Saturday, April 29, 2017

Bye




ကျွန်တော် ညဝေးကြယ်ကို မရေးဖြစ်တော့ဘူးဗျာ 2016 နိုဝင်ဘာမှ ကျွန်တော့် Blog ပိတ်တော့မယ်ပြောလို့ myheartbeatthe ကို စရေးဖြစ်တယ် ရေးစကတော့ နာမည်အစုံပဲပေးခဲ့တယ် နောက်တော့ဗျာ..


ထားလိုက့်ပါတော့ မပြောတော့ပါဘူး အခုချိန်မှာ ကျွန်တော်အဆင်မပြေပေမယ့် တစ်စုံတစ်ယောက်ပျော်ရွှင်နေတာကို မထိခိုက်စေချင်တော့ပါဘူး..

Heartbeat မှာ စာပိုရေးဖြစ်တယ် ညဝေးကြယ်မှာက သိပ်မရေးနိုင်တော့ဘူး ကျွန်တော် Feel လာရင် ပထမဆုံးဝင်မိတာ Heartbeat ဆိုတော့ တဖြည်းဖြည်းနဲ့ ညဝေးကြယ်နဲ့ဝေးသွားတာ ညဝေးကြယ်က ကျွန်တော့်ရင်ဘက် မဟုတ်တော့သလို ခံစားလာရတယ်..

နေ့လည်က လရိပ်တင်ရင်းနဲ့ ဆုံးဖြတ်လိုက်တယ် Heartbeat မှာပဲ တသတ်မှတ်ထဲ ရေးတော့မယ်ဆိုပြီးတော့ ဝမ်းနည်းပါတယ် ကျွန်တော့်ရင်ဘက်ဖြစ်ခဲ့တဲ့ Blog ကို ထားခဲ့ရလို့ လူတွေကို သစ္စာမရှိဘူးပြောခဲ့တဲ့ကျွန်တော်ကရော သက်မဲ့ Blog ကိုတောင် 
သစ္စာမဲ့မိတာ နာကျင်ရပါတယ်..


ခင်ဗျားတို့ စိတ်ဝင်စားရင်တော့ လာလည်ပေါ့ဗျာ အောက်ဆုံးမှာ Link ထားခဲ့ပေးပါတယ် အခုလောလောဆယ်တော့ Suicide Art တွေ လွှမ်းနေသေးတာတော့ နားလည်ခွင့်လွှတ်ပေးပါဗျာ ကျွန်တော့်အသည်းက အနာမကျတ်သေးလို့ဗျာ။

Phyo Pyae Sone – La Yate

https://youtu.be/ItKWvB9IUAQ


Nothing, now I feel like that song ,
so I sharing for him.
Thanks God,
you give me a live.


ဘာမှမဟုတ်ပါဘူးဗျာ အိမ်ရေးပျက်တာများနေလို့ အလုပ်လုပ်ဖို့ အာရုံမလာဘူး
ဖြစ်နေတာ စိတ်သက်သာအောင်
သီချင်းနားထောင်တော့ သတိရသွားလို့ပါ..

သတိရတယ်ဆိုတဲ့ နေရာမှာပဲ

ကျွန်တော့်ကိုကျွန်တော်

ရပ်ထားလိုက်ပါတယ်ဗျာ..

Thursday, April 13, 2017

Happy Myanmar New Year 1378-1379!!


နှစ်သစ်ကနေစတင်ပြီး လူသစ်၊စိတ်သစ်ဖြင့် ဘဝအသစ်ကို စတင်ပါတော့မည်ခင်ဗျာ..။
😊😊😊

Saturday, April 1, 2017

Thingyan Moe



KL မှာနေတုန်းက YouTube မှာ ကျွန်တော်သီချင်းတွေတော်တော်များများ တင်ခဲ့ဘူးတယ် ဒီသီချင်းတစ်ပုဒ်ပဲ မဖျက်မိတာထင်တာပဲဗျာ..

Wednesday, March 29, 2017

Bunny Phyo - Chit Thu A Narr





မနေ့က On This Day မှာ 2011 က Status ပြန်ပေါ်လာတော့..


( သတိတော့ရပါတယ် လွမ်းတယ်ဆိုတဲ့ စကားတော့ မပြောတော့ပါဘူး နင်မှငါ့ကိုမလွမ်းခဲ့တာ ငါလဲမလွမ်းတက်အောင် နေရမှာပေါ့နော် ။ )


သတိရလိုက်မိတယ် ​ေဩာ် အဲ့အချိန်တုန်းက ညီနဲ့ပတ်သတ်ပြီး ကျွန်တော်တော်တော်လေး ကြေကွဲနေရတဲ့ အချိန်ပေါ့ အခုတော့ ဘာမှမဟုတ်တော့သလိုပါပဲ တစ်ခါတလေ တိုက်ဆိုင်မူရှိရင်တော့ သတိရပါတယ် အဲ့လောက့်ပါပဲဗျာ..

Wednesday, March 22, 2017

Ed Sheeran - Shape of You [Official Video]



စာကို ဟုတ်တိပတ်တိ ဝင်မရေးနိုင်သေးလို့ Blog မှာ သီချင်းတင်ပြီးတော့ လစ်ပြီဗျာ။

Wednesday, March 8, 2017

Jason Mraz - Best Friend - AMAZING Animated Lyrics Video!



Jason Mraz ရဲ့ အသံချိုချိုလေးနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းပါ ကျွန်တော်ကြိုက်လို့ Blog မှာတင်လိုက်တာပါ။

Thursday, March 2, 2017

Enrique Iglesias - Heart Attack




အင်္ဂါတစ်ကောင် စနေဂြိုဟ်နဲ့နပန်းလုံးနေရလို့ Blog လဲ ဟုတ်တိပတ်တိ မဝင်ဖြစ်ဘူး ဒီ Saturday ကို အေးအေးဆေးဆေး Post စာရေးဖို့စဉ်းစားထားထာ မနေ့ညကမှ KL က စီနီယာအလှူဖိတ်လို့ Sunday မနက်စောစောစီးစီးသွားရမှာဆိုတော့ Saturday ကို Post တင်နိုင်မှာမဟုတ်ဘူး ဒီနေ့နားထောင်ဖြစ်တဲ့ သီချင်းပဲ တင်ပေးလိုက်ပါတယ်ဗျာ။

Thursday, February 23, 2017

Birthdays




အိပ်နေရင်းနဲ့ စိတ်ကူးပေါက်လို့ ထရေးဖြစ်တာဗျ..

May 13 ပထမဆုံးကျွန်တော့်ကို ချစ်ခင်ပေးခဲ့တဲ့ လူတစ်ယောက်မွေးနေ့

သူနဲ့ကျွန်တော် ပြန်မဆုံဖြစ်တော့ပေမယ့် အမှတ်ရနေမိပါတယ်

( He is my boyfriend but he didn't tell me, i love you. Nyi )



December 16 ကျွန်တော့်ကို အရိပ်လို့စောင့်ရှောက်ပေးခဲ့တဲ့ လူတစ်ယောက်မွေးနေ့

အဆင်မပြေမှုတွေကြုံရတိုင်း သတိရမိပါတယ် သူစိမ်းတစ်ယောက်ဆိုပေမယ့် သူရှိခဲ့တဲ့အချိန်ကာလမှာ ပြဿနာတိုင်းပြေလည်သွားတယ်

( He isn't my boyfriend but he is always being cared to me. Soon )



March 22 ကျွန်တော့်ရဲ့ ဘဝမှာပထမဆုံး အသဲပေါက်အောင်ချစ်ခဲ့မိလို့ အသဲနာအောင်လုပ်ပေးခဲ့သူမွေးနေ့

မှတ်မှတ်ရရ သူ့မွေးနေ့မှာ ဘုရားတူတူသွားဖူးတယ် ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ဘဝမှာအမှားဆိုတာ ဘယ်ရှိနိုင်တော့မလဲ


(  He is my ex, if we meet on suddenly he asked to me do you still love me, my answer is no because my feeling went already to another one. AHA )


March 22 ဘုရားရှင်ကပေးသနားတဲ့ ကျွန်တော့်နောက်ဆုံးအချစ်ပဲထင်ပါတယ်လို့ ပြောလို့ရတဲ့ ကိုကို့မွေးနေ့ မနေ့တနေ့ကပြတ်ဆဲသွားပြီဖြစ်ပေမယ့် သူ့ကိုကျွန်တော် တကယ်ကိုချစ်ပါတယ်။

28th October 2024.

( He is my everything and he is my universe but he didnt love me. )



May 16 ကျွန်တော့် Baby မွေးနေ့ မတောင်းပန်တော့ပါဘူး ပြင်လို့မရတဲ့အမှားကို တောင်းပန်တာဟာ တဖက်သားကို ဒဏ်ရာပေးသလိုပါပဲ

( If I will go back that time, I so happy but i didn't go back past. Baby )



September 8 ကျွန်တော့်မွေးနေ့ ဘဝမှာအကြိမ်ကြိမ်ကျရှုံးပြီး အခါခါလဲကျခဲ့ပေမယ့် ကျွန်တော့်မွေးနေ့ကို ကျွန်တော်ချစ်နေဆဲပါပဲ..



Edited_2020

May 10 ပြန်မဆုံဖြစ်တော့တဲ့ လူတစ်ယောက်ရဲ့မွေးနေ့

ကံပါရင် ကမ္ဘာအရှေ့ခြမ်းနဲ့ ကမ္ဘာအနောက်ခြမ်းကလူချင်းတောင် တွေ့ဆုံနိုင်ပေမယ့် ကံမပါရင်တော့ တစ်မြို့ထဲနေရင်တောင် မတွေ့ဆုံနိုင်ပါဘူးဗျာ။ AKZ



ကျွန်တော်မလိုချင်တဲ့အရာတွေကို ကျွန်တော့်မှတ်ဉာဏ်ကနေ ထုတ်ပြစ်တက်တာ ကျွန်တော့်အကျင့်ဆိုးပါ..

လူတိုင်းမှာအတ္တနဲ့မာနရှိတက်ပေမယ့် ကျွန်တော့်အတ္တက သူတစ်ပါးထက်ပိုကြီးပါတယ်။





Edited_2024


Blog ပြန်ဝင်ကြည့်ရင်းနဲ့ ကိုကို့မွေးနေ့ကို ထပ်ဖြည့်လိုက်တယ် Soon မွေးနေ့ကလွဲရင် ရည်းစားဟောင်းတွေရဲ့မွေးနေ့တွေကို အတော်လေးစဥ်းစားယူရတော့ ကျွန်တော့်ဘာသာညကြီးမင်းကြီး ထရယ်နေမိတယ်ဗျာ..

sorry ပါဗျာ။