Friday, July 15, 2011

အချစ် = ?






People said means of Love some people said taking and some people said giving but
I understand means of Love wanna get all thing of related to him coz I’m Psycho!!


လူတွေက အချစ်ကို အဓိပ္ပါယ် ဖွင့်ကြတယ် တစ်ချို့က အချစ်ဆိုတာ ရယူခြင်းတဲ့... တစ်ချို့ကျတော့လည်း အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့... ကျွန်တော်ကရော ??


ကျွန်တော့်အတွက် အချစ်ဆိုတာ Dream တစ်ခုပေါ့ အဲ့ဒီ့အိမ်မက်ထဲမှာ မျှော်လင့်ချက်တွေ အနာဂတ်တွေ ပြီးတော့ ကျွန်တော့် ချစ်သူနဲ့ ပတ်သတ်နေသမျှ အရာအားလုံး ပိုင်ဆိုင်ချင်တယ် သူနဲ့ပတ်သတ်တဲ့ အဆိုးအကောင်း အကုန်လုံး နောက်ဆုံးကွာ သူ computer screen ပေါ်မှာ ရိုက်လိုက်တဲ့ စာလုံးလေးတစ်လုံးတောင် ပါတယ်...

Loving someone is so dangerous 4 heart....keep your heart safe...



လူတစ်ယောက်ကို ချစ်မိတာ နှလုံးသားအတွက် အန္တရာယ်တဲ့... (သေချာတာပေါ့..) ဘဝတစ်ခုလုံးတောင် ပျက်စီးသွားနိုင်တယ်...

အဲ့ဒါဆို မချစ်နဲ့ပေါ့ ခင်ဗျားပြောနိုင်ပါတယ် တစ်ခုတော့ သတိပေးချင်ပါတယ် အချစ်ဆိုတာ ဖန်တီးလို့မရဘူးဆိုတာ လက်ခံနိုင်ရင်ပေါ့ ဖန်တီးပိုင်ခွင့် မရှိတဲ့ခံစားချက်ကို ဖျက်စီးလို့လဲ မရပါဘူး...

(ျ  ) ရပင့်နဲ့ပဲ ချစ်ချစ် (ြ   ) နဲ့ပဲ ခြစ်ခြစ် ချစ်မိပြီဆိုတာနဲ့ ဒဏ်ရာရတက်ပါတယ်... လက်သည်းလေးခြစ်မိတာတောင် သွေးစို့ပြီး နာကျင်သွားရတာပဲလေ... နှလုံးသားတစ်ခုလုံး ချစ်မိပြီဆိုရင်တော့ အခန့်မသင့်ရင် အသည်းကွဲတက်ပါတယ်...


ရှေးရှေးတုန်းကလဲ အချစ်ဆိုတာ အဓိပ္ပါယ် ဖေါ်ခဲ့ကြတာပဲ ယခုခေတ်မှာလဲ အဓိပ္ပါယ် ဖေါ်နေဆဲပဲ နောင်တစ်ချိန်လဲ အချစ်ဆိုတာ ဘာလဲဆိုတာ သိချင်ကြမှာပဲ...

ကျွန်တော်ကြိုက်တဲ့ ကဗျာလေးလို အချစ်ဆိုတာလဲ ထာဝရ တည်ရှိနေအုံးမှာပါ...


Men   May   Come   and


Men   May   Go   but


I Flow on Forever!!


လူတွေ မွေးဖွားလာကြအုံးမယ်


လူတွေ နှုတ်ဆက်သွားကြအုံးမယ်


လူတွေသာ ပြောင်းလဲသွားကြမယ်


အချစ်ဆိုတဲ့ ခံစားချက်ကတော့ မပြောင်းလဲပဲ တည်ရှိနေအုံးမှာပါ ။ ။

Thursday, July 7, 2011

ရေခဲ မီးတောက်။


ရေခဲတုံးဆိုတာ မီးမလောင်ဘူးလို့ ဘယ်သူပြောခဲ့သလဲ သူကလောင်စာ မဟုတ်လို့ မီးတောက့်တော့ မမြင်ရပေမယ့် သူလောင်ကျွမ်းသွားတယ်ဆိုတာ အရည်ပျော်သွားတဲ့ အခါ လက်ခံရမှာပဲလေ။

ကျွန်တော်လဲ ရေခဲတုံးလိုပဲ ကျွန်တော့်ကိုယ်က မီးတောက့်ကို မမြင်နိုင်ပေမယ့် ကျွန်တော်ရှင်သန်မှု ရပ်တန့်သွားရင် လောင်ကျွမ်းသွားတာပါပဲ အသက်မရှုတော့မှ သေသွားတာ မဟုတ်ပါဘူး ရှင်သန်မှု မရှိတော့တဲ့ လူရှင်ကြီးတွေ အများကြီးပါ ကြည့်တက်ရင် မြင်နိုင်ပါတယ်။

ကျွန်တော်က ပုန်ကန်တဲ့ ဗီဇရှိတယ် ဖိနှိပ်ထားလို့ မရဘူး ဘယ်လိုအခြေအနေ အကြောင်းတရားကမှ ဖိနှိပ်ထားလို့ မရဘူး ချက်ခြင်းမဟုတ်ရင်တောင် ကျွန်တော် တွန်းကန်တက်တယ် ဗီဇဆိုတာ ပလပ်စတစ်အိတ်ထဲထည့် ရေခဲသေတ္တာထဲ ထည့်သိမ်းထားလို့ ရတဲ့အရာမဟုတ်ဘူးလေ။

တခါတခါ ကျွန်တော့်ကို ကျွန်တော် ပုံစံခွက်ထဲထည့် အအေးခံကြည့်ဘူးတယ် သူများနဲ့ တသားထဲ ဖြစ်နေအောင်လို့  အအေးဓါတ်လဲပြယ်ရော ကျွန်တော့်တွန်းကန်အားက ပိုဆိုးသွားတယ် ဖန်ခွက်တစ်ခုကို အပူပေးပြီး ရေလောင်းလိုက်သလို ခွမ်းကနဲ ကွဲအက်သွားတယ်။

လူတစ်ယောက် ရှင်သန်ဖို့ အတ္တ၊ ဗီဇ၊ ကျင့်ဝတ်သိက္ခာ တွန်းအားသုံးခု လိုတယ် အဲ့ဒီသုံးခု အချိုးကျဖို့လဲ အရေးကြီးတယ် ကျွန်တော်က တစ်ခုခုမှာ မမြဲအစွန်းရောက်နေတော့ ကျွန်တော် မရှင်သန်နိုင်တာ သဘာဝကျပါတယ်။

မီးဆိုတာ လောင်စာကျန်နေသေးသရွေ့ လောင်ကျွမ်းနေမှာပဲလေ လောင်စာကုန်သွားမှ မီးငြိမ်းသွားမှာ အဲ့ဒါကြောင့် ကျွန်တော့်ကို ကျွန်တော် မီးရှို့လိုက်တယ် လောင်နေတုန်းတော့ ကျွန်တော်ပူမှာပဲ အမေ လောင်စာကုန်လို့ မီးငြိမ်းသွားရင် ပြီးပါပြီ စာတန်းထိုးရုံပေါ့။

Monday, July 4, 2011

ကြွက်မြီးတန်းလေး မွေးနေ့။


ကြွက်မြီးတန်း (သို့) ရတီလေးမွေးနေ့

အမေ.. ကြွက်မြီးတန်းလေးတောင် ၁၀နှစ်ပြည့်ပြီနော် အချိန်ကုန်တာ မြန်လိုက်တာ ကြွက်မြီးတန်းလေး ကျွန်တော့်နောက် တကောက်ကောက်မလိုက်ရတာ ၃နှစ်တောင်ကျော်ပြီ။

ရတီလေးမွေးတော့ ကျွန်တော့်အသက် ၁၉နှစ်ပဲ ရှိသေးတယ် မမအိမ်ထောင်ကျတာစောတော့ မမကိုယ်ဝန်ရှိတာကို သူငယ်ချင်းတွေကို ပြောရမှာရှက်နေတယ် ၁၉နှစ်ဆိုပေမယ့် တကယ့်ကလေးလိုနေခဲ့တာ မမအတွက့်ကလေးပုံ Wall paper လေးတွေဝယ်ပေးတယ် သူငယ်ချင်းတွေက မေးရင် သူများအတွက်ချည်းပဲ ပြောခဲ့တာ။

ရတီလေးမွေးတဲ့နေ့ကျတော့ အဖေကလာမကြိုဘူးလေ အဲ့တုန်းက MK Fashion Square မှာ အလုပ်ဝင်နေပြီ ညဆို ၁၀နာရီမှ Yankin Center ကပိတ်တာ Customer ရှိတဲ့ Group ကိုစောင့်ရတာနဲ့ ၁၀နာရီခွဲမှ Ferry ကားထွက်ရတာများတယ် ရန်ကင်းနဲ့ ကျောက်မြောင်းက နီးနီးလေးဆိုပေမယ့် အိမ်ကို ၁၁နာရီမှ ရောက်တယ် အဖေက အမြဲလာကြိုတယ်။

အဲ့နေ့က အဖေကလာမကြိုဘူး သတိပဌာန်ထဲက Fighter ကလိုက်လာရော အဖေမကြိုလို့ ဒေါသကထွက်နေတော့ သူ့ကိုအစိမ်းလိုက်ဝါးစားမတက်ပဲ ဒေါကန်နေတော့ ကြောက်ရကောင်းမှန်းလဲ မသိဘူး အိမ်ရောက်တော့ ဘယ်သူမှမရှိဘူး ဖိုးပြည့်ကလဲ ပြင်ဦးလွင်မှာဆိုတော့ အိမ်မှာ အဖေနဲ့အမေ၊ မမတို့လင်မယားရယ် ကျွန်တော်ရယ်ပဲ ရှိတာ မမ ကလေးမွေးတော့ အကုန်ဆေးရုံရောက်နေတာပေါ့။

အိမ်ဘေးက မမီးကလာစောင့်ပေးတယ် ဆေးရုံလိုက်သွားချင်တာ အရမ်းပဲ မမီးကလဲ မနက်မှလိုက်ပို့ပေးမယ်ပြောတယ် အဲ့ဒီ့ကလေးလေးကို ကြည့်ချင်တာလေ ရတီက ကံတော်တော်ကောင်းတယ် သူ့မွေးရက်က ရောက်နေပြီ မမွေးသေးတော့ OG Dr ကစမ်းသတ်ပြီး ချက်ခြင်းခွဲမွေးခိုင်းတာ သူကကံကောင်းတော့ မေ့ဆေးဆရာဝန်တွေကအဆင်သင့် သူတို့ခွဲမယ့်လူတာက မမွေးနိုင်သေးတော့ ရက်ချိန်းလိုက်တာ အဲ့ဒါနဲ့ ကြွက်မြီးတန်းလေး လူဖြစ်လာတာ ဗုဒ္ဓဟူးနေ့ ည၉နာရီ၄၀ ရာဟုမလေး အရမ်းစိတ်ကြီးတယ် ဇွဲခတ်တယ်။

မနက်ကျတော့ မမီးနဲ့ အမျိုးသမီးဆေးရုံသွားရော သူနာပြုဆရာမက သူ့ကိုချည်ထားတာ ကောက်ညှင်းထုပ်လေး သာသာ ကျွန်တော်ကချည်ချင်တော့ ကျွန်တော့်လက်ထဲ ထည့်ပေးတယ် ညီမလေးကို ချည်ချင်လို့လားတဲ့ ကျွန်တော်ဒေါကန်သွားတာပေါ့ သမီးညီမမဟုတ်ဘူး တူမတဲ့ ရယ်ရတယ်နော် ဝတ်ထားတာ ဂျင်းဂါဝန်နဲ့ ရုပ်ကကလေးရုပ်ဆိုတော့ သူက၈တန်းကျောင်းသူထင်လို့တဲ့ တင်းသွားတာပေါ့ ဆရာမ First year ရောက်နေပြီလို့။

ဗိုက်ခွဲထားတဲ့ မမကရယ်ပါလေရော ဆရာမကဆူရတယ် မရယ်အောင်လို့ ဗိုက်ခွဲထားတာ အန္တရာယ်များတယ်လေ ကလေးက ရေမွန်းနေတော့ အသားတွေက ပြာနေတာတဲ့ တော်သေးတယ် အသက်ပါလို့ သူတို့ပြောတယ် အရမ်းလန့်သွားတယ် ကျွန်တော့်လက်ထဲက ကြွက်မြီးတန်းလေးကတော့ အိပ်နေတာ ငြိမ်လို့။

အဲ့ဒါနဲ့ သူငယ်ချင်းတွေကို ကြွားချင်နေတယ် တူမလေးရပြီဆိုတာကို ဘယ်ကနေဘယ်လို ပြောရမယ်လဲမသိဘူး ဒီအတိုင်းပဲ ပြောလိုက်တယ် ငါ့အမကလေးမွေးပြီလို့ မိန်းကလေးလို့ ချစ်စရာလေး မျက်လုံးအရမ်းလှတယ် မျက်တောင်တွေကလဲ အရှည်ကြီးပဲလို့ သူတိုအံသြနေတာပေါ့ ဗိုက်ကြီးတာတောင်မသိဘူးတဲ့ ဟီးး ကိုယ်ဖုံးတာ ကိုယ်ဖေါ်ရတာပေါ့ ကြွက်မြီးတန်းကိုက ကြွားချင်နေတာလေ ကလေးပုံတွေဝယ်တာ မမအတွက်ဆိုတော့ သဘောပေါက်သွားတယ်။

ဆေးရုံကဆင်းတော့ ကြွက်မြီးတန်းလေး အိမ်ရောက်လာရော အဲ့မှာသူနဲ့ကျွန်တော် စပြီးမတည့်တော့တာပဲ ကျွန်တော်ကအိမ်ရောက်ရင် ညစာစားတယ် ပြီးရင်အိပ်ပြီ အိပ်ပျော်နေပြီဆို သူကငိုပြီ တနေ့လုံးသူက သိုးနေအောင်အိပ်ထားတာလေ ညကျတော့မအိပ်ချင်တော့ ဂျီကျရော ဒေါကန်တာပေါ့ မအိပ်ရတော့ အဖေနဲ့အမေကို အော်တော့တာပဲ မမကလဲသူ့ကိုချော့သိပ်တယ် ဒင်းကမရဘူး မအိပ်ဘူးဆိုတာချည်းပဲ မမလဲဧည့်ခန်းထဲ ခေါ်ထုတ်တော့မှ ဒင်းကတိတ်တယ် ပြီးရင် ဒင်းကမီးမဖွင့်ရင် မအိပ်ဘူး ကျွန်တော်က အိပ်ရင်မီးရောင် နဲနဲလေးတောင်ရှိရင် မအိပ်တက်ဘူး မှောင်နေမှ အဲ့မှာ င်္ခြသေ့နဲ့ဆင် တွေ့တော့တာပဲ။

ကျွန်တော်နားရက်ဆို အိမ်မှာမနေဘူး နားရက်တူတဲ့သူငယ်ချင်းတွေနဲ့ လျှောက်လည်တယ် သူမွေးပြီးတော့ အိမ်ကပ်တယ် မတည့်အတူနေဆိုတော့ ညဘက်ကျမတည့်တာ နေ့ခင်းဘက်ဆို သူ့ကိုချည်ထားတာပဲ အမေတို့က လက်ပူလိုက်မယ် လက်ကြိုက်မယ် ချထားဆိုခဏပဲ အိပ်နေရင်တောင် သွားသွားနှိုးတယ် ချည်ထားချင်လို့။

အဲ့မှာအဖေက ပြောတယ် မြေးဦးဆိုတာ အဲ့လိုဆိုတာ အဖေကသားအကြီးဆုံးဆိုပေမယ့် အဖေ့ညီအလတ်က အရင်ဆုံးအိမ်ထောင်ကျတယ် အတူနေဆိုတော့ အဖိုးနဲ့ အဘွားက မမကြီးနဲ့ကိုအောင်ကို ပိုချစ်တယ် အဖေကသူ့ကလေးတွေနဲ့ တန်းတူချစ်စေချင်တယ် သူမြေးရမှ မြေးဦးကိုပိုချစ်တာ နားလည်သွားတာ။

ရတီကကံကောင်းတယ် သူမွေးပြီးထဲက သူ့အတွက်ဆို အကုန်ပြည့်စုံတယ် ကျန်းမာရေးကတော့ညံတယ် ရေမွန်းထားတော့ အဆုပ်မကောင်းဘူး သူကဆေးအရမ်းကြောက်တာ သူ့ကိုဆေးတိုက်ပြီးရင် ၃နာရီထိ Non-Stop ငိုတယ် နောက်ဆုံးမောလာရင်တောင် ညည်းနေတယ် ဆေးသောက်ပြီးရင် လုံးဝပါးစပ်မပိတ်ဘူး ဘယ်လိုမှချော့မရဘူး သူအဆုပ်ဖြစ်တော့ TB ဆေးခြောက်လသောက်ရတယ် မမကတော့ စိတ်ရှည်တယ်ဗျာ ရအောင်တိုက်တယ် အိမ်ကလူတွေက အစတော့ ဝိုင်းချော့ပေးသေးတယ် မရတော့ချုပ်ပြီးတိုက်တယ်။

သူကလူပါး သူ့ကိုမချုပ်ခိုင်းဘူး သမီးဘာသာသောက်မယ်တဲ့ ပြီးရင်မြိုမချဘူး ထွေးထုတ်ပြီး ထုံစံအတိုင်းငိုတော့တာပဲ ဘေးအခန်းကလူတွေက သိနေပြီ လှမ်းစတယ် ရတီလေးဆေးသောက်ချိန်ဆိုပြီးတော့ မမကအရမ်းကြောက်တယ် ဖြစ်ချင်တော့ ရတီလေးကိုယ်ဝန်နဲ့တုံးက သူ့အမျိုးသားက စလိုက်တာမှ ပိုဆိုးသွားတယ် ကြွက်မြီးတန်းလေးက ပိုဆိုးရော လူနားမှာပဲနေတယ် သူ့ကို ဧည့်ခန်းမှာထားပြီး အခန်းထဲသွားရင် တက်မတက် ချက်မတက် ငိုရောလမ်းလျှောက်တက်စ အရွယ်လဲရောက်ရော သူ့အမေဂါဝန်စစွဲထားတယ် ဒါမှမဟုတ်သူ့အဘွား ထမီစစွဲထားတယ် ကျွန်တော်ကချီထားတော့သူ့ အကြိုက်ပေါ့။

၃နှစ်ကျော်လောက်လဲ ရောက်ရောမရတော့ဘူး T4 ဆိုတာချည်းပဲ ကျွန်တော်အပြင်သွားမယ် လုပ်တိုင်း သူ့ကိုခေါ်သွားရတယ် သူနဲ့အကုန်ရောက်ဖူးတယ် သမ္မတမှာရုပ်ရှင်ကြည့်ဖူးတယ် ကစားကွင်းသွားတယ် Plaza တွေခေါ်သွားတယ် ဘုရားလည်းခေါ်သွားတယ် ဆံပင်ညှပ်ဆိုင်ခေါ်သွားတယ် ကားတော့ ငှားသွားတာပေါ့ အမေကဆူရော သူ့မြေးကိုစိတ်မချတာလဲ ပါတာပေါ့ အပျိုလေးဖြစ်ပြီး မရှက်ဘူးလား ကလေးတတန်းတန်းနဲ့ဆိုပြီး။

အဲ့လိုကြတော့ မရှက်ဘူး တစ်ခါစာအုပ်သွားငှားတယ် စာအုပ်ဆိုင်က အမက သမီးကလေးလားဆိုတော့ အရမ်းစိတ်ဆိုးသွားတယ် အဲ့လိုမေးရမလားဆိုပြီး ပြီးတော့ခေါ်သွားတာပဲ မမကအပြင်ထွက်တာနဲတယ်လေ ကျွန်တော်ကပဲ အပြင်ထွက်တာဆိုတော့ ကြွက်မြီးတန်းလေးကကပ်တာပေါ့။

အဲ့လိုနဲ့ပဲ ကြီက်မြီးတန်းလေး ၁၀နှစ်ပြည့်ပြီ အဖေ့မွေးနေ့က ဖုန်းဆက်တော့ အဖေကပြောပြတယ် သမီးအတိုင်းပဲတဲ့ အရမ်းအိပ်ရေးမက်တယ်တဲ့ သူ့ကိုကျောင်းသွားဖို့ နှိုးရင်နာရီကြည့်လိုက်တယ်တဲ့ ၅မိနစ်စောသေးရင် ၅မိနစ်ကြုံတဲ့နေရာမှာ ထိုးအိပ်တယ်တဲ့ မမကလည်း ပြောပြတယ် ပိုက်ဆံကိုချန်မထားဘူးတဲ့ T4 အတိုင်းပဲတဲ့ မုန့်ဖိုး၅၀၀ပေးလိုက်တယ်တဲ့ အလှူငွေဆိုလို့ ၂၀၀ထည့်လိုက်တယ် ကျန်တဲ့၃၀၀ကို မုန့်ဝယ်စားတာ ၁၀၀ကျန်တယ် ၁၀၀ပဲကျန်တာမထူးပါဘူးဆိုပြီး အကုန်သုံးလိုက်တယ်တဲ့ ဟီးးး အိပ်ဆောင် ပိုက်ဆံထည့်ပေးထားလဲ သုံးတယ်တဲ့ အဲ့ဒါကျွန်တော့် အကျင့်တွေလေ အိပ်ရေးမက်တာ ပိုက်ဆံကုန်အောင် သုံးတာ။

ရတီက ကျွန်တော်နဲ့ရုပ်လဲတော်တော်တူတယ် မမနဲ့မတူဘူး မမကတရုပ်မပုံစံ သူကကုလားဆင်လေး ကျွန်တော့်ကလေးလားမေးခံရတာ စိတ်ဆိုးဖို့မကောင်းဘူး ပုံစံတူလေးကို ကျွန်တော်မရှိတော့ ကြွက်မြီးတန်းလေး အပြင်မသွားရဘူးပေါ့ October ပြန်မှပဲ နေရာအစုံ လျှောက်ပို့ပေးရမယ်။

Sunday, July 3, 2011

KL LIFE !


ဘာလဲဆိုရင် ကျွန်တော်လဲ မသိဘူး တော်တော်ကို depression ဝင်နေတာ အဲ့ဒီစကားလုံးကို မပြောချင်ပေမယ့် ထပ်ပြောနေရတယ် အဲ့ဒီကနေစပြီး ဒီ post ကိုရေးဖြစ်တာ။

ညကတော့ စကားလုံးတွေ စီထားတာတစ်မျိုး တကယ်တန်းချရေးဖြစ်တော့တစ်မျိုး ခံစားချက်ဆိုတာ ပုံစံခွက်ထဲက ရေခဲတုံးမှ မဟုတ်တာ။

ဒီ post title ကို KL Life လို့ ကျွန်တော်ပေးထားတာ ခံစားချက်ရှိလို့ပါ ဒီမှာနေတဲ့ ၃ နှစ်ကျော်မှာ changes တော်တော်များတယ် ကျွန်တော့်ဘဝ ခဏခဏ ကမောက်ကမ ဖြစ်တယ် complete ဆိုတဲ့ စကားသုံးဖို့ထက် stable ဖြစ်ဖို့ နေ့တိုင်းကြိုးစားနေရတယ်။

ဘဝ ဆိုတာကြီးက ဘာမှမရှိသလို ဖြစ်နေတယ် Life is Nothing မနက် ၉နာရီခွဲ အိပ်ယာနိုးတယ် ရေချိုးအဝတ်အစားလဲ ဘုရားသောက်တော်ရေကပ် ပြီးရင် Ferry ပေါ်တက် အလုပ်လာ ၁၁နာရီခွဲ work ရောက် မနက်စာစား အဲ့ဒီ့အချိန်ကနေ PC ရှေ့စထိုင်လိုက်တာ နေလည့်စာထွက်စားတဲ့ ၃နာရီ ဒါမှမဟုတ် ၄နာရီမှ နဲနဲ လှုပ်ရှားမှုရှိတယ် ဈေးဝယ်စရာမရှိရင် ပိုဆိုးတယ် ထမင်းဘူးထည်လာယုံပဲဆိုတော့ မိနစ်၂၀လောက်ပဲ ပြီးရင် ပုံစံခွက်ထဲ ထည့်ထားသလို PC ရှေ့ပြန်ထိုင် ည၉နညရီခွဲမှ အဆုံးသတ်တယ်။

၁၀နာရီဆို ကားပေါ်တက် ၁၁နာရီ အိမ်ရောက် ညစာစား မျက်နှာသစ် ဘုရားရေတော်ကပ် အဲ့ဒါနဲ့ ၁၂နာရီထိုးရော YGN မှာဆို အိမ်ကလူတွေ အိမ်မက်တောင်မက်နေလောက်ပြီ online ဝင် စကားပြောစရာရှိတာပြော မပြောရင်လဲ ကိုယ့်ဘာသာ စာဖတ်တယ် သီချင်းနားထောင်တယ် Blog ရေးချင်ရင်ရေးတယ် Photo တွေ Edit လုပ်တယ် ဒါလောက်ပဲ ဘဝဆိုတာကြီးက ကျွန်တော်အမြဲ သီချင်းဖွင့်ထားတယ် စိတ်ကိုနှစ်ထားတာ Stress များလာရင် ပြဿနာရှိတယ်လေ တခါတလေ Stress များတဲ့အချိန် သီချင်းဆူဆူညံညံတွေ နားထောင်ရတာ ကောင်းတယ် Slow တွေနားထောင်ရင် ပိုဆိုးသွားတယ် ဘယ်လိုမှ စိတ်က Active မဖြစ်တော့ဘူး။

ကျွန်တော် online အမြဲသုံးပါတယ် Gtalk ဝင်ထားတယ် အိမ်ကလူတွေ ကျွန်တော်ရှိသေးတယ်ဆိုတာ သိအောင် ကျွန်တော်ကအမြဲ စိတ်ပူတက်တော့ အိမ်ကိုလဲ စိတ်မပူစေချင်ဘူး ပြီးတော့ MYMC အမြဲဖွင့်ထားတယ် အိပ်ချိန်ပဲ ကျွန်တော်နားမထောင် ဖြစ်တာပါ။

ကျွန်တော်က စိတ်ဆတ်တယ် အဲ့လိုဆိုတော့ ပြဿနာဆိုတာ အရိပ်လိုပဲ မခွဲအတူဖြစ်နေတယ် နေမကောင်းဘူး အလုပ်အဆင်မပြေဘူး ပိုက်ဆံမရှိဘူး ချစ်သူနဲ့အဆင်မပြေဘူး တစ်ခုခုကတော့ အမြဲဖြစ်နေတက်တယ် ကံဆိုးရင်တော့ အကုန်ပေါင်းဖြစ်နေရော ကျွန်တော် စိတ်ပျော်နေတဲ့အချိန်ဆိုတာ မှတ်ထားလို့ရတယ် အဲ့ဒါကြောင့် သီချင်းကို အချိန်ပြည့်နားထောင်တယ် ဒီမှာနေတဲ့ ၃နှစ်ကျော်မှာ တော်တော်လေး စိတ်ကုန်နေပါပြီ ပြန်လဲမပြန်ချင်တော့ နေပေါ့ကွာ ဒီအတိုင်းပဲ။

ဒီကိုဘာလာလုပ်တာလဲဆိုတော့ ပိုက်ဆံလိုချင်လို့ ပိုက်ဆံရလားဆိုတော့ ကိုယ့်ဘာသာဆိုရင်တော့ သုံးလောက်တယ်ပေါ့ အဲဒါဆိုရင်လဲပြီးရောပေါ့ မဟုတ်ဘူးလေ ကျွန်တော်က Young မဟုတ်တော့ဘူး ၃၀ဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေယုံနဲ့ မရဘူး မိသားစုကို Support လုပ်နိုင်တဲ့သူ ဖြစ်နေရမှာလေ နဲနဲ မြင့်သွားရင် နားလည်ပေးလိုက်ပါ ကျွန်တော့် ဆန္ဒလေးကို ပြောပြတာပါ ဟူးးး မောတယ်ကွာ။

ကျွန်တော် ဒီ Life ထဲကရုန်းထွက်ဖို့ ကြိုးစားနေတယ် အိမ်ကိုခဏပြန်မယ် October ဆိုရင် Don't go any where with friend if i go with Family ! I spend these one month with My family coz i missing them so much ! ဘဝဆိုတာ Nothing မဟုတ်ဘူးဆိုတာ ကျွန်တော့်ကို ကျွန်တော်သိဖို့လိုအပ်နေတာ။

Saturday, July 2, 2011

ကျွန်တော် နဲ့ Facebook

ကျွန်တော် Facebook ကို ဘယ်အချိန်က စသုံးတာလဲ သေချာ မမှတ်မိတော့ဘူး သေချာတာကတော့ အိမ်ကပြန်လာပြီးတော့မှ စသုံးဖြစ်တာ အဲ့ဒီ့နေ့က မာလာ နဲ့ မိုးခမ်း LG Food Count မှာ Account ဖွင့်ပေးတာတော့ မှတ်မိနေတယ်။

သေချာတော့ မသုံးဖြစ်ဘူး စစတုန်းကတော့ Work က Manager ကတော့ FB Game အရမ်းဆော့တယ် တခါတလေ သူ့စိုက်ထားတွေက ရိတ်ဖို့အချိန်ရောက်နေပြီ သူကမအားဘူး အဲ့ဒါဆို Khin ဒါလေးရိတ်ပေးပါဆိုရင် ကျွန်တော်မလုပ်တက်ဘူး ဟီးးး သူဒေါကန်ရော အလုပ်ကလဲ အရေးကြီးရင် သူဆော့လို့မရတော့ သူ့စိုက်ခင်းတွေ ပျက်ရော။

အဲ့လို စမ်းတဝါးဝါးနဲ့ စသုံးတာကနေ တော်တော်လေး သုံးတက်လာတယ် အရင်ကတော့ FB မှာGame ဆော့တာ အဓိကပဲ အပင်တွေစိုက်တယ် အိမ်ဆောက်တယ် Level တွေတက်လာတော့ ဆော့ရတာ ပျင်းလာရော စသုံးထဲက Status ရေးရတာကို အနှစ်သက်ဆုံးပဲ ပြီးတော့ You Tube ကနေ Song တွေတင်တယ် ကဗျာတွေတင်တယ် တာရာမင်းဝေ(ရွှေဘုန်းလူ) ကဗျာတွေကတော့ အများဆုံးပေါ့။

Work ကလူတွေဆို ကျွန်တော်ရေးထားတဲ့ Status နဲနဲများသွားရင် ခေါ်မေးရော တခါက Michael Buble ရဲ့ Home song ကို တင်ထားတယ်ဗျာ ရေလည် Homesick ဖြစ်နေတော့ သီချင်းစာသားတွေကို Status ရေးတယ်ဗျာ နဲနဲများသွားတယ် သေပြီဆရာပဲ Manager ကခေါ်မေးပါလေရော Khin အိမ်ပြန်ချင်ရင် ပြန်နော်တဲ့ ပြန်လို့ရတယ်တဲ့
Let me go homeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeee
လို့ Status မှာရေးထားတာကို ဟီးး အဲ့လို ဆိုးတာပါ။

နောက်တော့ Notes တွေရေးတက်လာတယ် Photo တင်တာကတော့ သိပ်မကြာဘူးဗျ ဟဲဟဲ ဘယ်သူမှ သင်ပေးစရာမလိုဘူး စသုံးပြီးမကြာဘူး တင်တော့တာပဲ အားရင် ဓါတ်ပုံရိုက်တယ် မကြာပါဘူး FB ပေါ်ရောက်တာပဲ သိပ်စိတ်မပူရဘူး Photo မတင်မှာကို Fri တွေက စိတ်ပူလို့ပြောတယ် ပုံတွေ သိပ်မတင်နဲ့ အန္တရာယ်များတယ် ပြီးတော့ ကိုယ်ကအပြင်မှာရောက်နေတာလေ မရဘူးဗျတင်တာပဲ တင်တဲ့ပုံတွေ မဖျက်ဘဲထားရင် ထောင်ကျော်ရှိမယ် ဟီးး အကျည်းတန် မှန်ကြိုက်ဆိုတာ ရှိတယ်မဟုတ်လား။

Facebook သုံးလို့ အကျိုးရှိတာလဲ ရှိပါတယ် ဦးကျော်သူ Wall က နာရေးကူညီမှု လုပ်ငန်းတွေကို သာဓုခေါ်ရတယ်ဗျာ Blogger တွေအများကြီးနဲ့ Fri ဖြစ်ရတယ် လရောင်လမ်းဆို ကျွန်တော် FB ကနေစသိတာ ရင်ဘက်ခြင်းတူတဲ့ Fri တွေရတယ် ကျွန်တော်နှစ်သက်တဲ့ အဆိုတော်တွေနဲ့ Fri ဖြစ်ခွင့်ရတယ် နိုင်ငံရေးကို ပိုနားလည်လာတယ်။

ဒါပေမယ့် နိုင်ငံရေးကို သေသေချာချာ မလုပ်ဖြစ်ပါဘူး ကျွန်တော်အဖေကဝန်ထမ်းဆိုတော့ မကြိုက်ဘူး ပြီးတော့သူနဲ့ ကျွန်တော်ထိပ်တိုက် မတွေ့ချင်ဘူး ခုအချိန်ထိ အဖေအိတ်ကပ် နှိုက်သုံးနေရတုံးလေ အဲ့ဒါတောင် ထိပ်တိုက်ရင်ဆိုင်ရင် ကျွန်တော့်လောက် လူမပီသတဲ့ သားသမီးရှိမှာမဟုတ်တော့ဘူး။

ဒေါ်စုလွတ်ပြီးနောင်ပိုင်း ကျွန်တော်မရေးဖြစ်တော့ဘူး နိုင်ငံရေးကို အထိမ်းအမှတ်နေ့တွေတော့ နဲနဲလုပ်ဖြစ်တယ်ပေါ့ ကိုဘုန်းမော်နေ့တို့ ကိုနေဘုန်းလတ်နေ့တို့ ဟဲဟဲ လျှော့ထားပါတယ် အိမ်ပြန်ရင် တန်းဝင်နေရမှာ
ကြောက်လို့။

Tuesday, June 28, 2011

“ အဖေ ”

အဖေ့ မွေးနေ့အမှတ်တရ Blog မှာ စာရေးချင်တယ် အဖေနဲ့ဖုန်းပြောပြီးသွားတော့ ပျော်နေတယ် ပီတိဖြစ်နေတာနဲ့ စာရေးလို့မရဘူး အဲ့ဒါနဲ့ နှစ်သက်တဲ့ သီချင်းလေးရယ် Blogger တွေရေးထားတဲ့ ကဗျာလေးတွေပဲ တင်ထားလိုက်ပါတယ်...။

အဖေ မွေးနေ့မင်္ဂလာပါ။

 http://www.youtube.com/watch?v=4eiFs9QxFcg&feature=related

 www.nyameeain.co.cc

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။


 “ အဖေကျွန်တော်

၎နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ်။

၅နှစ်… ငါ့ဖေဖေကြီး မသိတာ ဘာမှ မရှိဘူး။

၆နှစ်… ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။

၈နှစ်… တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး။

၁၀နှစ်… အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့ကတခြားစီပဲ။

၁၂နှစ်… အင်း အဲဒါတော့ အဖေလည်းဘယ်သိပါ့မလဲ ၊ သူက အသက်ကြီးပြီဆိုတော့ ကလေးတုန်းကအကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။

၁၄နှစ်… အဖေတော့ ထည့်ပြောမနေနဲ့ ၊ သူက ရှေးရိုးသမားကြီး။

၂၁နှစ်… အဘိုးကြီးလား…ထားပါ ၊ အောက်နေပြီ ၊ လုံးဝအောက်နေပြီ။

၂၅နှစ်… အဖေလည်း နည်းနည်းပါးပါးတော့ သိတယ် ၊ မသိလို့လည်း မဖြစ်ဘူးလေ ၊ လူကြီးပဲဟာ။

၃၀နှစ်… အဖေကိုနည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ် ၊ ဘာပဲပြောပြော သူက အတွေ့အကြုံ အများကြီး ရှိတယ်။

၃၅နှစ်… အဖေနဲ့တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက်ငါတစ်ခုခုလုပ်နိုင်မယ်။

၄၀နှစ်… အဖေသာဆိုရင် ဒီကိစ္စ ဘယ်လို ဖြေရှင်းမလဲ မသိဘူး ၊ အဖေက အတွေ့အကြုံ စုံတယ် ၊ အမြော်အမြင်လည်း ရှိတယ်။

၅၀နှစ်… ဒီကိစ္စအခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်း သတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ် ၊ တကယ်ဆိုငါ အဖေ့ဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။
[မူရင်း။ ။ Ann LandersMy Father When I Was…]



lynndepa.blogspot.com

ဖိနပ်မဲ့ခြေဖဝါးရဲ့ အတ္ထုပွှတ္တိ
နားထောင်စမ်းဟေ့
ခွမ်းကနဲ..ခွမ်းကနဲ ဓားထစ်သံတွေ
ထန်းကနဲ..ထန်းကနဲ ဆောက်ရိုက်သံတွေ
ရွမ်းကနဲ..ရွမ်းကနဲ လွှတိုက်သံတွေ
အဖေဟာ အဖော်စုံတသိုက်နဲ့
လွှတိုက်သစ်ခွဲ
ဗုန်း မဲဇာ တောင်သရက်
လက်ပံနဲ့ ဒီဒူး
မနက်ဖြန်မနက် ခရီးဦးအမီ “ပို့ကုန်”
တုန်မတတ်တိုက်တဲ့ လေထဲ
ခုံဖိနပ်ရိုက်နေဆဲ..။

ခုတ်တဲ့ဓား
အသွားက တစ်ဖက်သွား
အပြားက လက်တစ်ဝါး
အလျားက ယောက်ျားတစ်တောင်
ထွင်းတဲ့ဆောက်ပြား
အသွားက တစ်ဖက်သွား
အပြားက လက်တစ်ဝါး
အလျားက ယောက်ျားတစ်ဆုပ်
ဓားကို အားကုန်မြောက်
ဆောက်ကို အားကုန်ထစ်
တောသစ်ရိုင်းတွေ
(မကြာခင်)
ခုံဖိနပ်ဖြစ်စေရော့..။

ကြည့်လိုက်စမ်းဟေ့
တစ်ဝမ်းတစ်ခါးအတွက်
ကြက်ခြမ်း ရှားဖြူ
ဖန်ခါး ငှက်ပျောအူ
တောအထူထူမှာ တိုးရှာ
တစ်နပ်စာ တလေလောက်တော့
ပဒတ်စာ အရေသောက်နဲ့ပဲ
အာသာဖြောက်ခဲ့တဲ့ အဖေတို့တတွေ..။

နင်းလိုက်စမ်းဟေ့
ပင်ပန်းဆင်းရဲမှုတွေ တဖြစ်လဲ
မိသားစုအလွမ်းတွေ တဖြစ်လဲ
ချွေးစက်တွေ တဖြစ်လဲ
ဆိုင်ထဲရောက်တော့ “ရောင်းကုန်”
လူစုံ အထပ်ထပ်
မြူမှုန် မကပ်ဖို့
ခြေစုံရပ်က
ရွှေခုံဖိနပ်ပေါ်မှာ..။

အဲဒီ ခုံဖိနပ်တွေပေါ့
ကျွန်တော့်အတွက် ကျောင်းတက်စာအုပ်လည်းဖြစ်သွားရဲ့
ထမင်းဟင်းလည်း ဖြစ်သွားရဲ့
ဒီဇိုင်းစုံ အဝတ်အစားလည်း ဖြစ်သွားရဲ့
ကတ္တီပါခုံမြင့်ဖိနပ်လည်း ဖြစ်သွားရဲ့
(နောက်ဆုံး)
ရုပ်ရှင်ရုံ အမှောင်ထဲမှာ
ကျွန်တော့်ကောင်မလေး အပျင်းပြေဝါးတဲ့
နေကြာစေ့တောင် ဖြစ်သွားသေး။

အဖေလား
လက်ဖဝါး အသားမာတက်
ခြေဖဝါး အသားမာတက်
သစ်သားရှာဖို့ တောင်ပေါ်တက်
ငှက်ဖျား တုန်တုန်တက်
တက်…တက်…တက်
တက်ချင်သလောက်တက်စမ်း
တုန်တက်မတတ် ချစ်တဲ့မိသားစုအတွက်
အသားမာကို ဖိနပ်လုပ်စီး
မေတ္တာခရီးဆက်…။
လင်းလက်ဇော်(ဥက္ကံ)

 

Saturday, June 25, 2011

အင်္ဂါ



အင်္ဂါမို့လို့ ဆိုးတာလား?? ၈ရက်နေမှာ မွေးတာမို့လို့ ဆိုးတာလား?? အမေပြောသလို မွေးတဲ့အချိန်က နက္ခတ်ကြမ်းလို့ ဆိုးတာလား?? မသေချာပေမယ့် သေချာတာက ကျွန်တော် အရမ်းဆိုးတယ် အရမ်းဒေါသကြီးတယ် ပြဿနာဆိုတဲ့ အကောင်နဲ့ အတူရှိနေတက်တယ် အမေ။


ကျွန်တော် ကြိုးစားပါတယ် လူကောင်းတစ်ယောက်ဖြစ်အောင် မရဘူး အမေ တကယ်ခဏဆိုမှ ခဏလေးပဲ ကျွန်တော်ဒီနှစ်မပြန်ဘူး ပိုက်ဆံအကုန်အကျများနေတယ် အိမ်ကိုမပို့နိုင်ဘူး ခုတော့ ကျွန်တော် ဖြုန်းတီးမိလိုက်တယ် ကျွန်တော်မရှာနိုင်တဲ့ အတိုင်းအတာကို အိမ်ကနေတောင်းပြီး ဖြုန်းတီးလိုက်တယ် မိဘဆိုတာ မြစ်ရေလိုစုန်ရေပဲ ရှိပေမယ့် ကျွန်တော် နှိပ်စက်တာလွန်သွားပြီ အမေ။

ကျွန်တော့်အမှားတွေကို ဘာနဲ့ပေးဆပ်ရမှာလဲ အမေ တစ်ခွန်းလောက် ပြောပါ ကျွန်တော် စိတ်ဓါတ်တွေ တကယ်ကျနေတယ် အမေ ခုအချိန်မှာ ကျွန်တော့် အတွေးထဲမှာ သေချင်တာတစ်ခုပဲ ရှိတယ်အမေ အဲ့ဒါကို ထွက်ပေါက်တစ်ခုလို ကျွန်တော်ခံယူထားတယ်။


စာရေးရင်းနဲ့ စိတ်တော်တော်လေး ညစ်လာတယ် ဘာလုပ်ရမယ်လဲ မသိဘူး line ပေါ်တက်ပြီးမွှေနေမိတယ် တောင်ရောက်လိုက် မြောက်ရောက်လိုက် အတွေးကို ထိန်းချုပ်ရတာ တော်တော်ကို ခက်ခဲတယ် ကိုယ့်စိတ်ကို မအောင်နိုင်သေးသမျှတော့ လူဖြစ်အုံးမှာမဟုတ်ဘူး အသက်ဘယ်လောက်ရှိရှိ ငါကွ ဆိုတော့ စကားလုံးကို ခုအချိန်ထိ မသုံးနိုင်သေးဘူး နောက်ရောသုံးနိုင်မလားဆိုတဲ့ အမေးကို တစ်ယောက်ထဲ မေးရင်း သက်ပြင်းချလိုက်မိတယ်။


Blog ဘက်စိတ်ပြန်ရောက်လာတော့ နဲနဲတော့ ၀မ်းသာတယ် ရေဝေးကြာလိုပဲ စာဆိုတဲ့ အထိန်းအကွပ်နဲ့ ဝေးရင် အရမ်းမိုက်ရိုင်းတယ် တော်တော်လေးကြမ်းတမ်းနေတယ် မောင် လို့ ကျွန်တော်ခေါ်တဲ့ သူတောင် ကျွန်တော့်ကိုစိတ်ကုန်စပြုလာပြီ။


စိတ်ထဲမှာ အမည်တစ်ခု ထင်ထင်ရှားရှား တွေ့လိုက်ရတယ် ကြီးမိုက်တဲ့ ကြီးမှမိုက်တာ ကျွန်တော့်လူသက်တမ်း တ၀က်ရောက်နေတာတောင် နောင်တဆိုတာကို ခဏခဏ ခလုပ်တိုက်နေတယ် ခလုပ်တိုက်မိရင်တော့ သတိထားမိတယ် နောင်တဆိုတာကို အဲ့ဒီ့အနာကျတ်သွားရင်တော့ မေ့သွားတယ်။

ဘ၀ ဆိုတာ ကိုယ်တိုင်တည်ဆောက်ရတဲ့ အိမ်တစ်လုံးပါ ကျွန်တော်က လေထဲအိမ်ဆောက်နေတာမဟုတ်ဘူး သဲနဲ့ အိမ်ဆောက်နေတာ စိတ်ကူးပေါ်သမျှ အိမ်ပုံစံကို ခဏခဏ ပြင်ဆောက်နေမိတယ် အဲ့လိုဆိုတော့ ကျွန်တော်အိမ်တော့ ဆောက်နေတာပဲ ရုပ်လုံးမပေါ်လာဘူး စိတ်ကူးရှိသလို ပြင်ဆောက်နေတာကို။


မတွေးတာတော့ မဟုတ်ဘူး တွေးတော့တွေးပါတယ် ငါ လုပ်နေတာတွေ မဟုတ်ဘူးဆိုတာ စကားပုံရှိတယ်လေ မရှိတာထက် မသိတာခက်တယ် ကျွန်တော်လဲ အဲ့လိုပဲ မိကျောင်းကို ရေခင်းပြသလို ကျွန်တော်သိတယ် အဲ့ဒီ့သိတာကို သိယုံလေးနဲ့ ထားထားလိုက်တာ လက်တွေ့မလုပ်ဘူး မပြင်ဘူး မှားနေတာကို။


ဟူး... မောတယ်ကွာ အပူလုံးကြီးက ရင်ထဲဆို့နေတယ် မတွေးချင်ပေမယ့် မတွေးလို့မရတဲ့ အချိန်ရောက်နေပြီ ခလုပ်ထိတော့ အမိတတက်နေပြီ အမေ ကျွန်တော်အိမ်က ပြန်လာတဲ့ နောက်ပိုင်းမှာ ခဏခဏ ခေါ်မိတယ် အမေဆိုတဲ့ နာမ်စားလေးကို နောက်ဆုံး ကျွန်တော့်ကိုကျွန်တော် သတ်သေမိတဲ့ အခြေအနေရောက်ခဲ့ရင်တောင် ကျွန်တော်ခေါ်နေမိမှာပဲအမေ။


တော်ပြီကွာ ခေါင်းတစ်ခုလုံးလဲ အငွေ့ပျံနေပြီ အရည်မရ အဖတ်မရ အတွေးတွေပဲ ကျွန်တော့်ခေါင်းထဲ ရောက်ရောက်လာတယ် တက်နိုင်မယ်ဆို ဘာမှကိုမသိချင်ဘူးကွာ ခုအချိန်မှာ။

စိတ်ဓါတ်ကျတယ်တဲ့ အဲ့ဒီ့စကားလေးတစ်လုံးက လူတစ်ယောက်ရဲ့ အသက်ကို ဖက်ရွက်လေးတစ်ခုလို ချွေချနိုင်တယ်ဆိုတာ ကျွန်တော်ယုံကြည်လိုက်ပြီ အမေ။

ကျွန်တော် ချစ်တဲ့ “ အိမ် ”





“ ဓီရာမိုရ်ရဲ့သီချင်းလေးတွေရယ်
  သူငယ်တန်းဖတ်စာအုပ်လေးရယ်
  တေဇာဘလော့ကဟာမျိုးလေးရယ်
  တရားခွေနည်းနည်းရယ်
  ကော်ဖီတစ်ခွက်ရယ်...။ ”


(ကျွန်တော့် သူငယ်ချင်း ပြောပြတဲ့ ဘ၀ဆိုတဲ့ အနှစ်သာရ...)

သူငယ်ချင်းနှစ်ယောက် Gtalk မှာပြောဖြစ်တဲ့ အကြောင်းပါ အချိန်နာရီဝက်လောက်ကို အလုပ်တဖက်နဲ့ ပြောဖြစ်ခဲ့ပေမယ့် တစ်ခုခုတော့ ကျွန်တော်ရလိုက်တယ် ခေါင်းထဲကို အတွေးတစ်ခုက ဖျတ်ခနဲ ၀င်လာတယ် ငါ နှစ်၃၀လုံးလုံး မြစ်တစ်စင်းကိုများ တည်ဆောက်နေမိတာလားလို့...

 http://www.youtube.com/watch?v=l7yaeR0bj7U
:10 PM fri: အော် မဝိုင်းလည်းကြိုက်တာကိုး
 me: :)
1:11 PM fri: အဲဒီ့သီချင်းက
 me: ဟုတ်ကဲ့
 fri: မြန်မာပြည်ကိုပြောထားတာပါ
1:12 PM me: အင်းလေ
 fri: ဓီရာမိုရ်ဂျပန်ကိုရောက်နေတုန်းက
  သူလွမ်းတဲ့မြန်မာပြည်ကို
 me: အဲ့လိုအိမ်လေးမှာနေချင်လို့ပါ
 fri: သီချင်းရေးခဲ့တာ
 me: အရမ်းသာယာမှာပဲ
  ဟုတ်ကဲ့
 fri: မဟုတ်ဘူး
1:13 PM အဲဒီ့သီချင်းကမြန်မာပြည်ကိုဖွဲ့ထားတာဗျ
 me: အော်
  ဟုတ်ကဲ့
 fri: နောက် အိမ် ဆိုတဲ့သီချင်းတစ်ပုဒ်ရှိသေးတယ်
 me: ဟုတ်
  ရှိတယ်
 fri: “ကလေးလေးတွေနွေးထွေးဖို့လေ..
 me: ဟုတ်ကဲ့
 fri: ကမ္ဘာမြေမှာအိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ဆိုတာလေ..
1:14 PM me: အိမ် သီချင်းလေ
 fri: အင်းဟုတ်တယ်
  အရမ်းကောင်းတယ်ဗျာ
  အရမ်းလည်းနေချင်ပါတယ်
  ခဏတော့စိတ်ပူပန်တာတွေပျောက်သွားတယ်နော်
 me: ဟုတ် အဲ့ဒါကို အရင်နားထောင်ဖူးတာ
  ခုသီချင်းက ငါ့တို့အိမ်ထွက်မှ
1:15 PM နားထောင်ရတာ
1:16 PM fri: မဝိုင်း
 me: ဟုတ်ကဲ့
1:18 PM fri: let happen the future if it wants to be
1:20 PM me: ခုလောလောဆယ် ဘာမှမတွေးထားဘူးဗျ အကုန်လုံးပြောင်းလဲကုန်လို့ အိမ်နဲ့စကားပြောပြီးမှ သိတော့မယ် ပြန်မလို့ အကုန်ပြင်ပြီးသွားပြီ အိမ်ကိုတောင် မပြောရသေးဘူး ဒါပေမယ့် မနက်ဖြန်ဆိုတာ ကိုယ်မပိုင်ဘူးဆိုတာ မေ့သွားမိတယ်
1:24 PM fri: အင်းလေ
  ဒါပေမယ့်လည်း
 me: ဟုတ်ကဲ့
1:25 PM fri: မဝိုင်း
 me: ဟုတ်ကဲ့
1:27 PM fri: ငယ်ငယ်တုန်းက
 me: ဟုတ်
 fri: သင်ခဲ့ရတဲ့သူငယ်ချင်းဖတ်စာအုပ်လေးကိုမှတ်မိသေးလား
  က ကလေးငယ်ချစ်စဖွဝ်
1:28 PM ခ ခရေကုံးမလေးပြုံး
 me: ဟုတ်ကဲ့
 fri: ပန်းကလေးများပွင့်တော့မည်
  ဖူးတံဝင့်လို့ချီ
 me: ဟုတ် မှတ်မိတယ်
  :)
 fri: နေခြည်မှာရွှေရည်လောင်းငါတို့စာသင်ကျောင်း
 me: ခဏတော့ ပြုံးမိသွားတယ်
1:29 PM fri: တနင်္ဂနွေ တနင်္လာ ဂျိုးကလေးမှန်မှန်လာ
  ကူသံသာဗျ
  မှားလို့
 me: ကြာသာပတေး သောကြာ ဂျိုးလေးမှန်မှန်လာ
 fri: ဟုတ်တယ်နော်
1:30 PM me: ဟုတ်တယ်
  ကျေးဇူးပဲ
  ဒီနေ့ ပြန်ရှာထားအုံးမယ်
 fri: လယ်သမားကြီးဦးသာအောင်
 me: သူငယ်တန်းစာအုပ်ကို
  :)
 fri: ဓီရာမိုရ်ရဲ့သီချင်းလေးတွေရယ်
  သူငယ်တန်းဖတ်စာအုပ်လေးရယ်
1:33 PM တေဇာဘလော့ကဟာမျိုးလေးရယ်
 me: ကော်ဖီတခွက်တော့ လိုမယ်ထင်တယ်
 fri: တရားခွေနည်းနည်းရယ်
1:34 PM me: :)
 fri: ကော်ဖီတစ်ခွက်ရယ်
  အင်း
  မဝိုင်းကိုပြောချင်တာအဲဒါပါ
  တစ်ခုခုတွေ့တယ်မဟုတ်လားဗျာ
  ...
  ....
 me: အဲ့လောက်ဆို ဘ၀နိဗ္ဗာန်ပဲနော်
1:35 PM ဟုတ်တစ်ခုခုတော့ရလိုက်တယ်
  ခုမှ သူငယ်ချင်းဆိုတာ
  နားလည်သွားတယ်
  အသေအချာပဲ သူ့အဓိပ္ပါယ်ကို
1:36 PM ကျေးဇူးဆိုတဲ့ စကားမပြောတော့ဘူး
  စော်ကားသလို ဖြစ်သွားမယ်
  :)
1:38 PM fri: ကျေးဇူးပါဗျာ
 me: တကယ် ကျေးဇူးတင်ပါတယ်
  :)

 သူငယ်ချင်းနှစ်ယောက် Gtalk မှာပြောဖြစ်တဲ့ အကြောင်းပါ အချိန်နာရီဝက်လောက်ကို အလုပ်တဖက်နဲ့ ပြောဖြစ်ခဲ့ပေမယ့် တစ်ခုခုတော့ ကျွန်တော်ရလိုက်တယ် ခေါင်းထဲကို အတွေးတစ်ခုက ဖျတ်ခနဲ ၀င်လာတယ် ငါ နှစ်၃၀လုံးလုံး မြစ်တစ်စင်းကိုများ တည်ဆောက်နေမိတာလားလို့ သူငယ်ချင်းဆိုပေမယ့် ကျွန်တော့်ထက် ၈နှစ်ငယ်ပါတယ် ဒါပေမယ့်သူ့ အတွေးအခေါ်က ကျွန်တော့်ထက် ၈နှစ်ကြီးတယ်။

ကျွန်တော်စာမဖတ်ဖြစ်တာ တော်တော်ကြာပါပြီ စာလဲမရေးဖြစ်ဘူး ဘာအတွက် အသက်ရှင်နေရတာလဲဆိုရင် ရယူခြင်းအတွက်လား ပေးဆပ်ခြင်းအတွက်လားဆိုရင် ကျွန်တော့်မှာ အဖြေမရှိပါဘူး ကျွန်တော်ရှင်သန်ခဲ့တဲ့ နှစ် ၃၀ မှာ ကလေးဘ၀ကလွဲရင် ကျန်တဲ့အချိန် တော်တော်များများ အလဟသ ဖြုန်းတီးခဲ့တာ ဒီမှာနေခဲ့တဲ့ ၃ နှစ်အပ့ါအ၀င်ပေါ့။

ကျွန်တော်အခု တစ်နေရာကို သွားချင်နေတယ် အဲ့ဒီ့နေရာမှာ ကျွန်တော်ရှင်သန်ချင်နေတယ် ကျန်ရှိနေတဲ့အချိန်ကို အဲ့ဒီ့နေရာလေးမှာ ကုန်ဆုံးစေချင်တယ် ကျွန်တော် မျှော်လင့်ချက်ပေါ့ ကျွန်တော်ကလေးဘ၀ ၇နှစ် အရွယ်က ၂ နှစ်တာနေခဲ့ရတဲ့ ပြန်မရနိုင်တော့တဲ့ အိမ်မက်လေးတစ်ခုပါ ခုအချိန်ထိ ကျွန်တော်တမ်းတနေဆဲပါ ပြန်မရနိုင်မှန်းသိပေမယ့် အဲ့ဒီဘ၀လေးကို ပြန်တွေးကြည့်လိုက်ယုံနဲ့ ကျွန်တော်ကြည်နူးမိတယ်။

အဲ့ဒီအိမ်လေးကနေ လှမ်းကြည့်လိုက်ရင် မှိုင်းညို့ညို့တောင်တန်းကြီးတွေမြင်နိုင်တယ် ဧရာဝတီမြစ်ပြင်ကျယ်ကြီး ကိုလဲမြင်နိုင်တယ် အိမ်နဲ့ခပ်လှမ်းလှမ်းမှာ စိုက်ခင်းတွေရှိတယ် မြစ်ရေကျသွားလို့ ပေါ်လာတဲ့သောင်ပြင်မှာ စိုက်ပျိုးထားတာ ခရမ်း၊ငရုပ်၊ကြက်သွန်၊ပြောင်း ပြီးတော့ဒေသထွက်ကုန် မုန်ညှင်း၊ပန်းအာလူး အဲ့ဒီ့စိုက်ခင်းတွေကို ခူးယူနိုင်တယ် ဘယ်သူမှတားမြစ်ချက်မထားဘူး ငါ့အခင်း သူ့အခင်း အငြင်းမပွားဘူး သောင်ပြင်မှာကစားလို့ရတယ် ထင်းကောက့်လို့ရတယ် ပုရစ်ဖမ်းလို့ရတယ် ဍကောက်အညွန့်တွေ ခူးလို့ရတယ် ရေစပ်မှာငါးဖမ်းလို့ရတယ် ကျွန်တော့်တို့အခေါ်ဟင်္သာ (အမှန်ကတော့ ရေဘဲတွေပါ) တွေနဲ့ဆော့လို့ရတယ်။
ရောင်ရဲခြင်းဆိုတာ အဲ့ဒီ့နေရာလေးမှာ ဖေါဖေါသီသီရှာတွေ့နိုင်တယ်ဗျ ခင်ဗျားတို့အပြောနဲ့ဆို မဖွံ့ဖြိုးမတိုးတက်သေးတဲ့ဒေသ အဲ့ဒီ့မှာ ငြိမ်းချမ်းရေးဆိုတဲ့ ပန်းတွေလှိုင်လှိုင်ပွင့်နေတယ်  
အေးချမ်းမှုအပေါင်းခညောင်းနေတယ် ပကာသနတွေ ရုပ်ဝတ္တုပစ္စည်းတွေ အာဃာတတွေ အကုန်လုံး ပျောက်ဆုံးနေတယ် ငြိမ်းအေးတဲ့နေရာ အေးမြတဲ့ဒေသ ကြည်နူးဖို့ကောင်းတဲ့အရပ် ကျွန်တော်ကြိုးစားပြီး ရောက်အောင် သွားပါမယ် ကျွန်တော့်ဘ၀ကို အဲ့ဒီ့ဒေသရဲ့ ရင်ခွင်မှာပဲ ခေါင်းချချင်တယ်။

Thursday, June 9, 2011

ဝလုံး


အမုန်းဆုံး စကားလုံးကို ပြောပါဆို Depression!!
အကြောက်ဆုံးအရာကို ပြောပါဆို သံယောဇဉ်..
လူဆိုတာ အဲ့ဒီ့နှစ်ခုနဲ့ ကင်းကွာလို့မရပါဘူး
ကျွန်တော် သူတို့နဲ့အဝေးဆုံးမှာ တည်ရှိချင်တယ်
ဘာကြောင့်ဆိုတဲ့ အမေးကို မမေးပါနဲ့
ကျွန်တော့်မှာ အဖြေဆိုတာ မရှိဘူး
တခါတလေ ဖြစ်တက်ပါတယ်
အစွန်းရောက်သွားတာပါ တကယ်တော့ ကျွန်တော်
စာမတက်သေးတဲ့ အကောင်။

တကယ်တော့ ဘ၀ဆိုတာ
ပြဌာန်းစာအုပ်တစ်အုပ်လေ
မာတိကာဖတ်ပြီး စာမေးပွဲဖြေရင်တော့
ကျရှုံးမှာပဲ စာကိုယ်မှမပါတာ
ခုတော့ကျွန်တော်က
မာတိကာတောင် ပျင်းတယ်ဆိုပြီး
ကျော်ခဲ့တဲ့ကောင်ဆိုတော့
ရလဒ်က သုညပေါ့အမေ။

ကျွန်တော့်ကိုယ် ကျွန်တော် Neglect လုပ်ထားပါတယ်
ကူညီမယ်ဆို Neglect လုပ်ပေးပါ  
ကျွန်တော့်စိတ်ဓါတ်တွေ ပွန်းပဲ့သွားရတာပဲ ရှိတယ်
Uncompleted ဆိုတဲ့စကားလုံးကနေ 
Complete ဆိုတဲ့စကားလုံး ဖြစ်ဖို့ ကျွန်တော် မကြိုစားနိုင်ခဲ့ဘူး

ဖြစ်တည်မှုတိုင်းမှာ
ပျက်သုန်းခြင်းဆိုတာ
ယှဉ်တွဲနေတယ်
ကျွန်တော်ကမဖြစ်ခင်က ပျက်နေတဲ့ကောင်
ဝလုံး တောင်အောက်ကစဆွဲတော့
ဘ၀က ဇောက်ထိုးဖြစ်တာပေါ့
တကယ်တော့ရိုးရိုးလေးပါ။

ဘ၀ဆိုတာကို
သင်ရိုးအတိုင်းမသွားပဲချုံလိုက်တယ်
ဘာမှမဖြစ်ပါဘူး
ကြက်ခြေခတ်တွေထပ်သွားတယ်
အနီရောင်က ကျွန်တော့်ဖွားဘက်တော်ဖြစ်သွားတယ်
ဒီလောက်ပါပဲ။

Monday, May 30, 2011

ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ် (by Kaung Kin Ko on Monday, May 30, 2011 at 9:45am)


ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်

သုည တလုံးဟာ
ရှေ့ဆုံးမှာ မနေသင့်ဘူး။

မင်းတို့ နေရာပျောက်မှာကြောက်တာနဲ့ 
ခန်းမတခုလုံး ဖျောက်ထားရသလား။

မိုးကြိုး လျှပ်စီးရယ်…
မင်း… ငါတို့ ကို ပစ်ခတ်ပြာချလည်း
မင်းလည်း ခဏပဲ လင်းမှာပါ။
လမင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။

သူငယ်ချင်းတို့ ရေ…
မိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့  စိတ်ဓာတ်တွေနဲ့ တော့ 
ဘယ်ကိုမှ ရောက်မှာ မဟုတ်ဘူး။

ယုံကြည်ချက်တွေကိုထမ်းပြီး
ကမ္ဘာသစ်ဆီသွားမယ်. လမ်းဟာ
ကြမ်းတော့ ကြမ်းလိမ့် မယ်။

ရှေ့မှာလည်း
တစ္ဆေတစ်ကောင်
သေနတ်ကိုင်ပြီး စောင့် နေတယ်။

တစ္ဆေမကြောက်သင့် တဲ့ အချိန်မှာတော့ 
ငါတို့ မျက်လုံးတွေ ကန်းသင့် ရင် ကန်းထားရလိမ့် မယ်။

ပြီးတော့ 
တောက်ပနေတဲ့ မျက်လုံးအသစ်တွေနဲ့ 
အိမ်မက်တွေကိုပဲ တည့် တည့် ကြည့် ပြီး
ရဲရဲဝ့ံဝံ့လျှောက်ရအောင်။

မီးပျက်နေတဲ့ ညတွေမို့ 
ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်။

ကောင်းကင်ကို(2006 ခုနှစ်)