Wednesday, December 14, 2011

ကြိုး

ထောင်းခနဲ ဆိုတဲ့အသံနဲ့အတူ
ကြိုးပြတ်သွားခဲ့တယ်။

လူလိမ္မာမဟုတ်ခဲ့တော့
အလျှော့အတင်းဆိုတဲ့
စကားလုံးတွေကို
မျက်ကွယ်ပြုခဲ့သူ...

စောင်းကြိုးလို
အလျှော့အတင်း မညှင်းခဲ့သလို
ဝါယာကြိုးလို
နွေမှာလျှော့ပြီး
ဆောင်းမှာမတင်းနိုင်ခဲ့သူ...

စွန်တစ်ကောင်လို
မာန်မဝင့်ခဲ့ပေမယ်
မှန်စာတိုက်ထားတဲ့ကြိုးလို
မာန်ကြီးခဲ့မိသူ...

တင်းလွန်းရင်ပြတ်
လျှော့လွန်းရင်ပတ်တဲ့
လျှော့ကြိုးကုန်ချိန်ရောက်မှ
ဘွာတေးလုပ်မိသူ...

ဒီလိုနဲ့ပဲ
ဘယ်သူမှမကြားနိုင်တဲ့
ကြိုးပြတ်သံဟာ
ငါ့ နားဝမှာတော့
မိုးချိမ်းသံထက် ကျယ်လောင်လွန်းခဲ့တယ်။

ညဝေးကြယ်။


Wednesday, December 7, 2011

လွင့်ကျသွားသော

နယ်စပ်ဒေသ

နေ့ နဲ့ ည ကြားမှာ
တစ်စက္ကန့် ပဲ ခြားတယ်။

... တစ် ဒီဂရီနဲ့ 
သုံးရာခြောက်ဆယ် ဒီဂရီကြားမှာ
တစ် ဒီဂရီပဲ ခြားတယ်။

ဆောင်းနဲ့ နွေကြားမှာ
လေတစ်ဝှေ့ ပဲ ခြားတယ်။

အပြာနဲ့ အစိမ်းကြားမှာ
အ၀ါတစ်စက်ပဲ ခြားတယ်။

ရှင်ခြင်းနဲ့ သေခြင်းကြားမှာ
မျက်တောင်တစ်ခတ်ပဲ ခြားတယ်။

အချစ်နဲ့ အမုန်း ကြားမှာ
မျဉ်းတစ်ကြောင်းပဲ ခြားတယ်။

ဟိုဘက်ကို ကူးဖို့ ဆိုတာ
လွယ်လွယ်ကလေးပါ။ ။

မင်းလူ။ 
 
နေတွေ ညတွေမှားနေတာ မဟုတ်ခဲ့ပါဘူး ငါဆိုတဲ့ မိန်းမတစ်ယောက် တည်ရှိနေတာကို ကြက်ခြေခတ်ကြီး တစ်ခုပါ  ဘဝမှာ မှန်ကန်ခြင်းတွေ ရှာဖွေနေခဲ့ပြီး အမှားတွေ အကြိမ်ကြိမ်ကျူးလွန်မိနေတဲ့ ငါ့ကို ဘယ်နတ်ဒေဝါကမှ မတားဆီးခဲ့ရတာလဲ 
 နောင်တဆိုတဲ့ ဝေါဟာရကို ငယ်ပေါင်းကြီးဖော်နေရာကနေ ရန်သူကြီးတစ်ယောက်လို သတ်မှတ်ပေးပါ မျဉ်းတစ်ကြောင်းကို ငါကူးရဲတဲ့ သတ္တိမရှိပါဘူး မျက်တောင်တခတ်လေးတော့ ငါခြားချင်နေမိတယ် ရှင်သန်ရတာ ပင်ပန်းလွန်းပါတယ် 
အတိတ်ကို လှည့်ကြည့်လိုက်ရင် နတ္တိ ပစ္စုပန်ကလဲ ဗလာ ငါ့အတွက် အနာဂတ်ဆိုတာ စက္ကူလွတ်တရွက်ပါ စိတ်ခန္ဓာတစ်ခုလုံး မနက်ဖြန်မရှိတဲ့ အိပ်စက်ခြင်းနဲ့ အိပ်စက်လိုက်ချင်တယ် ရှင်သန်ခြင်းက အဲ့လောက်တောင် ခက်ခဲနေရသလား တိုးတိုးဖွဖွရေရွတ်မိတာ ခဏခဏ
ဦးနှောဏ်တစ်ခု လက်နှစ်ဖက် နှလုံးသားတစ်ခု အစာအိမ်တစ်ခု ပါတာခြင်းအတူတူ ဘာဖြစ်လို့များ လောကဓံကို ရင်ဆိုင်ရဲတဲ့ သတ္တိဆိုတာလေး ပျောက်ဆုံးနေရတာလဲ
ဆန့်ကျင်ဘက် မှန်သမျှကို ကြောက့်ရွံ့နေရအောင် ငါလဲလူတစ်ယောက်ပါပဲ ဂျိုမပါပါဘူးကွယ် 
၁။ လာဘ်ရမှု၊
၂။ လာဘ်မရမှု၊
၃။ အခြံအရံရှိမှု
၎။ အခြံအရံမရှိမှု၊
၅။ ကဲ့ရဲ့မှု၊
၆။ ချီးမွမ်းမှု၊
၇။ ချမ်းသာမှု၊
၈။ ဆင်းရဲမှု အဲ့ဒီ့ လောကဓံလေးတောင် ငါတွန်းလှန်နိုင်စွမ်း မရှိခဲ့ဘူး
တကယ်တော့ ငါဆိုတဲ့ မိန်းမတစ်ယောက်က ဘဝဆိုတာကို စိတ်ကူးယဉ် ကဗျာတစ်ပုဒ်လို သတ်မှတ်ခဲ့မိတာ နွေးထွေးတဲ့ နေရောင်ခြည် အေးမြတဲ့ မိုးရေ ချမ်းစိမ့်တဲ့ ဆောင်းလေရူး အဲ့ဒါတွေပဲ ဘဝလို့ ထင်မှတ်ထားတာ စူးရှတဲ့ နွေနေပူ ပြင်းထန်တဲ့ မိုးခြိမ်းသံ သွေးခဲစေတဲ့ ဆောင်းည အဲ့ဒါတွေလည်း ဘဝပဲဆိုတာ မေ့လျော့နေမိတာ
ဘဝဆိုတာ ကဗျာတစ်ပုဒ် စာတစ်ပုဒ် သီချင်းတစ်ပုဒ် ပန်းချီကားတစ်ချပ်မှ မဟုတ်နိုင်တာ နောက်ဆုံးတော့လဲ လွင့်ကျသွားတဲ့ ငါ့စိတ်ဓါတ်ကို ခပ်လေးလေးကုန်းကောက်လိုက်ပြီး ညာဘက်ရင်ဘက်ထဲ ထိုးထည့်လိုက်တယ် အသက်မဲ့နေတဲ့ အပြုံးလေးကို ငါ့နှုတ်ခမ်းထက် ချိတ်ဆွဲလိုက်ပြီးတော့ ငါမနိုးထချင်တော့တဲ့ မနက်ဖြန်ခရီးကို ယိုင်နဲ့နဲ့လေး ဆက်သွားနေရတယ်။
အကယ်၍ သတ္တိဆိုတာလေးများ နတ်ဒေဝါတစ်ပါးပါးက ပေးသနားခဲ့ရင် မနက်ဖြန်ဆိုတာကို မနှိုးထချင်တော့ဘူး.. အကယ်၍ မျဉ်းတစ်ကြောင်းသာ ငါကူးခဲ့ရင် မျက်တောင်တခတ်ဆိုတာ ပြီးဆုံးခဲ့ပြီ.. လွင့်ကျသွားတဲ့ စက္ကူလွတ်တစ်ရွက်ကို ဖမ်းဆုပ်ရင်း မနက်ဖြန်ကို ယိုင်နဲ့နဲ့ ခရီးဆက်လိုက်ပါအုံးမယ် အမေ။

Friday, December 2, 2011

ချစ်သောအမေနဲ့အဖေ... သို့။


အမေနဲ့အဖေ ကျေးဇူးတင်ပါတယ် သမီးကို ဒီအရွယ်အထိ အတက်နိုင်ဆုံးပံ့ပိုးပြီး အနွေးထွေးဆုံး ချစ်ကြင်နာခဲ့လို့ပါ။ တကယ်ဆို သမီးအသက်အရွယ်က ဘဝတစ်ခုကို ခြေစုံရပ်တည်နိုင်ပြီလေ ဒါပေမယ့် သမီးရဲ့အသုံးမကျမှုကြောင့် အရိပ်မမိုးပေးနိုင်ဘူးနော် သမီးဆိုတာ ထီးတဲ့လေ အဲ့ထီးက နေပူမိုးရွာ ကာကွယ်ပေးမဲ့ ထီးရွက်မရှိခဲ့ပါဘူး သမီးကြိုးစားမှာပါ။


ခိုလှုံစရာရင်ခွင်သစ် ရှိနေပြီဆိုလဲ သမီးအတွက့်ကတော့ ရင်ခွင်ဟောင်းကို လိုအပ်နေမြဲပါ ခဏခဏလဲကျတက်တဲ့ သူအတွက့် အိမ်ဆိုတာ နားခိုစရာလေ အတောင်စုံရင်တောင် ခြေစုံမကန်သွားပါဘူး အတောင်စုံမယ့်အချိန် ကျော်လွန်နေခဲ့တာတောင် အဖေရှာဖွေလာတဲ့ အမေခွံကျွေးမယ့် အစားအစာကို အသိုက်မြုံထဲကနေ စောင့်စားနေတဲ့ ငှက်တစ်ကောင်ပါ။


ဘဝဆိုတာက စိတ်ကူးယဉ်ဝတ္တုတစ်ပုဒ် မဟုတ်ခဲ့ပါဘူး ဒါပေမယ့် သမီးအမြဲ စိတ်ကူးယဉ်တက်တယ် အတွေးအခေါ်ကောင်းတယ်ဆိုတာ ဖန်တီးနိုင်တဲ့သူမှပါ ဖန်တီးနိုင်တဲ့ စွမ်းရည်ရှိပေမယ့်လည်း အဲ့ဒါကိုတဖန်အသုံးချနိုင်မှလေ ခုတော့ ဖန်တီးနိုင်ယုံမှာတင် ရပ်တန့်နေတဲ့ သူတစ်ယောက်အတွက်ကတော့ အရာရောက်တယ်ဆိုတဲ့ ဝေါဟာရ ပိုင်ဆိုင်ဖို့ တော်တော်ကြိုးစားအားထုတ်ရမယ် ထင်ပါတယ်။

ဤခရီးနီးသလား
ငါးနာရီလာရသည်
မီးရထား စီးလာပါ
အလကား မစီးရ။ မူလတန်းကျောင်းနေအရွယ်က သင်ခဲ့ရတဲ့ စာလေးတစ်ပုဒ်ပါ လူ့ဘဝခရီးက နီးလားဝေးလား မသိရပေမယ့် သမီးသွားနေတဲ့ ခရီးကတော့ လမ်းပျောက်နေတယ်။

ကြီးမိုက်တဲ့ ကိုယ့်ကိုကိုယ် အဲ့ဒီ့ဘွဲပေးလိုက်ပါပြီ အရင်က ပန်းတိုင်ဆိုတာ အရေးကြီးခဲ့သလောက် အခု ပန်းတိုင်ပျောက်တာ နှစ်ချီခဲ့ပါပြီ လမ်းပျောက်နေတာကို စမ်းတဝါးဝါး လျှောက်နေခဲ့သူ မဟုတ်ပါဘူး  လမ်းမှားကို လိုက်နေမိသူပါ။

ခုအရာရာကို ချင့်ချိန်တက်ပါပြီ လူကြီးလုံးလုံးဖြစ်နေတဲ့ အရွယ်ရောက်မှ ချင့်ချိန်တော့မယ့် သူတစ်ယောက်ကို နားလည်ပေးပါ အမြဲသမီးအပေါ် နားလည်ပေးခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ သမီးကိုယ်တိုင် တောင်းဆိုမိတာပါ။

၂၀၁၁ ဒီဇင်ဘာက က သမီးလမ်းမှားနေတာကို မီးမောင်းထိုးပြလိုက်တာပါ ၂၀၁၂ ကနေစပြီး သမီးဘဝကို အကောင်းဆုံးဖြစ်အောင် ဦးတည်လိုက်ပါပြီ လမ်းမှားရောက်ခဲ့ရင်လဲ လမ်းမှန်ပြန်ရောက်အောင် ကြိုးစားမှာပါ သမီးအိမ်ပြန်လာတော့မယ် အဖေနဲ့အမေ မိဘနဲ့ အတူတကွ နေထိုင်တော့မယ် ရုပ်ဝတ္တုပစ္စည်းတွေ မပံ့ပိုးနိုင်ခဲ့ပေမယ့် မိဘကို ခြေဆုပ်လက်နယ် ပြုနိုင်မယ်လေ သမီးလူဆင်းရဲတာမှုပါဘူး စိတ်မချမ်းသာတာကြီးကို မလိုချင်တော့ပါဘူး တိုးတက်မလားလို့ ထိုးထွက်ခဲ့မိတာမှ စိတ်ဓါတ်တွေပျက်စီးခဲ့ရတဲ့ ကိုယ့်ဘာသာ နှမြောမိပါတယ် အဆိုးထဲက အမြတ်ကတော့ အိမ်ဆိုတာ ဘယ်လောက်တန်ဘိုးကြီးမှန်း သိခွင့်ရလိုက်တာပါ။

ဘဝဆိုတာ တိုက်ပွဲတဲ့ သမီးနောက်မှာ စစ်ကူမရှိဘဲ မတိုက်တော့ပါဘူး အိမ်ဆိုတဲ့ နောက်တန်းရှိမှ သမီးတိုက်ပါတော့မယ် မနိုင်တဲ့စစ်ကို အကြိမ်ကြိမ်တိုက်ခဲ့မိတော့ စစ်ရှုံးတာပဲ အဖတ်တင်ခဲ့ရတာပေါ့။

အရွက်မဲ့တဲ့ ထီးတစ်လက်ကနေ ထီးရွက်၊ထီးကိုင်း၊ထီးရိုး၊ထီးခလုပ် ပြည့်စုံတဲ့ ထီးတစ်လက်ဖြစ်အောင် ကြိုးစားပါတော့မှာပါ။

ညဝေးကြယ်။

Friday, November 25, 2011

Sunday, November 20, 2011

Real Live

အခု လက်ရှိဘဝကြီးကို တော်တော်စိတ်ကုန်နေမိတယ် မနက်နေခေါင်းပေါ်ရောက်ခါနီးမှ အိပ်ယာထ ရေချိုး လာကြိုတဲ့ ရုံးကားပေါ်တက် အလုပ်လာ အလုပ်ရောက်ရင် Internet ဝင် လုပ်ချင်တာလုပ် မလုပ်ချင်လဲ အလုပ်လုပ် ပြီးရင် ထမင်းစား ၁၀နာရီထိုးကာနီးမှ Bank in သွင်း ပြီးရင် အိမ်ပြန် ညစာစားချင်ရင် စားတယ် မစားချင်ရင်မစားဘူး ပြီးရင် Internet ဝင် နေမကောင်းရင် စောစောအိပ်ရင် ည ၁၂ နာရီ ရယ်ခဲ့မိပါတယ် ဘဝဆိုတာကြီးက နတ္ထိကြီးပါလားဆိုပြီးတော့..။

အဲ့လို စက်ရုပ်တရုပ်လို အချိန်ဇယားတွေအောက်မှာ လုပ်နေတာတောင် ၄ နှစ်ဆိုတဲ့အချိန် ရောက်လာတယ် ဗလာကြီးပဲ ရုပ်ဝတ္တုကြည့်မလား စိတ်ခံစားချက်ကြည့်မလား (Blog ရေးနိုင်တာကတော့ အမြတ်တစ်ခု ရှိပါတယ်) သူငယ်ချင်းကပြောတယ်...


“ စိတ်ကူးမလွဲနဲ့နော် မဝိုင်း
  ဒီလိုမျိုးမီးမှန် ရေမှန်နဲ့နေရပြီး အဲယားကွန်းခန်းထဲမှာ 
  အင်တာနက် အလကားပေးသုံးပြီး 
  ကွန်ပြူတာလေးကို ဂျောက်ဂျက်မြည်ရုံ ရိုက်ရုံနဲ့
  တစ်လကို လေးငါးသိန်းမျိုးဆိုသလိုရတာမျိုးက
  ရှေးဘဝ ဘဝက ကုသိုလ်ပါပေလို့နော့
  မဝိုင်းရယ်  အားကျလိုက်တာပ။ ”

ကျွန်မ သူ့ကို ပြန်ပြောမိတာက “ money is everything but money cant get healthly and happily right
 i wann get poor live cuz dont have stress and any pressure , force :) ” 

ဆင်းရဲသားဘဝက လူသာဆင်းရဲတယ် စိတ်ချမ်းသာတယ် 
ထမင်းတော့ ငတ်တယ် သတ်သေမယ့် အတွေးမျိုးမရှိဘူး 
မီးမရှိဘူး ဖယောင်းတိုင် တစ်တိုင်ခြင်းဝယ်သုံးမယ် 
ရေမရှိဘူး ကိုယ်တိုင်ခပ်သုံးမယ် 
Aircon မရှိဘူး ယပ်ခတ်နေမယ် 
Internet မရှိဘူး ရက်ကွပ် Video ရုံသွားမယ် 
Computer မရှိဘူး ရပ်ကွက်ထဲက သတင်းက Connection ကျလဲ သိရတယ် 
တစ်လ ၄၊၅ သိန်းရလဲ ထမင်း နှစ်နပ်စားပြီး ကျောတစ်နေရာစာ အိပ်ရတာပဲ 
နေ့စားလုပ်ရလဲ ထမင်း နှစ်နပ်စားပြီး ကျောတစ်နေရာစာ အိပ်ရတာပဲ
စားတဲ့ အစားအစာခြင်းတော့ တူမယ် နောက်ဆုံးဝမ်းပြည့်ဖို့က အဓိကပါပဲ...။

ငယ်တုန်းက စကားတစ်ခွန်းရှိတယ် သူငယ်ချင်းတွေ နောက်နောက်ပြောင်ပြောင် ပြောမိတာ နေတက်ရင် ကျေနပ်စရာကြီးပါတဲ့ တကယ်ပါ ဘဝမှာ နေတက်ရင် ဘယ်နေရာမဆို အဆင်ပြေပါတယ် အဲ့ဒါကို တစ်ဘဝ တစ်ခန္ဓာကို မွန်းမံနေမိတဲ့ ကိုယ့်အပြစ်တွေပါ..။

တခါတလေကျရင် အတိတ်ကို ပြန်သွားကြည့်မိတယ် အဲ့လိုပြန်သွားမိရင် လက်ရှိအချိန်လေးကို နှစ်သက်စွာ မက်မောမိတယ် အတိတ်မှာ ပျော်ရွှင်စရာတွေ နာကျင်စရာတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်လို ပြန်မရနိုင်ဘူးလေ စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို အားပေးချင်တယ် ကျွန်မ Blog ကို ဝင်ဖတ်ကြည့်ပါ ခဏခဏ ဘဝဆိုတာကြီးကို ကျောခိုင်းချင်ခဲ့ပါတယ် ဒါပေမယ့် ကျွန်မခုအချိန်ထိ တည်ရှိနေသေးတယ်လေ..။

ဘာဖြစ်လို့ကျွန်မ အသက်ရှင်နိုင်သေးလဲဆိုတော့ အဲ့ဒီ့အချိန်မှာ ကမ္ဘာပျက်လောက့်တဲ့ ခံစားချက်တွေမှာ စက္ကန့်လေးတစ်ချက် ရွေ့သွားတာနဲ့ ခံစားမှုလဲ ပြောင်းလဲသွားတယ်လေ လီမွန်တီး ပုံပြင်လေး ဖတ်ဖူးခဲ့ရင် နားလည်မှာပါ ကောင်းမွန်တဲ့ လီမွန်တီးတစ်ခွက်ရဖို့ အချိန် ၁၂ နာရီစောင့်ရသလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်အတွက့် အချိန် ၁၂ နာရီလောက့်စောင့်လိုက့်ပါ အတိတ်က ၁၂ နာရီမှာ ကမ္ဘာကြီးပျက်သွားမယ့် ခံစားမှုက ပစ္စုပန် အချိန်မှာ ကမ္ဘာသစ်တစ်ခု တည်ဆောက်နိုင်မှာပါ..။

ဘယ်လောက့်သေးငယ်တဲ့ အမှုပဲ ဖြစ်နေပါစေ အချိန်ဆိုတာကို စောင့်ပေးလိုက့်ပါ အချိန်ဆိုတာ အကောင်းဆုံးသမားတော်တဲ့ အဲ့စကားပုံလေးက ကျွန်မအတွက့် နတ်ပေးတဲ့ဆေးတစ်ပါးပါ ခဏခဏလဲကျတက့်တဲ့ ကျွန်မအတွက့် အချိန်ဆိုတဲ့ သမားတော်ကြီးက ကုသပေးခဲ့တာ ဘဝတစ်လျှောက်လုံးပဲလေ..။

ဆရာတော် အရှင်ဆေကိန္ဒ တရားပွဲတစ်ခုမှာ ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်း ကျွန်မအမြဲ မှတ်သားထားတယ် ကိုယ်နဲ့တန်မှ ရတာပါတဲ့။ ကျွန်မကတော့ တစ်ခုခုကို ဆုံးရှုံးခဲ့ရင် ငါနဲ့မတန်လို့ဆိုတဲ့ အတွေးမျိုးတွေးလိုက့်ပါတယ် ငါအဲ့ဒီ့အရာကို ထိုက်တန်ဖို့ လိုနေသေးတာလို့ ကိုယ့်ဘာသာ နှစ်သိမ့်လိုက့်တယ် အဲ့လို့နှစ်သိမ့်မိတဲ့ ကျေးဇူးက နောက့်ထပ်ရလာတဲ့ အရာက ကျွန်မလိုချင်ခဲ့တဲ့အရာထက် ပိုပြီးတန်ဘိုးကြီးတဲ့ ကျွန်မပိုပြီးမြတ်နိုးတဲ့ အရာဖြစ်နေခဲ့တယ် ပါရမီ၊ရေစက်ဆိုတာက တားဆီးမရနိုင်တဲ့အရာတွေပါ..။

အတိတ်မှာ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ အနာဂတ်ဆိုတာကြီး ဘယ်လောက့်ပဲ လှပနေပါစေ ပစ္စုပန်ဆိုတဲ့ လက်ရှိအချိန်လေးက ကိုယ့်အတွက့် တကယ့်ဘဝလေးပါ အဲ့ဒီ့တော့ ပစ္စုပန်အချိန်မှာ ဘယ်လောက့်ပဲ ရှုံးနိပ်နေပါစေ ၁၂နာရီကျော်ရင် အဲ့ဒီ့အရှုံးက အတိတ်ဖြစ်သွားပြီလေ ကိုယ်နဲ့ မပတ်သတ့်တော့ဘူးလေ ဒါကြောင့်ဘယ်လောက်ပဲ နာကျင်နေပါစေ ကြေကွဲဝမ်းနည်းနေပါစေ အချိန်ခဏလေး ပေးလိုက့်ပါ အဲ့ခံစားချက်ကနေ လွတ်မြောက်သွားပါတယ်..။
သူငယ်ချင်းမိတ်ဆွေများ အားလုံး ကောင်းမွန်တဲ့ လီမွန်တီးတစ်ခွက် အမြဲ သောက်သုံးနိုင်ကြပါစေရှင်..။


Monday, October 31, 2011

YGN LIVE

30th Sep 2011, Friday

YGN ကိုပြန်ရောက်တယ် အဖေနဲ့ အမေလာကြိုတာဆိုတော့ အရမ်းပျော်မိတယ်။

1st Oct 2011, Saturday

မနက်၇နာရီခွဲ ကလေးတစ်ယောက်ရဲ့ ဘဝကိုစတွေ့ရတယ် မမရဲ့ နှိုးစက်နာရီလို မြည်သံက ထွက်ပေါ်လာတယ် “ ရတီ အင်္ဂလိပ်စာကျောင်းသွားရမယ်လေ မထသေးဘူးလား... ” ၁၀နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အိပ်ချိန်က ၈နာရီတောင် အနိုင်နိုင်ဖြစ်နေတယ်...

ကိုယ့်ဘေးက ကလေးလေးလှုပ်ရှားလာတယ် “ အမေဘယ်နှစ်နာရီထိုးပြီလဲ... ” ဆိုတဲ့အသံနဲ့အတူ သူမ နံနက်ခင်းကို ပြင်ဆင်လိုက်တယ် ရေချိုး၊အဝတ်အစားလဲ၊မနက်စာစားရင်း ၈နာရီအတန်းကို သူမထွက်သွားတယ်...

ကလေးလေး ကျောင်းသွားတာတောင် ကိုယ်ကတော့ အိပ်ယာထဲမှာ ဇိမ်ကျနေတယ် မမကို ကလေးကြိုရမယ့်အချိန်မေးရင်း တစ်နေ့တာကို စတင်ဖွင့်လှစ်လိုက်တယ် အမေပြင်ဆင်ပေးထားတဲ့ ကောက်ညှင်းပေါင်းနဲ့ ကော်ဖီသောက်ရင်း 5series ကလွှင့်နေတဲ့ ဇာတ်လမ်းတွေကြည့်ရင်း ဝရံတာကနေ လမ်းမထက်ငုံကြည့်မိတယ် တစ်နေတာ စားဝတ်နေရေးအတွက် လူတွေ ပုံစံစုံ၊အရွယ်စုံ လမ်းမထက်မှာ ပျားပန်းခတ်လှုပ်ရှားနေကြတယ်...

၉နာရီခွဲမှာ ရတီ့ကိုကျောင်းကြိုလာတယ် တစ်လမှာ ၈ရက်တက့်ရတဲ့ အင်္ဂလိပ်ကျောင်းက ၁သောင်းခွဲတဲ့၊ ကျောင်းကျူရှင်က ၅သောင်း၊ ဒါတောင် Guide လုပ်ပေးတဲ့ ဆရာမကလူရင်းတွေမို့ Free ဘုရားဘုရား ကလေးမုန့်ဖိုးနဲ့ဆို သူတင်တစ်လ ၁သိန်း ကိုယ်ပို့တဲ့ပိုက်ဆံက ၁သိန်းခွဲ ၆၅နှစ်အရွယ် အဖေပင်စင်ယူပြီး အိမ်မှာမနေနိုင်တဲ့ အဖြစ်ကို နားလည်မိသွားတယ်...

မနက်က အဖေရုံးသွားခါနီး အမေဈေးဖိုးတောင်းသံ ကြားမိလိုက်တယ် သမီးငယ်ရောက်နေတော့ ၁ထောင်ပိုပေးတဲ့ ၅ထောင်တဲ့ အရင်က၄ထောင်ဆို တစ်လ၁သိန်း၂သောင်း ဆန်၊ဆီ၊ဆပ်ပြာ၊သွားတိုက်ဆေး ကျန်တဲ့လူသုံးကုန်က မမဝယ်တာ ဘုရားဘုရား အိမ်စရိတ်တင် ၂သိန်း ရေဖိုး၊မီးဖိုး၊ကျန်းမာရေးစရိတ် ဟူးးး မောလိုက်တာ တစ်လ ၄သိန်း ကိုယ်ပို့တာက ၁သိန်းခွဲ အဲ့ဒါတောင် မပို့တဲ့လကရှိသေးတယ် တစ်လတစ်လ အဖေဘယ်လို ရင်မောနေမလဲဟင်...

ရတီပြန်လာတော့ သူ့ style အတိုင်း Babie ကြည့်တယ် ခဏနေတော့ သူ့အမေက singing song ဆိုရော စာသွားကျက်ဖို့ စာအုပ်ပြင်တဲ့ စိတ်နဲနဲတိုလာတော့ မမကိုပြောမိတယ် “ ကလေးကအခုမှ ၅တန်း ဘာလို့အရမ်းမောင်းနေတာလဲလို့... ” နင်တူမက အိမ်မှာနေရင် Cartoon ကားပဲကြည့်နေတာတဲ့ ကလေးတစ်ယောက်ရဲ့ လွတ်လပ်မှုက ဘယ်မှာလဲ ကျောင်းဖွင့်ရက့်ဆို မနက်၆နာရီခွဲ ထရတယ် ၇နာရီကနေ ညနေ၄နာရီထိ ကျောင်းနဲ့ ကျူရှင် အိမ်ရောက်ရင် အားလပ်ချိန်ခဏပဲ ၈နာရီဆိုစာကျက် ၁၀နာရီမှအိပ် မနက်၆နာရီခွဲ ပြန်ထ စနေ၊တနင်္ဂနွေဆို နေ့လည် ၁နာရီထိ မနားရဘူး Run နေရတယ်...

ခေတ်ကြီးက တိုးတက်လာတာလား လူနေမှုအဆင့်အတန်းတွေ မြင့်မားလာတာလား ကိုယ့်စိတ်ထဲမှာတော့ အရာအားလုံး ရုပ်ဝတ္တုတွေကြီးစိုးနေတာ စိတ်ဆိုတဲ့ခံစားမှုက ချောင်တစ်နေရာမှာ အတင်းထိုးကြိတ်ဖိနှိပ်ခံနေရတာ...

ကိုယ်တိုင်လဲ ရုပ်ဝတ္တုနောက့်လိုက့်ခဲ့မိတာပဲလေ Laptop ဆိုလို့ Laptop ဝယ်တဲ့ အခု Iphone ရောဂါ အဲ့ဒါတွေက တကယ် စိတ်ပျော်ရွှင်မှုအတွက် ဖြည့်စည်းပေးတာလား လူမှုဘဝရုပ်ဝတ္တုယှဉ်ပြိုင်ဖို့အတွက် ဝယ်ယူနေကြတာလား တွေးမိရင် အစဆွဲထုတ်သလို အမျှင်တန်းနေမှာ အသေချာပဲ...

လူတွေက လောကဓံနဲ့ ရင်ဆိုင်ရတာ များလို့လား မသိပါဘူး United Living Mall က ပစ္စည်းသိမ်းတဲ့ ဝန်ထမ်းကစပြီး နောက်ဆုံး Taw Win Center က အထည်ဆိုင်ဝန်ထမ်းအထိ ရန်ကိုတစ်မြို့လုံးစာ စားဝတ်နေရေးဖြည့်စည်းပေးရသူလို ခက်ထန်နေလိုက့်ကြတာ ကိုယ်ပဲအသားမကျတာနေမှာပါ Customer The God မဟုတ်တော့ပါဘူး The Dog ဖြစ်နေပါပြီ ဒါတောင် ဝတ်ထားတာ သပ်သပ်ခတ်ခတ်မို့လို့ အိမ်မှာနေရင်း အဝတ်အစားနဲ့သွားချင်တာ အိမ်ကလူတွေက ပြောနေလို့ အံသြမိပါတယ် ဝန်ဆောင်မှုတွေကို...

အထူးကားတွေ လိုင်းတော်တော်များများ တွေ့ရပါတယ် ဘေးစောင်းထိုင်ရလို့ အထူးကားလို့ ရေးထားတာ ထင်ပါတယ် ဘယ်စီးစီး ၂၀၀ ဆိုတော့ အကြွေမအမ်းရတော့ဘူးပေါ့ ကောင်းပါတယ် Taxi ကားတွေကတော့ ရန်ကုန်ရဲ့ သင်္ကေတထင်ပါတယ် မီတာကို ရှိရဲ့သားနဲ့ မသုံးကြတာကတော့ အောင့်သတ်သတ်ဖြစ်မိပါတယ် ဟိုနားဒီနား ၁၅၀၀ ဆိုပေမယ့် Taxi ပဲစီးဖြစ်ပါတယ်...

ကိုယ်ကသာ ဈေးဖိုး၄၀၀၀ကို အံသြနေတာ တစ်နေ့ကိုယ့်ဘာသာ ဝယ်ကြည့်မယ်ဆိုပြီး ဈေးသွားမိတယ် ၉၀၀ ပိုတယ်ဆိုပြီး ဂုဏ်ယူနေမိတာ ညစာအတွက် ဘာမှမရှိလို့ တော်တော်ကသီသွားတယ် ဒူးနေရာဒူး တော်နေရာတော်လေ လောက်ငှအောင် ဝယ်တက့်တဲ့ အမေစီကနေ စာသင်ရပါအုံးမယ်...

ကျန်တဲ့ဒေသတော့ မပြောတက့်ပါဘူး ကျောက်မြောင်းထဲမှာတော့ လက်ဖက်ရည်ဆိုင်၊ Internet ဆိုင်၊ ဆံပင်ညှပ်ဆိုင် လက်ညှိုးထိုးမလွှဲပါပဲ လူလဲမပြတ်စေရပါဘူး ခေါင်းတစ်ခါလျှော် ၁၅၀၀ ပေါင်းဆေး ပျော့ဆေး ၂၅၀၀ လျှော်ကြတာပါ style တစ်ခုလား မသိပါဘူး ကိုယ့်အိမ်မှာ ခေါင်းမလျှော်ကြတော့တာ အိမ်ကအမေနဲ့ အမကအစ တူမတောင် အဆစ်ပါသေးတယ်...

ငွေယိုပေါက်တွေလို့ မြင်မိပေမယ့် သူတို့အတွက် စိတ်အပန်းဖြေတာပါဆိုပြီး သိပ်တော့အတိုက့်အခံ မပြောခဲ့ပါဘူး ထွက်သမျှဂျာနယ်ဝယ်တက်တဲ့ အဖေ့ကိုလဲ အပြစ်မပြောရဲပါဘူး မနက်၇နာရီကနေ ည၈နာရီထိ Run နေရတဲ့ အဖေ့ကိုလဲ သနားမိပါတယ် ရုံးပိတ်ရက်ဆိုတာ ဘုရားစူးနေရတယ် စနေမို့လို့ ၁နာရီလောက်ပိုအိပ်ရမလား မတွေးပါနဲ့ မနက့်၆နာရီကထဲက လူကြီးဖုန်းဝင်ပြီး တစ်နေတာ Run ရမယ့် အလုပ်ကစောင့်နေပြီ...

အရင်ကတော့ အထက်လူကြီး ယုံကြည်တော့ ကမ်းနားသစ်ပင် မဖြစ်နိုင်ဘူးဆိုပေမယ့် အချိန်ပြည့် Run နေရတော့ အဖေ့ကို အနားယူစေချင်တယ် ကိုယ်ကအဲ့စကားပြောနိုင်တဲ့ အင်အားမရှိသေးတော့ မျိုသိမ့်နေရတယ် ဆန်ကုန်နေလဲ ဒီအဖေ ဆီကုန်နေလဲ ဒီအဖေ စားဝတ်နေရေးအစ သာရေးနာရေးအဆုံး ဒီအဖေအိတ်ကပ်ကနေ နှိုက်နေရတော့ အနားမယူနိုင်တဲ့ အဖေ့ကို ကိုယ်ချင်းစာပါတယ်...

28th Oct 2011, Friday

ညထဲက အိပ်မပျော်ဘူး Aries နဲ့ ဖုန်းပြောပြီးတော့ ၁ နာရီထိုးတော့မယ် မနက်ဖြန် အိမ်နဲ့ဝေးရမယ်ဆိုတဲ့ အသိကြီးက ရင်ထဲဆို့နေတယ် အိပ်မပျော်သေးတဲ့ အဖေနဲ့အမေ ကုတင်ခြေရင်းသွားရင်း အသာကန်တော့မိတယ် အအိပ်ဆတ်တဲ့ မမကလှမ်းပြောတယ် မအိပ်သေးဘူးလားတဲ့ ရင်မောစွာနဲ့ အိပ်ယာဝင်မိတယ် ဘေးနားမှာ အိပ်ပျော်နေတဲ့ တူမဆံပင်ကို အသာအယာပွတ်ပေးနေမိတယ် “ တီလေး မပြန်ပါနဲ့ဆိုတဲ့ စကားသံ ကြားယောင်နေမိတယ် မွေးစကနေ ၆နှစ်ကျော်ထိ ထိန်းလာတဲ့ သံယောဇဉ်က ကြိုးတင်းနေပြီ... ”

မနက် ၄နာရီထဲက အဖေနဲ့အမေ နိုးနေတယ် ပြန်မယ်ဆိုတဲ့ အချိန်ရောက်တိုင်း သူတို့မပြန်စေချင်တာ နားလည်ပေမယ့် မသိကျိုးကျွန် နေလိုက်တယ် လူကြီးခရီးစဉ်ရှိလို့ လေဆိပ်ကို အဖေစောဆင်းရတယ် အမေကလိုက့်ပို့ချင်ပေမယ့် မပို့ခိုင်းတော့ဘူး သူငိုရင်ကိုယ်လဲ မျက်ရည်ကျမှာလေ မမနဲ့အိကေပဲ လိုက့်ပို့တယ်...

ယောင်းမကတော့ ညထဲကစားစရာတွေ အကုန်ထုပ်ပိုးပေးတယ် ဘယ်လောက်ပဲ အစီအစဉ်ဆွဲထား အနီးနားကြရင် အကုန်မေ့တာပဲလေ မိုးလင်းတော့လဲ ကျန်သေးတဲ့အထုပ်တွေ စီစဉ်ပေးတယ် ၇နာရီလေဆိပ်ဆင်းမယ်ဆိုတော့ တူမတော်က ငိုမဲ့မဲ့လုပ်နေတယ် လိုက့်ပို့မယ်ပြောတယ် သူကမငွေရင် သူငိုရင်အမေ့ထက်ဆိုးမယ် ချော့ပြီးကျောင်းကားပေါ်တင်ပေးရတယ်...

၈နာရီ လေဆိပ်ကိုရောက်တယ် တောသားမြို့တက်သလို လေဆိပ်ဟောင်းထဲ ဝင်ချသွားတယ် Taxi Driver ကအရှက်ပြေပြောတယ် ပြည်တွင်းထင်လို့တဲ့ Arrival ထဲဝင်ပြီး အဖေ့စီဖုန်းခေါ်တယ် ခပ်တည်တည်နဲ့ ငါစောသားပဲလို့ အဖေလာမှ ရယ်နေရတယ် ကွင်းချိန်းက ၈နာရီခွဲ အဖေမျက်နှာနဲ့ မြန်မြန်ဆန်ဆန်ပြီးသွားတယ်...

လဝက counter ထိလိုက့်ပို့ရှာတယ် အိမ်အတွက့်စိတ်မပူဖို့ ပြောရှာတယ် Gate 2 ရှေ့ကခုံမှာပဲ ထိုင်နေမိတယ် လာတုံးက လူမရှိတဲ့ လေယာဉ် အပြန်ကြတော့ ခုံနေရာမကျန်ဖူး အလာတုန်းက 8A, အပြန်ကြတော့ 5F တော်တော်အဆင်ပြေပါတယ် ပြတင်းပေါက်နေရာပဲရတယ်ဆိုတော့...

၉နာရီမှာ လေယာဉ်စတက်တယ် ပြေးလမ်းပေါ်အရှိန်ယူလိုက့်ထဲက အသိဝင်လာတယ် ငါဒီတစ်ခေါက် ပြန်လာတာ အများကြီးပြင်ဆင်ရတော့မယ်လို့ အဖေ့မျက်နှာကို ပြေးမြင်မိလိုက့်တယ် ပြတင်းပေါက်ကနေ အောက်ကပင်လယ်ပြင်ကြီး ငုံ့ကြည့်ရင်း သတိတရား ရမိတယ် အပြာရောင်မျိုးစုံဆိုပေမယ့် အဓိကကတော့ ပင်လယ်ရေပါပဲ ငါလဲလူထဲကလူပါပဲ ဂျိုမပေါက်ချင်ပါနဲ့လို့...

၁နာရီ KLIA ကိုရောက်ပေမယ့် တိမ်တွေထူနေတော့ တော်တော်ကြိုးစားပြီး ဆင်းရတယ် လေယာဉ်ကတော့ ငြိမ်နေတာပဲ ကိုယ်ကပြတင်းပေါက်မှာ နေရာရတော့ တိမ်တွေပိန်းပိန်းထူတာ မြင်နေရတယ် ရှေ့ ၁ပေတောင်မှ မမြင်ရတဲ့ကြားမှာ ဆင်းသတ်နိုင်တဲ့ MAI မှလေယာဉ်မှူး ကိုသူရအောင်ကို လေးစားမိပါတယ်...

လူဆိုတာ ကိုယ်လက်ရှိရှိနေတဲ့ နေရာမှာ အကောင်းဆုံးလုပ်နိုင်ဖို့ အကောင်းဆုံးဆိုတာ လက်ခံထားပါတယ်...

( မှတ်ချက်။ ။ ရေးချင်တာတွေကတော့ အများကြီးပါ မရေးနိုင်လို့ မရေးပဲနေရင် Blog နဲ့ အရမ်းဝေးနေတော့    ကြိုးစားပြီး ရေးလိုက်တာပါ။ )



Thursday, September 29, 2011

ရွှေချို





” လူတွေများ တော်တော်ရယ်ရတယ် သူတို့ပြောသမျှကို ရွှေချိုလုပ်ပြီး လိုက်လျောညီထွေ နေမိတော့ ခလုပ်တိုက်ကြတယ်... ဒီနေ့ကစပြီး closed ဖြစ်တဲ့ friend နဲ့ပဲ လိုက်လျောညီထွေ နေတော့မယ်... အတူနေတဲ့ သူငယ်ချင်း ၃ ယောက်လုံးကို ကျေးဇူးတင်ပါတယ် မိသားစုလို နွေးထွေး၊ဖေးမ၊နားလည်မှု အမြဲပေးခဲ့လို့ တကယ်ကျေးဇူးတင်ပါတယ်...။ ”

ဒီနေ့ Gtalk မှာရော FB မှာရော အဲ့ဒီ့စာလေးတင်ထားမိတယ်။ ကိုယ်ကပဲ ကံဆိုးတာလား ကံကောင်းတယ်လို့ ဆိုရမလား ကိုယ့်အကြောင်း နောက့်ကွယ်မှာ ပြောနေရင် ကိုယ်နဲ့ပက့်ပင်းတိုးမိတာ ခဏခဏ ပြောခံရတာများတော့ စိတ်ကုန်လာရော အဲ့လူတွေကိုပါ။ ကိုယ့်စရိုက်ကိုက သီးသန့်နေတက်တယ် ဒီကို စရောက်တုန်းကဆို အတူနေတဲ့ အမနဲ့ပဲ closed ဖြစ်တယ် ကျန်တဲ့သူဆို မေးထူးခေါ်ပြောပဲ။ နှစ်တွေကြာလာတော့ ကိုယ့်စရိုက်ကိုပြင်တယ် water follow, fish follow နေလိုက်မိတယ် ( ရွှေချိုလုပ်လိုက်မိတယ်ပေါ့ ဟိုကတူတူရေဆို ကိုယ်ကဝါးလိုက်မိပါတယ်) ဝန်ခံပါတယ်။ 

ဘာဖြစ်လာလဲဆို ကိုယ့်ရှေ့မှာတော့ ဟီးဟီးဟုတ်နေတာပဲ closed ဖြစ်တာပြောပါတယ် ကျောခိုင်းလိုက်တာနဲ့ နောက်ကျောကို ဓါးနဲ့ထိုးရော။ ကိုယ့်ထမင်းကိုယ်စားပြီး ရစရာမရှိအောင် ပြောခံရတော့လည်း မခံချင်ဘူး။ သူတို့ပြောလို့လဲ ကိုယ့်အလုံးအရပ်လျော့မသွားပါဘူး ကိုယ့်စီးပွားလဲ မထိခိုက်ပါဘူး ဒါပေမယ့် စိတ်မကောင်းတာ တစ်ခုပဲရှိပါတယ် လူတိုင်းကို ရင်းရင်းနှီးနှီး ပေါင်းသင်းလို့မရဘူးဆိုတာ နားမလည်ခဲ့မိလို့ပါ။ အခုတော့ နားလည်သွားပါပြီ အတူနေတဲ့ သူငယ်ချင်း ၃ ယောက်ရှိတယ်လေ သူတို့နဲ့ပဲ လိုက်လျောညီထွေဖြစ်အောင် နေတော့မယ် လူများတော့ ပြသနာများတယ်။

အမေ့ကိုဆို အဖေ့အဖေ၊ ကျွန်တော့်အဘိုး၊ သူ့ယောက္ခမက ခဏခဏပြောတယ် အိမ်ကိုအလည်လာတိုင်း မို့မို့ညည်းကိုယ့်ထမင်းကိုယ်စားပြီး ရွှေချိုမလုပ်နဲ့တဲ့ ပတ်ဝန်းကျင်ကို ကျေးဇူးဆိုတာ ကျေးဇူးပြုတဲ့သူမှ ကန်းကြတာတဲ့ တကယ်မှန်ပါတယ်။အမေက လူမှုရေးအရမ်းနားလည်တယ် ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွားကျောင်းတက်တယ်။
ဟိုတစ်လောကမှ အန်တီမြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)က FB မှာရေးခဲ့ပါတယ် ကျွန်မတို့ ပရဟိတသမားတွေက ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွားကျောင်းယုံတင်မကဘူး ကောက်ရိုးပုံပါ စောင့်ပေးရတယ်တဲ့။ 

တကယ်မှန်ပါတယ် အခုလဲ အမေ့သွေးပါတော့ ကိုယ့်ထမင်းကိုယ်စားပြီး ရွှေချိုလုပ်မိတယ် အဲ့တော့ ဖနောင့်တက်နင်းခံရတာ မှတ်ပြီလား နည်းတောင်နည်းသေးတယ် ကိုယ့်ဘာသာ ပြောချင်မိတယ်။ သူများလာပြောရင် တက်နိုင်သမျှ ရှောင်နေလိုက့်မယ် ရှောင်လို့မရရင် ဒီဘက်နားကဝင် ဟိုဘက်နားကထွက် လိုက်မယ် သူပြန်သွားရင် သူ့စကားလဲပျောက်ရောပဲ ရွှေချိုလုပ်ပြီး အလိုက့်တသင့်ပြောမနေတော့ဘူး။ တော်တော်လေး စိတ်ပျက်နေပြီ လူလေးနဲနဲတောင် ဒီလောက့်စကားရှုပ်နေတာ တရားလဲရပါတယ် တကယ်ပြောတာပါ။

သောကြာနေ့ဆို အိမ်ရောက်ပြီ အိမ်မှာနေတဲ့ တစ်လကို အမေနဲ့တရားလိုက်နာမယ် ကိုယ်စိတ်ကိုသန့်ရှင်းအောင် ဆေးကြောရမယ် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့က အရေးကြီးတယ်လေ။ ပြန်လာတာနဲ့ သီးသန့်ပဲနေတော့မယ် အလုပ်ကလူတွေရယ် အတူနေတဲ့သူငယ်ချင်းတွေရယ် ဒါလူကုန်ပဲ။ ပြန်လာရင် လုပ်စရာ အများကြီးပဲ အတ္တဟိတ အိမ်အတွက် လတိုင်းငွေလွှဲရမယ်၊ ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်ဖို့ ငွေစုရမယ်။ ပရဟိတ္တ မိဘမဲ့ကလေးတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေအတွက့် တက်နိုင်သလောက် လစဉ်လှူရမယ်။ ခုလိုမျိုး အကျိုးမရှိတဲ့ ရွှေချိုလုပ်ရပ်မျိုးကို မလုပ်မိစေရပါတော့ဘူး ကိုယ်ကောင်းအောင်ပဲ ကြိုးစားနေထိုင်ပါတော့မယ်။

Sunday, September 18, 2011

ရိုက်ချိုးမိတဲ့ တဒင်္ဂ





အလွဲတွေနဲ့
ကြီးပျင်းလာတဲ့
ခပ်ညံ့ညံ့လူတစ်ယောက်အတွက့်
နားလည်မှုဆိုတာ
အချိန်ထက် တန်ဘိုးကြီးပါတယ်..


နောင်တဆိုတာကြီးကို
အရင်ရမိရင်
ကောင်းမှာပဲ ကျွန်တော်ခပ်ကြောင်ကြောင်
တွေးမိဖူးတယ်..


အကြိမ်တစ်ရာမှားလဲ
တစ်ရာတစ်ကြိမ်မြောက်
ကျွန်တော်လွဲနေသေးတာပဲ..


ခံစားချက်တွေကို
ကြက်တောင်လိုလေပေါ် မြှောက်တင်ပြီး
ခပ်ဆတ်ဆတ် ခုတ်ချပြစ်လိုက်တယ်..။

Thursday, September 8, 2011

ခပ်ညံ့ညံ့အကောင် ကျွန်တော်။



မှတ်တိုင် ၃၀မှာ
အပြုံးကအင်္သေချေ
ခေါင်းစဉ်မဲ့တာက
အနန္တ…
မချိပြုံး၊မဲ့ပြုံးက
အင်္သေချေမက…
၅နှစ်သားအပြုံးကို
ကျွန်တော်မပြုံးတက်တော့သလို
မချိပြုံး၊မဲ့ပြုံးလဲ
မပြုံးပြချင်တော့ဘူး အမေ…
ဒီလိုနဲ့
ခပ်ညံ့ညံ့လူတစ်ယောက်
မှတ်တိုင်တစ်ခုတိုးသွားတယ်
၃၁ တဲ့…။

4th Sep 2011
Sunday, 2:03pm.

September 8th အဖေ နဲ့ အမေ ကျေးဇူးအသင်္ချေပါ… ဘ၀ဆိုတာကို အသက် ၃၀ထိ မှောက်လိုက် လှန်လိုက် အတည့်ကြည့်လိုက် ဇောက်ထိုးဖတ်လိုက် လုံးလည်ခြာလည်လိုက်ရင်း… ဘဝဆိုတာ ဘာလဲလို့ ခဏခဏပြန်မေးနေရတဲ့ 
ခပ်ညံ့ညံ့အကောင် ကျွန်တော့်မွေးတဲ့နေ့...

I hope last time could I get frosty shade for me always be
Now I got shade already but it can’t champion to me
May be I am egotism.
Nyawaykyal.

အေးချမ်းတဲ့ အရိပ်တစ်ခုမှာ ထာဝရခိုနားဖို့ ကျွန်တော် အိမ်မက်တွေ မက်ခဲ့ဖူးတယ်…
လက့်တွေ့မှာ ကျွန်တော့်ကို အဲ့ဒီ့အရိပ်က ရပ်တည်ကာကွယ် မပေးနိုင်ခဲ့ပါဘူး…
ကျွန်တော်ပဲ အတ္တကြီးခဲ့တာ ဖြစ်မှာပါ။
ညဝေးကြယ်။ ။

I AM THE KING OF MY KINGDOM!! : )
 
ဒီနေ့ကစပြီးတော့ ကျွန်တော့်ကိုကျွန်တော် အုပ်ချုပ်ပြီ အမေ..။

ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏။
ငါ့ကိုငါက အုပ်ချုပ်၍
ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။
တာရာမင်းဝေ။ ။


အသက်တာ ၃၀ပြည့်သွားတယ် လူက ၃၀အတွေး မတွေးတက်သေးဘူး
အရာရာ အရင်ကအတိုင်းပဲ မနှစ်ကအတိုင်းပဲ အသက်တစ်နှစ်ကြီးတာက လွဲလို့..
ဒီအချိန်ထိ အိပ်ရေးမက်တုန်း ပိုက်ဆံဖြုန်းနေတုံး နေမကောင်းရင် ဂျီကျတက်နေတုံး အရာရာကို ဒေါသကြီးတက်နေတုံး လောကဓံကို သီးမခံတက်တုံးလေ..
ကိုယ့်ခြေထောက်ပေါ် ခိုင်ခိုင်မာမာ မရပ်ချင်သေးဘူး အမှီကိုအမြဲ လိုအပ်နေတုံး
မရှိတဲ့သူထက် မသိတဲ့သူကခက်တယ်တဲ့ စကားပုံ ပြောင်းလိုက်ချင်တယ် မသိတဲ့သူထက်
သိပြီးမပြင်တဲ့သူ ပိုခက်တယ်လို့..

လူအ တစ်ယောက်ရဲ့ ပေါ့တီးပေါ့ဆ ညနေပေါ့
ပြန်မလာတဲ့ ဖိနပ်လေးအကြောင်းတွေးပြီး
ခုထက်ထိ သူ့ခြေထောက်ကို ရေဆေးနေတုန်း။
တာရာမင်းဝေ။ 

ညဏ်ရည်မမှီဘူး ပြောရအောင်လဲ ကိုယ့်ဘာသာ မဟုတ်ဖူးဆိုတာ သိတယ် IQ
ကသူများထက် ပြေးတယ် မပြေးတာက လူ.. ကိုယ့်ဘာသာ စိတ်မောမိတယ် ဘယ်လိုလုပ်ရမယ်မှန်း မသိတော့ပါဘူး..

အိမ်မှာနေရင် လူပိုကြီးမှန်းသိလို့ အိမ်ပြင်မှာနေတယ် လူပိုကနေ လူလိုကြီး ဖြစ်သွားတာပဲ
အဖတ်တင်တယ် လူဘေးနားက ပိုတဲ့ လိုတဲ့ စာလုံးကို မဖြုတ်ချနိုင်ဘူး လူဆိုတာမလုပ်ပြနိုင်သေးဘူး.. ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ အခြေအနေ မရောက်နိုင်မှန်းသိပါတယ် ငါဆိုတဲ့ အသိအမှတ်လေးတော့ ရချင်ပေမယ့် ဒီအချိန်ထိ မဖြစ်လာနိုင်ဘူး...

ငါကွ.. ဆိုတဲ့ စကားလုံးကို စိတ်ကူးမှာ အကြိမ်တစ်ရာမက အော်ခဲဘူးတယ်
လက်သီးဆုပ်ပြီးတော့ I’m Champion ပေါ့ အပြင်မှာတော့ တိုးတိုးလေးတောင်
မရေရွတ်ရဲဘူး ရှက့်လို့ပါ.. ကိုယ့်ဘာသာတောင် မကာကွယ် မစောင့်ရှောက်နိုင်တာ 
သူများကို ဘယ်လို စောင့်ရှောက်မလဲ ကာကွယ်ပေးနိုင်မလဲ.. 

အဖေပြောသလို တက်သမျှသင်တန်းတွေ နံရံကပ်ထားရင် Wallpaper ဖိုးသပ်သာမယ်တဲ့.. အပွင့်သိပ်မကားပါနဲ့တဲ့ သုံးလိုက်တဲ့ငွေတွေ ဖြုန်းလိုက်တဲ့ အချိန်တွေ ၂၇နှစ်ထိ.. ပြီးတော့အိမ်ပြင်ထွက်လာတယ် အချစ်ဆိုတဲ့ ထောင်ချောက်က်ထဲနစ်သွားလိုက်တာ ၃၀ ရောက်ရော ဒီအချိန်မှ မပြင်ရင် နောက့်ဆိုတာ ကျွန်တော့်အတွက် အခွင့်အရေးမရှိတော့ဘူးလေ..

ကိုယ့်ဘာသာ ဗျူဟာခင်းထားပါတယ် လူနဲ့စိတ်နဲ့ တိုက့်ရမယ့် စစ်ပွဲမှာ ရှုံးနိပ့်ရင် ဘဝဆိုတာ မရှင်သန်နိုင်တော့ဘူးလေ ဘဝမှာ အင်္သေချေရှုံးခဲ့ပေမယ့် ဒီတစ်ပွဲတော့ နိုင်ချင်ပါတယ်.. ဒီပွဲမှာအနိုင်ရမှ ရပ်တည်နိုင်မှာပါ မှတ်တိုင် ၃၀ပြည့်ပြီပဲ သရေလောက့်တော့ အနိပ့်ဆုံး ကြိုးစားတိုက်ရတော့မယ်...

ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။
တာရာမင်းဝေ။

“ ၈၊စက်တင်ဘာ၊၂၀၁၁။ အသက် ၃၀ ပြည့် အမှတ်တရ... ”

8th Sep' 11 I am 30 years already not Girl I am lady already!! :(