Saturday, January 28, 2012

ကျွန်တော်ဆိုသောလူ။

အမေ... ငါဆိုတဲ့ မာန်တစ်လုံးကို ထမ်းပိုးပြီး အိမ်ကထွက်လာတဲ့ ကျွန်တော်... ပြက္ခဒိန်တွေသာ ဆုပ်ဖြဲခံလိုက့်ရတယ် ရင်ဘက်တစ်ခုလုံး အရောင်စွန်းခံရတာ အဖတ်တင်တယ်... ကျွန်တော်နေ့ရက်တွေ တစတစ အသက်ရှုကြပ်လာတယ်... လုံးပါးပါးရာကနေ လုံးလုံးမပျောက်ကွယ်ခင် ကျွန်တော် အမေ့အိမ် ပြန်လာခဲ့ပြီ အမေ..။

“ အမေ့ဝမ်းထဲမှာ ကျဉ်းကျဉ်းကြပ်ကြပ်နဲ့ ကွေးကွေးလေးနေခဲ့ရပြီး လွတ်လပ်ပြီဆိုပြီး ထွက်လာခဲ့တာ၊ အပြင်လည်း ရောက်ရော မလွတ်လပ်တော့ဘူး”
(စာရေးဆရာ မင်းလူ)

အမေ ကျွန်တော် အလင်းရောင်ကို ခပ်ဝါးဝါးလေး စမြင်လာပြီ ငါဆိုတဲ့ မာနကိုအဟုတ်ကြီးထင်ပြီး စောင့်ကြွားကြွားနဲ့ ဘဝကိုဖြတ်သန်းခဲ့တဲ့ကောင် ဆုပ်ဖြဲခဲ့တဲ့ နေ့ရက်တွေမှာ လဲပြိုကျခဲ့တဲ့ ဒဏ်ရာတွေ နာကျင်မှုတွေ အရာအားလုံးကို တဖြည်းဖြည်း မြေမြုတ်ပြစ်နေပါပြီ။

ကျွန်တော် ရုပ်ဝတ္တုတွေနောက့် အချိန်တော်တော်ကြာ လယ်စင်းခံခဲ့မိတယ် ကျွန်တော်ပြန်ရလိုက်တာက ပျော်ရွှင်ခြင်းနတ္တိပြည့်နေတဲ့ တပ်မက်ခြင်းဆန္ဒတွေ ခုတော့ ရောင်နီလာလုပြီအမေ ကျွန်တော် သန်းကောင်ယံ ရောက်နေတဲ့သူပါ ဒီထက်တော့ ညမနက်နိုင်တော့ပါဘူး အမေ။

ထမင်းကြမ်းကို ဆားဖြူးပဲ စားရစားရ ကျွန်တော်ပျော်တဲ့ အရပ်မှာပဲ နေပါတော့မယ် အမေ ဘဝကို ကျွန်တော်ချစ်တဲ့ ကဗျာတွေ စာတွေလို စိတ်ကူးယဉ်ဆန်ဆန် ဖြတ်သန်းခဲ့ဘူးတယ် လွင်ပြင်ထီးထီးကို ထီး၊ဖိနပ်မပါပဲ ဖြတ်သန်းမိတဲ့သူလို ကျွန်တော်ကျောကော့အောင် ခံစားခဲ့ရဘူးတယ်။

ကုန်သွားတဲ့ အချိန်တွေအတွက့် ကျွန်တော်နောင်တ မရချင်တော့ဘူး အမေ ပြန်မှမရနိုင်တာ ဘာကိုမှ မကြွေးကြော်တော့ပါဘူး လူပီပီသသ နေထိုင်ပါတော့မယ်  အဖြူဆန်တဲ့ကောင်က ကိုယ့်ကိုကိုယ် အရောင်ဆိုးလိုက်တယ် အကျည်းတန်သွားတာက ရလဒ်ပေါ့ အမေ။

ကျွန်တော် ကြိုးစားပါမယ် ထပ်ပြီးအရောင်မစွန်းအောင် အများကြီးတွေးပြီး အမှားကြီးလုပ်ခဲ့မိတာပါ အများကြီးမတွေးတော့ရင် အမှားဆိုတာ မရှိတော့ပါဘူး မြင့်မြင့်တွေး မြင့်မြင့်မှန်းခဲ့တော့ ပြုတ်ကျတော့ မျက်မျက်လေးခံရတာပေါ့ နိယာမပဲလေ အနိမ့်က ပြုတ်ကျတဲ့သူနဲ့ အမြင့်က ပြုတ်ကျတဲ့သူ ဝေဒနာ ဘယ်တူမှာလဲ။

ဒီနေ့ဆိုတာ ကျွန်တော် မစဉ်းစားခဲ့မိဘူး အနီးဆုံး မနက်ဖြန်ဆိုတာတောင် မေ့နေခဲ့တယ် ကျွန်တော်က အနာဂတ်မှာ စီးမျောနေမိတဲ့သူကို ခုတော့ ကျွန်တော် အနာဂတ်ဆိုတဲ့ မသေချာတဲ့အရာကြီးကို မေ့ပြစ်လိုက်ပြီ မနက်ဖြန်ဆိုတာ လှပဖို့အတွက် ဒီနေ့မှာ အကောင်းဆုံးရှင်သန်မယ်။

ကျွန်တော်က မြေကြီးဆန်တယ် ရာသီဥတုအလိုက် ပြောင်းလဲတယ် နွေဆိုရင် ပက်ကြားအက်နေသလို မိုးဆိုလဲ ဗွက်ပေါက်နေတဲ့လူ ကြီးကြီးကျယ်ကျယ် ကွန်ကရစ်လောင်းချင်တော့ အပေါ်ယံ လှပပေမယ် အတွင်းမှာ ဒဏ်ရာရတာပေါ့ ခုတော့ မြေကြီးဆန်ဆန် နေထိုင်တော့မယ် ပက်ကြားအက်အက် ဗွက်ပဲပေါက်ပေါက် ကျွန်တော်ကျေနပ်တက်ပြီ။

အလွမ်း


အလွမ်း...
အဲ့စကားလုံးထဲမှာ
သိပ့်သည်းနေတဲ့ ဒြပ်တွေ
ခင်ဗျားမြင်ရဲ့လား...
ဖြူဖြူမဲမဲ
လူမှန်သမျှတော့
ကျဆုံးပေးရမြဲပေါ့...
၅၂၈၊ ၁၅၀၀၊ မေတ္တာ၊ ကိလေသာ
ဘာကြီးပဲပြောပြော
မလွမ်းတက်တဲ့ကောင်
ရုံသွင်းပြချင်လိုက်တာ...
သေးသေးလေးဖြစ်ဖြစ်
၉ လောက်ရှိရှိ
အိတ်ပေါက်ထဲထည့်ထည့်
ရင်ဘက်အလွတ်ကြီးထဲသိမ်းသိမ်း
ဒီကောင်က ကျမကွဲတက်ဘူး...
နားမလည်ရင်လဲ
ခေါက်သိမ်းလိုက်ပါ
ကျွန်တော်ကတော့...
လွမ်းတယ်...။

ညဝေးကြယ်။ ။



Friday, January 27, 2012

သဘာဝလွန်

ဘာ...
ပန်းဖြစ်ချင်လို့
ခပ်သွမ်းသွမ်းရယ်သံ
လွင့်ကျလာတယ်...
ပွင့်ပြီးမှဖူးရအောင်
ရူးလှချီလား
ဆိုခရေးတီးလို
ကမ္ဘာကျော်ဖို့
မိုနာလီဇာလို
ပြုံးပြလိုက့်ပါလား...
အသံမဲ့စကားတခွန်း
ရင်ကိုမှန်သွားတယ်...
တဝက်တပျက်
မျက်နှာကိုရုတ်သိမ်း
ရေလောင်းပေးလိုက်ပါတယ်...။


ညဝေးကြယ်။ ။

Thursday, January 26, 2012

အန်ချခြင်း

အချစ်...
နင်နဲ့ငါကြားမှာ ချည်နှောင်ထားတာ
အချစ်ဆိုတဲ့ စကားလုံး မဟုတ်ဘူး
ဘဝဆိုတဲ့...
စကားလုံးခက်နက်နက်လေးပါ
အချိန်ဆိုတာလဲ
ငါ မယုံကြည်ဘူးချစ်သူ
သံယောဇဉ်ဆိုတဲ့...
ကြိုးကိုတော့ ငါကြောက်တယ်
ငါ့ဘဝကို နင်ချည်နှောင်လိုက်တာ
သံယောဇဉ်...
အချစ်ဆိုတာ
ခပ်ပေါပေါကဗျာတစ်ပုဒ်ဆို
လူတွေငါ့ကိုသတ်မလား
ငါ အသေခံလိုက့်ပါမယ်...
သူတို့မသိတဲ့ ချည်နှောင်မှုကို
ငါရှင်းပြဖို့ မတန်ဘူးဟာ
အချစ်ဆိုတဲ့...
အပေါစားဝတ္တုကို
ခုံမင်နေတဲ့ လူတစ်သိုက်အတွက်
နင့်အတွက်အချိန်တွေ
ဖဲ့မပေးရပါစေနဲ့ဟာ
ငါ နင့်ကိုချစ်တယ်...
အပေါစားကဗျာ
အပေါစားဝတ္တု 
မဟုတ်ဖူး ချစ်သူ
ငါ့ရင်ဘက်က အန်ထုတ်လိုက့်တဲ့ ဘဝပါ။

ညဝေးကြယ်။ ။

Friday, January 13, 2012

ဘယ်သူ ကျွန်တော်နဲ့ ပြိုင်ငြင်းရဲလဲ ၁၃ ဆိုတာ Lucky ဆိုတာကို... ^___^


ထောင်ဆိုတာ ဘယ်လိုအရာလဲဆိုတာ ထောင်ကျဘူးတဲ့သူ (သို့မဟုတ်) အဲ့သူရဲ့ မိသားစုဝင် အဲ့လို ပတ်သတ်ဆက်နွယ်နေတဲ့ သူတွေကသာ အတွင်းကျကျ နားလည်တဲ့ ဝေါဟာရပါ။

နိုင်ငံရေးလုပ်တာ ဥပဒေ ပုဒ်မ ၅ည နဲ့ ငြိစွန်းလို့ ထောင်ကျခဲ့ရပေမင့် ဘယ်သူကရော ထောင်ထဲဝင်ချင်ပါ့မလဲဗျာ ထောင်ပါဆိုမှ ဘယ်လိုလာပြီး လိုလေသေးမရှိ ပြည့်စုံနေတဲ့ နိဗ္ဗာန်ဘုံကြီး ထင်နေသရော့လားဗျာ။

ဘယ်လို အကြောင်းကြောင်းကြောင့် ထောင်ထဲဝင်ရပါစေ အဆင်မပြေနိုင်ပါဘူး အဲ့လိုနေရာဒေသမှာ
 နှစ်ပေါင်းများစွာ နေခဲ့ရတဲ့သူတွေ လွတ်မြောက်လာခြင်းအတွက် ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်မိပါတယ် ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့ လုပ်ရက်ဟာ သမ္မတကြီးဦးသိန်းစိန်အတွက့် သမ္မတသက်တမ်း ၅နှစ်မှာ အပြောင်မြောက်ဆုံး ဂုဏ်ထူးဆောင်လိုက်တဲ့ ဆုံးဖြတ်ချက်ပါပဲ ဒီဆုံးဖြတ်ချက်ရဲ့ နောက်မှာ ပါရှိတဲ့ ဂယက်ရိုက်ခက်မှုတွေကို (ပြည်သူတွေရဲ့ ဝမ်းသာပျော်ရွှင်ခြင်း၊ အစိုးအရအဖွဲ့ဝင်များရဲ့ ပြစ်တင်ဝေဖန်ခြင်းများ) 

သူလဲ ခံစားရမှာပါ။

ဘာပဲဖြစ်ဖြစ် သမ္မတကြီးအနေနဲ့ သူတက်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်ပြီးတော့ လုပ်ဆောင်ပေးပြီးပါပြီ ကျွန်တော်တို့ ပြည်သူတွေဘက်ကလဲ တက်နိုင်သလောက် ဝိုင်းကာဝန်းကာ ကြိုးပမ်းပေးဖို့ပဲ ကျန်ပါတော့တယ် ဘယ်လက်သမားဆရာမှ အိမ်တစ်လုံးကို တစ်ယောက်ထဲ မတည်ဆောက်နိုင်ပါဘူး ဒီလိုပါပဲ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးကိုလဲ သမ္မတကြီးဦးသိန်းစိန် တစ်ဦးထဲ ကြိုးပမ်းမပေးနိုင်ပါဘူး ဒီနေ့ကစပြီး ကျွန်တော်တို့လဲ ကိုယ်တက်နိုင်တဲ့ အခန်းကဏကနေ ကြိုးပမ်းပေးကြပါဆိုခင်ဗျာ။

Sunday, January 8, 2012

ခေါင်းစဉ်မဲ့

ဘယ်ဘက် ရင်အုံစီက
ဆစ်ကနဲ နာကျင်မှုနဲ့အတူ
လက်ခနဲ အပြုံးတချက်
ငါ့ နှုတ်ခမ်းထက် တောက်ပသွားတယ်။
တစစ ကြီးထွားလာတဲ့
ဥပက္ခာကို ထင်ထင်ရှားရှား
ခလုပ်တိုက်လိုက်တဲ့ တဒင်္ဂ။
အချစ်ဆိုတဲ့ စကားလုံးအောက်မှာ
တိတိပပ ပေးလိုက်ရတဲ့
ခံစားချက်
တိတိကျကျ ပြန်ရလိုက်တဲ့
မျက်ရည် အချိုးကျနစွာ။
နောင်တမဲ့နေတဲ့
ခပ်မိုက်မိုက်ကောင်
အက်သွားတဲ့ ရင်ဘက်ကို
ငုံကြည့်ရင်း...
မျက်ရည်တစ်စက် ခုန်ဆင်းသွားခဲ့တယ်။

ညဝေးကြယ်။ ။

Friday, December 23, 2011

အချစ်လို့ခေါ်သလား



You told me You'll love me forever,
How long is forever to You?

Everyone always tell me
to listen to my heart,
But what happens
when even my heart
Doesn't know the answer

A guy and A girl can be just friends.
they will fall for each other...
May Be temporarily
May Be at the wrong time
May Be too late
or
May Be forever...?


The hardest part of moving forward
is not looking back...