်းပျော်မိတယ်။

1st Oct 2011, Saturday

မနက်၇နာရီခွဲ ကလေးတစ်ယောက်ရဲ့ ဘဝကိုစတွေ့ရတယ် မမရဲ့ နှိုးစက်နာရီလို မြည်သံက ထွက်ပေါ်လာတယ် “ ရတီ အင်္ဂလိပ်စာကျောင်းသွားရမယ်လေ မထသေးဘူးလား... ” ၁၀နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အိပ်ချိန်က ၈နာရီတောင် အနိုင်နိုင်ဖြစ်နေတယ်...

ကိုယ့်ဘေးက ကလေးလေးလှုပ်ရှားလာတယ် “ အမေဘယ်နှစ်နာရီထိုးပြီလဲ... ” ဆိုတဲ့အသံနဲ့အတူ သူမ နံနက်ခင်းကို ပြင်ဆင်လိုက်တယ် ရေချိုး၊အဝတ်အစားလဲ၊မနက်စာစားရင်း ၈နာရီအတန်းကို သူမထွက်သွားတယ်...

ကလေးလေး ကျောင်းသွားတာတောင် ကိုယ်ကတော့ အိပ်ယာထဲမှာ ဇိမ်ကျနေတယ် မမကို ကလေးကြိုရမယ့်အချိန်မေးရင်း တစ်နေ့တာကို စတင်ဖွင့်လှစ်လိုက်တယ် အမေပြင်ဆင်ပေးထားတဲ့ ကောက်ညှင်းပေါင်းနဲ့ ကော်ဖီသောက်ရင်း 5series ကလွှင့်နေတဲ့ ဇာတ်လမ်းတွေကြည့်ရင်း ဝရံတာကနေ လမ်းမထက်ငုံကြည့်မိတယ် တစ်နေတာ စားဝတ်နေရေးအတွက် လူတွေ ပုံစံစုံ၊အရွယ်စုံ လမ်းမထက်မှာ ပျားပန်းခတ်လှုပ်ရှားနေကြတယ်...

၉နာရီခွဲမှာ ရတီ့ကိုကျောင်းကြိုလာတယ် တစ်လမှာ ၈ရက်တက့်ရတဲ့ အင်္ဂလိပ်ကျောင်းက ၁သောင်းခွဲတဲ့၊ ကျောင်းကျူရှင်က ၅သောင်း၊ ဒါတောင် Guide လုပ်ပေးတဲ့ ဆရာမကလူရင်းတွေမို့ Free ဘုရားဘုရား ကလေးမုန့်ဖိုးနဲ့ဆို သူတင်တစ်လ ၁သိန်း ကိုယ်ပို့တဲ့ပိုက်ဆံက ၁သိန်းခွဲ ၆၅နှစ်အရွယ် အဖေပင်စင်ယူပြီး အိမ်မှာမနေနိုင်တဲ့ အဖြစ်ကို နားလည်မိသွားတယ်...

မနက်က အဖေရုံးသွားခါနီး အမေဈေးဖိုးတောင်းသံ ကြားမိလိုက်တယ် သမီးငယ်ရောက်နေတော့ ၁ထောင်ပိုပေးတဲ့ ၅ထောင်တဲ့ အရင်က၄ထောင်ဆို တစ်လ၁သိန်း၂သောင်း ဆန်၊ဆီ၊ဆပ်ပြာ၊သွားတိုက်ဆေး ကျန်တဲ့လူသုံးကုန်က မမဝယ်တာ ဘုရားဘုရား အိမ်စရိတ်တင် ၂သိန်း ရေဖိုး၊မီးဖိုး၊ကျန်းမာရေးစရိတ် ဟူးးး မောလိုက်တာ တစ်လ ၄သိန်း ကိုယ်ပို့တာက ၁သိန်းခွဲ အဲ့ဒါတောင် မပို့တဲ့လကရှိသေးတယ် တစ်လတစ်လ အဖေဘယ်လို ရင်မောနေမလဲဟင်...

ရတီပြန်လာတော့ သူ့ style အတိုင်း Babie ကြည့်တယ် ခဏနေတော့ သူ့အမေက singing song ဆိုရော စာသွားကျက်ဖို့ စာအုပ်ပြင်တဲ့ စိတ်နဲနဲတိုလာတော့ မမကိုပြောမိတယ် “ ကလေးကအခုမှ ၅တန်း ဘာလို့အရမ်းမောင်းနေတာလဲလို့... ” နင်တူမက အိမ်မှာနေရင် Cartoon ကားပဲကြည့်နေတာတဲ့ ကလေးတစ်ယောက်ရဲ့ လွတ်လပ်မှုက ဘယ်မှာလဲ ကျောင်းဖွင့်ရက့်ဆို မနက်၆နာရီခွဲ ထရတယ် ၇နာရီကနေ ညနေ၄နာရီထိ ကျောင်းနဲ့ ကျူရှင် အိမ်ရောက်ရင် အားလပ်ချိန်ခဏပဲ ၈နာရီဆိုစာကျက် ၁၀နာရီမှအိပ် မနက်၆နာရီခွဲ ပြန်ထ စနေ၊တနင်္ဂနွေဆို နေ့လည် ၁နာရီထိ မနားရဘူး Run နေရတယ်...

ခေတ်ကြီးက တိုးတက်လာတာလား လူနေမှုအဆင့်အတန်းတွေ မြင့်မားလာတာလား ကိုယ့်စိတ်ထဲမှာတော့ အရာအားလုံး ရုပ်ဝတ္တုတွေကြီးစိုးနေတာ စိတ်ဆိုတဲ့ခံစားမှုက ချောင်တစ်နေရာမှာ အတင်းထိုးကြိတ်ဖိနှိပ်ခံနေရတာ...

ကိုယ်တိုင်လဲ ရုပ်ဝတ္တုနောက့်လိုက့်ခဲ့မိတာပဲလေ Laptop ဆိုလို့ Laptop ဝယ်တဲ့ အခု Iphone ရောဂါ အဲ့ဒါတွေက တကယ် စိတ်ပျော်ရွှင်မှုအတွက် ဖြည့်စည်းပေးတာလား လူမှုဘဝရုပ်ဝတ္တုယှဉ်ပြိုင်ဖို့အတွက် ဝယ်ယူနေကြတာလား တွေးမိရင် အစဆွဲထုတ်သလို အမျှင်တန်းနေမှာ အသေချာပဲ...

လူတွေက လောကဓံနဲ့ ရင်ဆိုင်ရတာ များလို့လား မသိပါဘူး United Living Mall က ပစ္စည်းသိမ်းတဲ့ ဝန်ထမ်းကစပြီး နောက်ဆုံး Taw Win Center က အထည်ဆိုင်ဝန်ထမ်းအထိ ရန်ကိုတစ်မြို့လုံးစာ စားဝတ်နေရေးဖြည့်စည်းပေးရသူလို ခက်ထန်နေလိုက့်ကြတာ ကိုယ်ပဲအသားမကျတာနေမှာပါ Customer The God မဟုတ်တော့ပါဘူး The Dog ဖြစ်နေပါပြီ ဒါတောင် ဝတ်ထားတာ သပ်သပ်ခတ်ခတ်မို့လို့ အိမ်မှာနေရင်း အဝတ်အစားနဲ့သွားချင်တာ အိမ်ကလူတွေက ပြောနေလို့ အံသြမိပါတယ် ဝန်ဆောင်မှုတွေကို...

အထူးကားတွေ လိုင်းတော်တော်များများ တွေ့ရပါတယ် ဘေးစောင်းထိုင်ရလို့ အထူးကားလို့ ရေးထားတာ ထင်ပါတယ် ဘယ်စီးစီး ၂၀၀ ဆိုတော့ အကြွေမအမ်းရတော့ဘူးပေါ့ ကောင်းပါတယ် Taxi ကားတွေကတော့ ရန်ကုန်ရဲ့ သင်္ကေတထင်ပါတယ် မီတာကို ရှိရဲ့သားနဲ့ မသုံးကြတာကတော့ အောင့်သတ်သတ်ဖြစ်မိပါတယ် ဟိုနားဒီနား ၁၅၀၀ ဆိုပေမယ့် Taxi ပဲစီးဖြစ်ပါတယ်...

ကိုယ်ကသာ ဈေးဖိုး၄၀၀၀ကို အံသြနေတာ တစ်နေ့ကိုယ့်ဘာသာ ဝယ်ကြည့်မယ်ဆိုပြီး ဈေးသွားမိတယ် ၉၀၀ ပိုတယ်ဆိုပြီး ဂုဏ်ယူနေမိတာ ညစာအတွက် ဘာမှမရှိလို့ တော်တော်ကသီသွားတယ် ဒူးနေရာဒူး တော်နေရာတော်လေ လောက်ငှအောင် ဝယ်တက့်တဲ့ အမေစီကနေ စာသင်ရပါအုံးမယ်...

ကျန်တဲ့ဒေသတော့ မပြောတက့်ပါဘူး ကျောက်မြောင်းထဲမှာတော့ လက်ဖက်ရည်ဆိုင်၊ Internet ဆိုင်၊ ဆံပင်ညှပ်ဆိုင် လက်ညှိုးထိုးမလွှဲပါပဲ လူလဲမပြတ်စေရပါဘူး ခေါင်းတစ်ခါလျှော် ၁၅၀၀ ပေါင်းဆေး ပျော့ဆေး ၂၅၀၀ လျှော်ကြတာပါ style တစ်ခုလား မသိပါဘူး ကိုယ့်အိမ်မှာ ခေါင်းမလျှော်ကြတော့တာ အိမ်ကအမေနဲ့ အမကအစ တူမတောင် အဆစ်ပါသေးတယ်...

ငွေယိုပေါက်တွေလို့ မြင်မိပေမယ့် သူတို့အတွက် စိတ်အပန်းဖြေတာပါဆိုပြီး သိပ်တော့အတိုက့်အခံ မပြောခဲ့ပါဘူး ထွက်သမျှဂျာနယ်ဝယ်တက်တဲ့ အဖေ့ကိုလဲ အပြစ်မပြောရဲပါဘူး မနက်၇နာရီကနေ ည၈နာရီထိ Run နေရတဲ့ အဖေ့ကိုလဲ သနားမိပါတယ် ရုံးပိတ်ရက်ဆိုတာ ဘုရားစူးနေရတယ် စနေမို့လို့ ၁နာရီလောက်ပိုအိပ်ရမလား မတွေးပါနဲ့ မနက့်၆နာရီကထဲက လူကြီးဖုန်းဝင်ပြီး တစ်နေတာ Run ရမယ့် အလုပ်ကစောင့်နေပြီ...

အရင်ကတော့ အထက်လူကြီး ယုံကြည်တော့ ကမ်းနားသစ်ပင် မဖြစ်နိုင်ဘူးဆိုပေမယ့် အချိန်ပြည့် Run နေရတော့ အဖေ့ကို အနားယူစေချင်တယ် ကိုယ်ကအဲ့စကားပြောနိုင်တဲ့ အင်အားမရှိသေးတော့ မျိုသိမ့်နေရတယ် ဆန်ကုန်နေလဲ ဒီအဖေ ဆီကုန်နေလဲ ဒီအဖေ စားဝတ်နေရေးအစ သာရေးနာရေးအဆုံး ဒီအဖေအိတ်ကပ်ကနေ နှိုက်နေရတော့ အနားမယူနိုင်တဲ့ အဖေ့ကို ကိုယ်ချင်းစာပါတယ်...

28th Oct 2011, Friday

ညထဲက အိပ်မပျော်ဘူး Aries နဲ့ ဖုန်းပြောပြီးတော့ ၁ နာရီထိုးတော့မယ် မနက်ဖြန် အိမ်နဲ့ဝေးရမယ်ဆိုတဲ့ အသိကြီးက ရင်ထဲဆို့နေတယ် အိပ်မပျော်သေးတဲ့ အဖေနဲ့အမေ ကုတင်ခြေရင်းသွားရင်း အသာကန်တော့မိတယ် အအိပ်ဆတ်တဲ့ မမကလှမ်းပြောတယ် မအိပ်သေးဘူးလားတဲ့ ရင်မောစွာနဲ့ အိပ်ယာဝင်မိတယ် ဘေးနားမှာ အိပ်ပျော်နေတဲ့ တူမဆံပင်ကို အသာအယာပွတ်ပေးနေမိတယ် “ တီလေး မပြန်ပါနဲ့ဆိုတဲ့ စကားသံ ကြားယောင်နေမိတယ် မွေးစကနေ ၆နှစ်ကျော်ထိ ထိန်းလာတဲ့ သံယောဇဉ်က ကြိုးတင်းနေပြီ... ”

မနက် ၄နာရီထဲက အဖေနဲ့အမေ နိုးနေတယ် ပြန်မယ်ဆိုတဲ့ အချိန်ရောက်တိုင်း သူတို့မပြန်စေချင်တာ နားလည်ပေမယ့် မသိကျိုးကျွန် နေလိုက်တယ် လူကြီးခရီးစဉ်ရှိလို့ လေဆိပ်ကို အဖေစောဆင်းရတယ် အမေကလိုက့်ပို့ချင်ပေမယ့် မပို့ခိုင်းတော့ဘူး သူငိုရင်ကိုယ်လဲ မျက်ရည်ကျမှာလေ မမနဲ့အိကေပဲ လိုက့်ပို့တယ်...

ယောင်းမကတော့ ညထဲကစားစရာတွေ အကုန်ထုပ်ပိုးပေးတယ် ဘယ်လောက်ပဲ အစီအစဉ်ဆွဲထား အနီးနားကြရင် အကုန်မေ့တာပဲလေ မိုးလင်းတော့လဲ ကျန်သေးတဲ့အထုပ်တွေ စီစဉ်ပေးတယ် ၇နာရီလေဆိပ်ဆင်းမယ်ဆိုတော့ တူမတော်က ငိုမဲ့မဲ့လုပ်နေတယ် လိုက့်ပို့မယ်ပြောတယ် သူကမငွေရင် သူငိုရင်အမေ့ထက်ဆိုးမယ် ချော့ပြီးကျောင်းကားပေါ်တင်ပေးရတယ်...

၈နာရီ လေဆိပ်ကိုရောက်တယ် တောသားမြို့တက်သလို လေဆိပ်ဟောင်းထဲ ဝင်ချသွားတယ် Taxi Driver ကအရှက်ပြေပြောတယ် ပြည်တွင်းထင်လို့တဲ့ Arrival ထဲဝင်ပြီး အဖေ့စီဖုန်းခေါ်တယ် ခပ်တည်တည်နဲ့ ငါစောသားပဲလို့ အဖေလာမှ ရယ်နေရတယ် ကွင်းချိန်းက ၈နာရီခွဲ အဖေမျက်နှာနဲ့ မြန်မြန်ဆန်ဆန်ပြီးသွားတယ်...

လဝက counter ထိလိုက့်ပို့ရှာတယ် အိမ်အတွက့်စိတ်မပူဖို့ ပြောရှာတယ် Gate 2 ရှေ့ကခုံမှာပဲ ထိုင်နေမိတယ် လာတုံးက လူမရှိတဲ့ လေယာဉ် အပြန်ကြတော့ ခုံနေရာမကျန်ဖူး အလာတုန်းက 8A, အပြန်ကြတော့ 5F တော်တော်အဆင်ပြေပါတယ် ပြတင်းပေါက်နေရာပဲရတယ်ဆိုတော့...

၉နာရီမှာ လေယာဉ်စတက်တယ် ပြေးလမ်းပေါ်အရှိန်ယူလိုက့်ထဲက အသိဝင်လာတယ် ငါဒီတစ်ခေါက် ပြန်လာတာ အများကြီးပြင်ဆင်ရတော့မယ်လို့ အဖေ့မျက်နှာကို ပြေးမြင်မိလိုက့်တယ် ပြတင်းပေါက်ကနေ အောက်ကပင်လယ်ပြင်ကြီး ငုံ့ကြည့်ရင်း သတိတရား ရမိတယ် အပြာရောင်မျိုးစုံဆိုပေမယ့် အဓိကကတော့ ပင်လယ်ရေပါပဲ ငါလဲလူထဲကလူပါပဲ ဂျိုမပေါက်ချင်ပါနဲ့လို့...

၁နာရီ KLIA ကိုရောက်ပေမယ့် တိမ်တွေထူနေတော့ တော်တော်ကြိုးစားပြီး ဆင်းရတယ် လေယာဉ်ကတော့ ငြိမ်နေတာပဲ ကိုယ်ကပြတင်းပေါက်မှာ နေရာရတော့ တိမ်တွေပိန်းပိန်းထူတာ မြင်နေရတယ် ရှေ့ ၁ပေတောင်မှ မမြင်ရတဲ့ကြားမှာ ဆင်းသတ်နိုင်တဲ့ MAI မှလေယာဉ်မှူး ကိုသူရအောင်ကို လေးစားမိပါတယ်...

လူဆိုတာ ကိုယ်လက်ရှိရှိနေတဲ့ နေရာမှာ အကောင်းဆုံးလုပ်နိုင်ဖို့ အကောင်းဆုံးဆိုတာ လက်ခံထားပါတယ်...

( မှတ်ချက်။ ။ ရေးချင်တာတွေကတော့ အများကြီးပါ မရေးနိုင်လို့ မရေးပဲနေရင် Blog နဲ့ အရမ်းဝေးနေတော့    ကြိုးစားပြီး ရေးလိုက်တာပါ။ )