Tuesday, June 28, 2011

“ အဖေ ”

အဖေ့ မွေးနေ့အမှတ်တရ Blog မှာ စာရေးချင်တယ် အဖေနဲ့ဖုန်းပြောပြီးသွားတော့ ပျော်နေတယ် ပီတိဖြစ်နေတာနဲ့ စာရေးလို့မရဘူး အဲ့ဒါနဲ့ နှစ်သက်တဲ့ သီချင်းလေးရယ် Blogger တွေရေးထားတဲ့ ကဗျာလေးတွေပဲ တင်ထားလိုက်ပါတယ်...။

အဖေ မွေးနေ့မင်္ဂလာပါ။

 http://www.youtube.com/watch?v=4eiFs9QxFcg&feature=related

 www.nyameeain.co.cc

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။


 “ အဖေကျွန်တော်

၎နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ်။

၅နှစ်… ငါ့ဖေဖေကြီး မသိတာ ဘာမှ မရှိဘူး။

၆နှစ်… ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။

၈နှစ်… တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး။

၁၀နှစ်… အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့ကတခြားစီပဲ။

၁၂နှစ်… အင်း အဲဒါတော့ အဖေလည်းဘယ်သိပါ့မလဲ ၊ သူက အသက်ကြီးပြီဆိုတော့ ကလေးတုန်းကအကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။

၁၄နှစ်… အဖေတော့ ထည့်ပြောမနေနဲ့ ၊ သူက ရှေးရိုးသမားကြီး။

၂၁နှစ်… အဘိုးကြီးလား…ထားပါ ၊ အောက်နေပြီ ၊ လုံးဝအောက်နေပြီ။

၂၅နှစ်… အဖေလည်း နည်းနည်းပါးပါးတော့ သိတယ် ၊ မသိလို့လည်း မဖြစ်ဘူးလေ ၊ လူကြီးပဲဟာ။

၃၀နှစ်… အဖေကိုနည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ် ၊ ဘာပဲပြောပြော သူက အတွေ့အကြုံ အများကြီး ရှိတယ်။

၃၅နှစ်… အဖေနဲ့တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက်ငါတစ်ခုခုလုပ်နိုင်မယ်။

၄၀နှစ်… အဖေသာဆိုရင် ဒီကိစ္စ ဘယ်လို ဖြေရှင်းမလဲ မသိဘူး ၊ အဖေက အတွေ့အကြုံ စုံတယ် ၊ အမြော်အမြင်လည်း ရှိတယ်။

၅၀နှစ်… ဒီကိစ္စအခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်း သတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ် ၊ တကယ်ဆိုငါ အဖေ့ဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။
[မူရင်း။ ။ Ann LandersMy Father When I Was…]



lynndepa.blogspot.com

ဖိနပ်မဲ့ခြေဖဝါးရဲ့ အတ္ထုပွှတ္တိ
နားထောင်စမ်းဟေ့
ခွမ်းကနဲ..ခွမ်းကနဲ ဓားထစ်သံတွေ
ထန်းကနဲ..ထန်းကနဲ ဆောက်ရိုက်သံတွေ
ရွမ်းကနဲ..ရွမ်းကနဲ လွှတိုက်သံတွေ
အဖေဟာ အဖော်စုံတသိုက်နဲ့
လွှတိုက်သစ်ခွဲ
ဗုန်း မဲဇာ တောင်သရက်
လက်ပံနဲ့ ဒီဒူး
မနက်ဖြန်မနက် ခရီးဦးအမီ “ပို့ကုန်”
တုန်မတတ်တိုက်တဲ့ လေထဲ
ခုံဖိနပ်ရိုက်နေဆဲ..။

ခုတ်တဲ့ဓား
အသွားက တစ်ဖက်သွား
အပြားက လက်တစ်ဝါး
အလျားက ယောက်ျားတစ်တောင်
ထွင်းတဲ့ဆောက်ပြား
အသွားက တစ်ဖက်သွား
အပြားက လက်တစ်ဝါး
အလျားက ယောက်ျားတစ်ဆုပ်
ဓားကို အားကုန်မြောက်
ဆောက်ကို အားကုန်ထစ်
တောသစ်ရိုင်းတွေ
(မကြာခင်)
ခုံဖိနပ်ဖြစ်စေရော့..။

ကြည့်လိုက်စမ်းဟေ့
တစ်ဝမ်းတစ်ခါးအတွက်
ကြက်ခြမ်း ရှားဖြူ
ဖန်ခါး ငှက်ပျောအူ
တောအထူထူမှာ တိုးရှာ
တစ်နပ်စာ တလေလောက်တော့
ပဒတ်စာ အရေသောက်နဲ့ပဲ
အာသာဖြောက်ခဲ့တဲ့ အဖေတို့တတွေ..။

နင်းလိုက်စမ်းဟေ့
ပင်ပန်းဆင်းရဲမှုတွေ တဖြစ်လဲ
မိသားစုအလွမ်းတွေ တဖြစ်လဲ
ချွေးစက်တွေ တဖြစ်လဲ
ဆိုင်ထဲရောက်တော့ “ရောင်းကုန်”
လူစုံ အထပ်ထပ်
မြူမှုန် မကပ်ဖို့
ခြေစုံရပ်က
ရွှေခုံဖိနပ်ပေါ်မှာ..။

အဲဒီ ခုံဖိနပ်တွေပေါ့
ကျွန်တော့်အတွက် ကျောင်းတက်စာအုပ်လည်းဖြစ်သွားရဲ့
ထမင်းဟင်းလည်း ဖြစ်သွားရဲ့
ဒီဇိုင်းစုံ အဝတ်အစားလည်း ဖြစ်သွားရဲ့
ကတ္တီပါခုံမြင့်ဖိနပ်လည်း ဖြစ်သွားရဲ့
(နောက်ဆုံး)
ရုပ်ရှင်ရုံ အမှောင်ထဲမှာ
ကျွန်တော့်ကောင်မလေး အပျင်းပြေဝါးတဲ့
နေကြာစေ့တောင် ဖြစ်သွားသေး။

အဖေလား
လက်ဖဝါး အသားမာတက်
ခြေဖဝါး အသားမာတက်
သစ်သားရှာဖို့ တောင်ပေါ်တက်
ငှက်ဖျား တုန်တုန်တက်
တက်…တက်…တက်
တက်ချင်သလောက်တက်စမ်း
တုန်တက်မတတ် ချစ်တဲ့မိသားစုအတွက်
အသားမာကို ဖိနပ်လုပ်စီး
မေတ္တာခရီးဆက်…။
လင်းလက်ဇော်(ဥက္ကံ)

 

Saturday, June 25, 2011

အင်္ဂါ



အင်္ဂါမို့လို့ ဆိုးတာလား?? ၈ရက်နေမှာ မွေးတာမို့လို့ ဆိုးတာလား?? အမေပြောသလို မွေးတဲ့အချိန်က နက္ခတ်ကြမ်းလို့ ဆိုးတာလား?? မသေချာပေမယ့် သေချာတာက ကျွန်တော် အရမ်းဆိုးတယ် အရမ်းဒေါသကြီးတယ် ပြဿနာဆိုတဲ့ အကောင်နဲ့ အတူရှိနေတက်တယ် အမေ။


ကျွန်တော် ကြိုးစားပါတယ် လူကောင်းတစ်ယောက်ဖြစ်အောင် မရဘူး အမေ တကယ်ခဏဆိုမှ ခဏလေးပဲ ကျွန်တော်ဒီနှစ်မပြန်ဘူး ပိုက်ဆံအကုန်အကျများနေတယ် အိမ်ကိုမပို့နိုင်ဘူး ခုတော့ ကျွန်တော် ဖြုန်းတီးမိလိုက်တယ် ကျွန်တော်မရှာနိုင်တဲ့ အတိုင်းအတာကို အိမ်ကနေတောင်းပြီး ဖြုန်းတီးလိုက်တယ် မိဘဆိုတာ မြစ်ရေလိုစုန်ရေပဲ ရှိပေမယ့် ကျွန်တော် နှိပ်စက်တာလွန်သွားပြီ အမေ။

ကျွန်တော့်အမှားတွေကို ဘာနဲ့ပေးဆပ်ရမှာလဲ အမေ တစ်ခွန်းလောက် ပြောပါ ကျွန်တော် စိတ်ဓါတ်တွေ တကယ်ကျနေတယ် အမေ ခုအချိန်မှာ ကျွန်တော့် အတွေးထဲမှာ သေချင်တာတစ်ခုပဲ ရှိတယ်အမေ အဲ့ဒါကို ထွက်ပေါက်တစ်ခုလို ကျွန်တော်ခံယူထားတယ်။


စာရေးရင်းနဲ့ စိတ်တော်တော်လေး ညစ်လာတယ် ဘာလုပ်ရမယ်လဲ မသိဘူး line ပေါ်တက်ပြီးမွှေနေမိတယ် တောင်ရောက်လိုက် မြောက်ရောက်လိုက် အတွေးကို ထိန်းချုပ်ရတာ တော်တော်ကို ခက်ခဲတယ် ကိုယ့်စိတ်ကို မအောင်နိုင်သေးသမျှတော့ လူဖြစ်အုံးမှာမဟုတ်ဘူး အသက်ဘယ်လောက်ရှိရှိ ငါကွ ဆိုတော့ စကားလုံးကို ခုအချိန်ထိ မသုံးနိုင်သေးဘူး နောက်ရောသုံးနိုင်မလားဆိုတဲ့ အမေးကို တစ်ယောက်ထဲ မေးရင်း သက်ပြင်းချလိုက်မိတယ်။


Blog ဘက်စိတ်ပြန်ရောက်လာတော့ နဲနဲတော့ ၀မ်းသာတယ် ရေဝေးကြာလိုပဲ စာဆိုတဲ့ အထိန်းအကွပ်နဲ့ ဝေးရင် အရမ်းမိုက်ရိုင်းတယ် တော်တော်လေးကြမ်းတမ်းနေတယ် မောင် လို့ ကျွန်တော်ခေါ်တဲ့ သူတောင် ကျွန်တော့်ကိုစိတ်ကုန်စပြုလာပြီ။


စိတ်ထဲမှာ အမည်တစ်ခု ထင်ထင်ရှားရှား တွေ့လိုက်ရတယ် ကြီးမိုက်တဲ့ ကြီးမှမိုက်တာ ကျွန်တော့်လူသက်တမ်း တ၀က်ရောက်နေတာတောင် နောင်တဆိုတာကို ခဏခဏ ခလုပ်တိုက်နေတယ် ခလုပ်တိုက်မိရင်တော့ သတိထားမိတယ် နောင်တဆိုတာကို အဲ့ဒီ့အနာကျတ်သွားရင်တော့ မေ့သွားတယ်။

ဘ၀ ဆိုတာ ကိုယ်တိုင်တည်ဆောက်ရတဲ့ အိမ်တစ်လုံးပါ ကျွန်တော်က လေထဲအိမ်ဆောက်နေတာမဟုတ်ဘူး သဲနဲ့ အိမ်ဆောက်နေတာ စိတ်ကူးပေါ်သမျှ အိမ်ပုံစံကို ခဏခဏ ပြင်ဆောက်နေမိတယ် အဲ့လိုဆိုတော့ ကျွန်တော်အိမ်တော့ ဆောက်နေတာပဲ ရုပ်လုံးမပေါ်လာဘူး စိတ်ကူးရှိသလို ပြင်ဆောက်နေတာကို။


မတွေးတာတော့ မဟုတ်ဘူး တွေးတော့တွေးပါတယ် ငါ လုပ်နေတာတွေ မဟုတ်ဘူးဆိုတာ စကားပုံရှိတယ်လေ မရှိတာထက် မသိတာခက်တယ် ကျွန်တော်လဲ အဲ့လိုပဲ မိကျောင်းကို ရေခင်းပြသလို ကျွန်တော်သိတယ် အဲ့ဒီ့သိတာကို သိယုံလေးနဲ့ ထားထားလိုက်တာ လက်တွေ့မလုပ်ဘူး မပြင်ဘူး မှားနေတာကို။


ဟူး... မောတယ်ကွာ အပူလုံးကြီးက ရင်ထဲဆို့နေတယ် မတွေးချင်ပေမယ့် မတွေးလို့မရတဲ့ အချိန်ရောက်နေပြီ ခလုပ်ထိတော့ အမိတတက်နေပြီ အမေ ကျွန်တော်အိမ်က ပြန်လာတဲ့ နောက်ပိုင်းမှာ ခဏခဏ ခေါ်မိတယ် အမေဆိုတဲ့ နာမ်စားလေးကို နောက်ဆုံး ကျွန်တော့်ကိုကျွန်တော် သတ်သေမိတဲ့ အခြေအနေရောက်ခဲ့ရင်တောင် ကျွန်တော်ခေါ်နေမိမှာပဲအမေ။


တော်ပြီကွာ ခေါင်းတစ်ခုလုံးလဲ အငွေ့ပျံနေပြီ အရည်မရ အဖတ်မရ အတွေးတွေပဲ ကျွန်တော့်ခေါင်းထဲ ရောက်ရောက်လာတယ် တက်နိုင်မယ်ဆို ဘာမှကိုမသိချင်ဘူးကွာ ခုအချိန်မှာ။

စိတ်ဓါတ်ကျတယ်တဲ့ အဲ့ဒီ့စကားလေးတစ်လုံးက လူတစ်ယောက်ရဲ့ အသက်ကို ဖက်ရွက်လေးတစ်ခုလို ချွေချနိုင်တယ်ဆိုတာ ကျွန်တော်ယုံကြည်လိုက်ပြီ အမေ။

ကျွန်တော် ချစ်တဲ့ “ အိမ် ”





“ ဓီရာမိုရ်ရဲ့သီချင်းလေးတွေရယ်
  သူငယ်တန်းဖတ်စာအုပ်လေးရယ်
  တေဇာဘလော့ကဟာမျိုးလေးရယ်
  တရားခွေနည်းနည်းရယ်
  ကော်ဖီတစ်ခွက်ရယ်...။ ”


(ကျွန်တော့် သူငယ်ချင်း ပြောပြတဲ့ ဘ၀ဆိုတဲ့ အနှစ်သာရ...)

သူငယ်ချင်းနှစ်ယောက် Gtalk မှာပြောဖြစ်တဲ့ အကြောင်းပါ အချိန်နာရီဝက်လောက်ကို အလုပ်တဖက်နဲ့ ပြောဖြစ်ခဲ့ပေမယ့် တစ်ခုခုတော့ ကျွန်တော်ရလိုက်တယ် ခေါင်းထဲကို အတွေးတစ်ခုက ဖျတ်ခနဲ ၀င်လာတယ် ငါ နှစ်၃၀လုံးလုံး မြစ်တစ်စင်းကိုများ တည်ဆောက်နေမိတာလားလို့...

 http://www.youtube.com/watch?v=l7yaeR0bj7U
:10 PM fri: အော် မဝိုင်းလည်းကြိုက်တာကိုး
 me: :)
1:11 PM fri: အဲဒီ့သီချင်းက
 me: ဟုတ်ကဲ့
 fri: မြန်မာပြည်ကိုပြောထားတာပါ
1:12 PM me: အင်းလေ
 fri: ဓီရာမိုရ်ဂျပန်ကိုရောက်နေတုန်းက
  သူလွမ်းတဲ့မြန်မာပြည်ကို
 me: အဲ့လိုအိမ်လေးမှာနေချင်လို့ပါ
 fri: သီချင်းရေးခဲ့တာ
 me: အရမ်းသာယာမှာပဲ
  ဟုတ်ကဲ့
 fri: မဟုတ်ဘူး
1:13 PM အဲဒီ့သီချင်းကမြန်မာပြည်ကိုဖွဲ့ထားတာဗျ
 me: အော်
  ဟုတ်ကဲ့
 fri: နောက် အိမ် ဆိုတဲ့သီချင်းတစ်ပုဒ်ရှိသေးတယ်
 me: ဟုတ်
  ရှိတယ်
 fri: “ကလေးလေးတွေနွေးထွေးဖို့လေ..
 me: ဟုတ်ကဲ့
 fri: ကမ္ဘာမြေမှာအိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ဆိုတာလေ..
1:14 PM me: အိမ် သီချင်းလေ
 fri: အင်းဟုတ်တယ်
  အရမ်းကောင်းတယ်ဗျာ
  အရမ်းလည်းနေချင်ပါတယ်
  ခဏတော့စိတ်ပူပန်တာတွေပျောက်သွားတယ်နော်
 me: ဟုတ် အဲ့ဒါကို အရင်နားထောင်ဖူးတာ
  ခုသီချင်းက ငါ့တို့အိမ်ထွက်မှ
1:15 PM နားထောင်ရတာ
1:16 PM fri: မဝိုင်း
 me: ဟုတ်ကဲ့
1:18 PM fri: let happen the future if it wants to be
1:20 PM me: ခုလောလောဆယ် ဘာမှမတွေးထားဘူးဗျ အကုန်လုံးပြောင်းလဲကုန်လို့ အိမ်နဲ့စကားပြောပြီးမှ သိတော့မယ် ပြန်မလို့ အကုန်ပြင်ပြီးသွားပြီ အိမ်ကိုတောင် မပြောရသေးဘူး ဒါပေမယ့် မနက်ဖြန်ဆိုတာ ကိုယ်မပိုင်ဘူးဆိုတာ မေ့သွားမိတယ်
1:24 PM fri: အင်းလေ
  ဒါပေမယ့်လည်း
 me: ဟုတ်ကဲ့
1:25 PM fri: မဝိုင်း
 me: ဟုတ်ကဲ့
1:27 PM fri: ငယ်ငယ်တုန်းက
 me: ဟုတ်
 fri: သင်ခဲ့ရတဲ့သူငယ်ချင်းဖတ်စာအုပ်လေးကိုမှတ်မိသေးလား
  က ကလေးငယ်ချစ်စဖွဝ်
1:28 PM ခ ခရေကုံးမလေးပြုံး
 me: ဟုတ်ကဲ့
 fri: ပန်းကလေးများပွင့်တော့မည်
  ဖူးတံဝင့်လို့ချီ
 me: ဟုတ် မှတ်မိတယ်
  :)
 fri: နေခြည်မှာရွှေရည်လောင်းငါတို့စာသင်ကျောင်း
 me: ခဏတော့ ပြုံးမိသွားတယ်
1:29 PM fri: တနင်္ဂနွေ တနင်္လာ ဂျိုးကလေးမှန်မှန်လာ
  ကူသံသာဗျ
  မှားလို့
 me: ကြာသာပတေး သောကြာ ဂျိုးလေးမှန်မှန်လာ
 fri: ဟုတ်တယ်နော်
1:30 PM me: ဟုတ်တယ်
  ကျေးဇူးပဲ
  ဒီနေ့ ပြန်ရှာထားအုံးမယ်
 fri: လယ်သမားကြီးဦးသာအောင်
 me: သူငယ်တန်းစာအုပ်ကို
  :)
 fri: ဓီရာမိုရ်ရဲ့သီချင်းလေးတွေရယ်
  သူငယ်တန်းဖတ်စာအုပ်လေးရယ်
1:33 PM တေဇာဘလော့ကဟာမျိုးလေးရယ်
 me: ကော်ဖီတခွက်တော့ လိုမယ်ထင်တယ်
 fri: တရားခွေနည်းနည်းရယ်
1:34 PM me: :)
 fri: ကော်ဖီတစ်ခွက်ရယ်
  အင်း
  မဝိုင်းကိုပြောချင်တာအဲဒါပါ
  တစ်ခုခုတွေ့တယ်မဟုတ်လားဗျာ
  ...
  ....
 me: အဲ့လောက်ဆို ဘ၀နိဗ္ဗာန်ပဲနော်
1:35 PM ဟုတ်တစ်ခုခုတော့ရလိုက်တယ်
  ခုမှ သူငယ်ချင်းဆိုတာ
  နားလည်သွားတယ်
  အသေအချာပဲ သူ့အဓိပ္ပါယ်ကို
1:36 PM ကျေးဇူးဆိုတဲ့ စကားမပြောတော့ဘူး
  စော်ကားသလို ဖြစ်သွားမယ်
  :)
1:38 PM fri: ကျေးဇူးပါဗျာ
 me: တကယ် ကျေးဇူးတင်ပါတယ်
  :)

 သူငယ်ချင်းနှစ်ယောက် Gtalk မှာပြောဖြစ်တဲ့ အကြောင်းပါ အချိန်နာရီဝက်လောက်ကို အလုပ်တဖက်နဲ့ ပြောဖြစ်ခဲ့ပေမယ့် တစ်ခုခုတော့ ကျွန်တော်ရလိုက်တယ် ခေါင်းထဲကို အတွေးတစ်ခုက ဖျတ်ခနဲ ၀င်လာတယ် ငါ နှစ်၃၀လုံးလုံး မြစ်တစ်စင်းကိုများ တည်ဆောက်နေမိတာလားလို့ သူငယ်ချင်းဆိုပေမယ့် ကျွန်တော့်ထက် ၈နှစ်ငယ်ပါတယ် ဒါပေမယ့်သူ့ အတွေးအခေါ်က ကျွန်တော့်ထက် ၈နှစ်ကြီးတယ်။

ကျွန်တော်စာမဖတ်ဖြစ်တာ တော်တော်ကြာပါပြီ စာလဲမရေးဖြစ်ဘူး ဘာအတွက် အသက်ရှင်နေရတာလဲဆိုရင် ရယူခြင်းအတွက်လား ပေးဆပ်ခြင်းအတွက်လားဆိုရင် ကျွန်တော့်မှာ အဖြေမရှိပါဘူး ကျွန်တော်ရှင်သန်ခဲ့တဲ့ နှစ် ၃၀ မှာ ကလေးဘ၀ကလွဲရင် ကျန်တဲ့အချိန် တော်တော်များများ အလဟသ ဖြုန်းတီးခဲ့တာ ဒီမှာနေခဲ့တဲ့ ၃ နှစ်အပ့ါအ၀င်ပေါ့။

ကျွန်တော်အခု တစ်နေရာကို သွားချင်နေတယ် အဲ့ဒီ့နေရာမှာ ကျွန်တော်ရှင်သန်ချင်နေတယ် ကျန်ရှိနေတဲ့အချိန်ကို အဲ့ဒီ့နေရာလေးမှာ ကုန်ဆုံးစေချင်တယ် ကျွန်တော် မျှော်လင့်ချက်ပေါ့ ကျွန်တော်ကလေးဘ၀ ၇နှစ် အရွယ်က ၂ နှစ်တာနေခဲ့ရတဲ့ ပြန်မရနိုင်တော့တဲ့ အိမ်မက်လေးတစ်ခုပါ ခုအချိန်ထိ ကျွန်တော်တမ်းတနေဆဲပါ ပြန်မရနိုင်မှန်းသိပေမယ့် အဲ့ဒီဘ၀လေးကို ပြန်တွေးကြည့်လိုက်ယုံနဲ့ ကျွန်တော်ကြည်နူးမိတယ်။

အဲ့ဒီအိမ်လေးကနေ လှမ်းကြည့်လိုက်ရင် မှိုင်းညို့ညို့တောင်တန်းကြီးတွေမြင်နိုင်တယ် ဧရာဝတီမြစ်ပြင်ကျယ်ကြီး ကိုလဲမြင်နိုင်တယ် အိမ်နဲ့ခပ်လှမ်းလှမ်းမှာ စိုက်ခင်းတွေရှိတယ် မြစ်ရေကျသွားလို့ ပေါ်လာတဲ့သောင်ပြင်မှာ စိုက်ပျိုးထားတာ ခရမ်း၊ငရုပ်၊ကြက်သွန်၊ပြောင်း ပြီးတော့ဒေသထွက်ကုန် မုန်ညှင်း၊ပန်းအာလူး အဲ့ဒီ့စိုက်ခင်းတွေကို ခူးယူနိုင်တယ် ဘယ်သူမှတားမြစ်ချက်မထားဘူး ငါ့အခင်း သူ့အခင်း အငြင်းမပွားဘူး သောင်ပြင်မှာကစားလို့ရတယ် ထင်းကောက့်လို့ရတယ် ပုရစ်ဖမ်းလို့ရတယ် ဍကောက်အညွန့်တွေ ခူးလို့ရတယ် ရေစပ်မှာငါးဖမ်းလို့ရတယ် ကျွန်တော့်တို့အခေါ်ဟင်္သာ (အမှန်ကတော့ ရေဘဲတွေပါ) တွေနဲ့ဆော့လို့ရတယ်။
ရောင်ရဲခြင်းဆိုတာ အဲ့ဒီ့နေရာလေးမှာ ဖေါဖေါသီသီရှာတွေ့နိုင်တယ်ဗျ ခင်ဗျားတို့အပြောနဲ့ဆို မဖွံ့ဖြိုးမတိုးတက်သေးတဲ့ဒေသ အဲ့ဒီ့မှာ ငြိမ်းချမ်းရေးဆိုတဲ့ ပန်းတွေလှိုင်လှိုင်ပွင့်နေတယ်  
အေးချမ်းမှုအပေါင်းခညောင်းနေတယ် ပကာသနတွေ ရုပ်ဝတ္တုပစ္စည်းတွေ အာဃာတတွေ အကုန်လုံး ပျောက်ဆုံးနေတယ် ငြိမ်းအေးတဲ့နေရာ အေးမြတဲ့ဒေသ ကြည်နူးဖို့ကောင်းတဲ့အရပ် ကျွန်တော်ကြိုးစားပြီး ရောက်အောင် သွားပါမယ် ကျွန်တော့်ဘ၀ကို အဲ့ဒီ့ဒေသရဲ့ ရင်ခွင်မှာပဲ ခေါင်းချချင်တယ်။

Thursday, June 9, 2011

ဝလုံး


အမုန်းဆုံး စကားလုံးကို ပြောပါဆို Depression!!
အကြောက်ဆုံးအရာကို ပြောပါဆို သံယောဇဉ်..
လူဆိုတာ အဲ့ဒီ့နှစ်ခုနဲ့ ကင်းကွာလို့မရပါဘူး
ကျွန်တော် သူတို့နဲ့အဝေးဆုံးမှာ တည်ရှိချင်တယ်
ဘာကြောင့်ဆိုတဲ့ အမေးကို မမေးပါနဲ့
ကျွန်တော့်မှာ အဖြေဆိုတာ မရှိဘူး
တခါတလေ ဖြစ်တက်ပါတယ်
အစွန်းရောက်သွားတာပါ တကယ်တော့ ကျွန်တော်
စာမတက်သေးတဲ့ အကောင်။

တကယ်တော့ ဘ၀ဆိုတာ
ပြဌာန်းစာအုပ်တစ်အုပ်လေ
မာတိကာဖတ်ပြီး စာမေးပွဲဖြေရင်တော့
ကျရှုံးမှာပဲ စာကိုယ်မှမပါတာ
ခုတော့ကျွန်တော်က
မာတိကာတောင် ပျင်းတယ်ဆိုပြီး
ကျော်ခဲ့တဲ့ကောင်ဆိုတော့
ရလဒ်က သုညပေါ့အမေ။

ကျွန်တော့်ကိုယ် ကျွန်တော် Neglect လုပ်ထားပါတယ်
ကူညီမယ်ဆို Neglect လုပ်ပေးပါ  
ကျွန်တော့်စိတ်ဓါတ်တွေ ပွန်းပဲ့သွားရတာပဲ ရှိတယ်
Uncompleted ဆိုတဲ့စကားလုံးကနေ 
Complete ဆိုတဲ့စကားလုံး ဖြစ်ဖို့ ကျွန်တော် မကြိုစားနိုင်ခဲ့ဘူး

ဖြစ်တည်မှုတိုင်းမှာ
ပျက်သုန်းခြင်းဆိုတာ
ယှဉ်တွဲနေတယ်
ကျွန်တော်ကမဖြစ်ခင်က ပျက်နေတဲ့ကောင်
ဝလုံး တောင်အောက်ကစဆွဲတော့
ဘ၀က ဇောက်ထိုးဖြစ်တာပေါ့
တကယ်တော့ရိုးရိုးလေးပါ။

ဘ၀ဆိုတာကို
သင်ရိုးအတိုင်းမသွားပဲချုံလိုက်တယ်
ဘာမှမဖြစ်ပါဘူး
ကြက်ခြေခတ်တွေထပ်သွားတယ်
အနီရောင်က ကျွန်တော့်ဖွားဘက်တော်ဖြစ်သွားတယ်
ဒီလောက်ပါပဲ။

Monday, May 30, 2011

ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ် (by Kaung Kin Ko on Monday, May 30, 2011 at 9:45am)


ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်

သုည တလုံးဟာ
ရှေ့ဆုံးမှာ မနေသင့်ဘူး။

မင်းတို့ နေရာပျောက်မှာကြောက်တာနဲ့ 
ခန်းမတခုလုံး ဖျောက်ထားရသလား။

မိုးကြိုး လျှပ်စီးရယ်…
မင်း… ငါတို့ ကို ပစ်ခတ်ပြာချလည်း
မင်းလည်း ခဏပဲ လင်းမှာပါ။
လမင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။

သူငယ်ချင်းတို့ ရေ…
မိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့  စိတ်ဓာတ်တွေနဲ့ တော့ 
ဘယ်ကိုမှ ရောက်မှာ မဟုတ်ဘူး။

ယုံကြည်ချက်တွေကိုထမ်းပြီး
ကမ္ဘာသစ်ဆီသွားမယ်. လမ်းဟာ
ကြမ်းတော့ ကြမ်းလိမ့် မယ်။

ရှေ့မှာလည်း
တစ္ဆေတစ်ကောင်
သေနတ်ကိုင်ပြီး စောင့် နေတယ်။

တစ္ဆေမကြောက်သင့် တဲ့ အချိန်မှာတော့ 
ငါတို့ မျက်လုံးတွေ ကန်းသင့် ရင် ကန်းထားရလိမ့် မယ်။

ပြီးတော့ 
တောက်ပနေတဲ့ မျက်လုံးအသစ်တွေနဲ့ 
အိမ်မက်တွေကိုပဲ တည့် တည့် ကြည့် ပြီး
ရဲရဲဝ့ံဝံ့လျှောက်ရအောင်။

မီးပျက်နေတဲ့ ညတွေမို့ 
ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်။

ကောင်းကင်ကို(2006 ခုနှစ်)

Tuesday, May 24, 2011

ဟိုရောက် ဒီရောက်

Blog နဲ့ ကင်းကွာနေတာ ၂၃ ရက်ရှိပါပြီ တကယ်မထင်ခဲ့ဘူး အဲ့လိုကင်းကွာနေတာ ...
ဒီလိုပါပဲ ဘ၀ဆိုတာ သိပ်ပြီးမထူးဆန်းသလို သိပ်ပြီးမရိုးရှင်းပါဘူး ...
အလိုက်သင့်လေး မျောတက်ရအောင် ကျွန်တော်က ဗေဒါပင်မဟုတ်ပါဘူး အမေ.. ခံစားချက်ဆိုတာ ရှေ့တန်းတင်တက်တဲ့ ခပ်ညံ့ညံ့ လူတစ်ယောက်
ဒီလိုနဲ့ပဲ အသက်တစ်နှစ်ကြီးသွားခဲ့တာ ... ။

ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်။

နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။

ငါ့ပင်လယ် ခဲလုံးတွေ ပြုတ်ကျ
ငါ့ရင်မှာ မီးပြတိုက် ထွန်းရ
ငါတစ်ယောက်တည်း လင်း .. လင်း နေတဲ့ည
ငါတစ်ကိုယ်ထဲ လင်းသွားတဲ့ည။

ငါ့ကိုယ်ငါ မိုးကြိုးတွေ ပစ်ချ
ငါ့ကိုယ်မှာ မီးစုန်းတွေ ထွက်ကျ
ငါတစ်ကိုယ်တည်း လင်း.. လင်းနေတဲ့ည။
ငါတစ်ယောက်ထဲ လင်းသွားတဲ့ည။

အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကို မတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ ကောင်မို့
...
မှောင်တယ်။

တချို့လူတွေက
ဘ၀မှာ ကြယ်တွေ ကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက..
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။

ငါ့ကိုသတ်…ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်…။


ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ…
ကြောက်မက်ဖွယ်ရာ လူတွေရဲ့
မဟာဘုတ်ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဘွား”ဖြစ်ချင်ခဲ့တာကိုး။
 

“မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ…”
ခွဲခွာခြင်းဟာ …
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသာတည့်တည့်ဆီ
ချိန်ရွယ်မောင်းဖြုတ်လိုက်တယ် …။
 

တာရာမင်းဝေ ကဗျာတွေပါ တပုဒ်လုံးတော့မဟုတ်ပါဘူး ဖတ်ရင်း ကိုယ်နဲ့ တိုက်ဆိုင်တဲ့ ခံစားချက်လေးတွေ ပြန်တင်ထားတာပါ ။ အမှန်က စာရေးမယ်ဆိုပြီး ၀င်လိုက်တယ် အနေဝေးရင် သွေးအေးတယ်တဲ့ သက်ရှိမဟုတ်တဲ့ ကျွန်တော့် Blog လေးတောင် တစိမ်းဆန်နေတယ် ။ မရေးဖြစ်တော့ဘူး အချိန်တွေတာ ကုန်သွားတယ် ဘယ်ကဘယ်လို စရေးရမလဲ မသိတော့သလို ဘယ်အကြောင်းရေးရမယ်မှန်း မသိတော့တာ ။ ဒီလိုပါပဲ လူဆိုတာ အဲ မဟုတ်ဘူး ကျွန်တော်ဆိုတာ အဖေပြောတဲ့ စကားလေးလို ယောင်ခြောက်ဆယ် ဖြစ်နေတာ ။

Sunday, May 8, 2011

ပြီးပါပြီ



နွေကလည်း တမြေ့မြေ့ တောက်လောင်လို့... 
မိုးကလည်း တိုးတိုးတိတ်တိတ် ငိုနေလို့... 
နှင်းတွေကလည်း တဖွဲဖွဲ ခုန်ဆင်းလို့... 
ကျွန်တော်လည်း သူတို့နဲ့အတူ 
တငွေ့ငွေ့ ကျွမ်းလောင်နေလို့ပေါ့... ။ 


ဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် 
ကျွန်တော့်ကို ၀ါးမြိုသွားတာ... ။


နွေခေါင်ခေါင်ကြီးမှာ စိတ်ဓါတ်တွေက 
မိုးပေါက်တွေလို မြေပေါ်ခုန်ဆင်းနေတယ် မေ.. 
မျှော်လင့်ခြင်းတွေက ရွက်ဝါတွေလို 
တဖွဲဖွဲမြေခနေလို့ ... 
ဒီလို့နဲ့ပဲ ကျွန်တော်အသက် တစ်နှစ်ကြီးသွားရတာ ... 
ခုချိန်ထိ အိမ်မက်မက်နေတုံးပဲ မေ.. 
ရွှေဘုန်းလူစကားနဲ့ဆိုရင် 
ကိုယ့်ကိုကိုယ်တော့ သိတာပေါ့မေရယ် 
ကျွန်တော် ညံ့တဲ့ကောင်ဆိုတာ ... ။


အက်ရာထင်သွားတဲ့ ပစ္စည်းတစ်ခုတောင် 
အကောင်းအတိုင်း မရှိနိုင်တာ 
ကြေကွဲသွားတဲ့ ခံစားချက်တစ်ခုကို 
ကျွန်တော်ဘာလို့ အကောင်းအတိုင်း 
ပြန်လိုချင်နေရတာလဲ မေ.. 
မဖြစ်နိုင်တော့ပါဘူး ခုအချိန်မှာတော့ 
 အရာအားလုံး ဖရိုဖရဲ ပြီးဆုံးသွားခဲ့တာ... ။


ရာသီဥတုက သာယာနေတယ် မေ.. 
မာရှယ်လောတော့ ရုပ်သိမ်းသွားပြီ 
ဒီည ကျွန်တော် 
နှစ်နှစ်ခြိုက်ခြိုက် အိပ်ချင်တယ် မေ... ။


ဒီလိုနဲ့ပဲ...................................။ 
ကျွန်တော်...................................။ 
အနည်ထိုင်သွားရတာ..............................................ပါ။ 
???.....................................ပြီးပါပြီ။


အမြဲတမ်း အမေ့ကို တမ်းတနေတဲ့ 
ကောင်ဆိုတော့ အများကြီး မရေးတော့ပါဘူး 
ပျော်ရွှင်ဖွယ်ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ပါစေ
ဒီနေ့မှစ၍... ။

မေ.. ကိုယ့်ဘာသာ ကြော်ညာလိုက်ပါတယ်

ကျွန်တော် လူလိမ္မာ လုပ်တော့မယ်လို့... ။


8th May 2011
Sunday

Thursday, May 5, 2011

အဝေးက အိမ်..။


ပြန်ဆုံချင်ပါပြီ... ခွဲခဲ့ရတဲ့နေရက်များ လွမ်းရတဲ့နေ့များ ရှည်ကြာလွန်းနေပြီ...

“အိမ်ပြန်ချင်ပါပြီ ... ”

“၃၇၈ ရက်ရှိပါပြီ အိမ်ပြန်မရောက်ခဲ့သည် မှာ ...”

http://breeze-coolnfree.blogspot.com/2008/11/blog-post_28.html

အိမ်..

အပြင်လောက က
ထင်ထားတာထက် ရက်စက်တယ်
ငယ်ငယ်တုန်းက
အိမ်က ထွက်ပြေးချင်တယ်
အသက်ကြီးလာတော့
အိမ်ကို ပြန်ပြေးချင်တယ်
တကယ်တော့ အိမ်ဆိုတာ
အဖေနဲ့အမေ ရှိတဲ့နေရာပါပဲ...
သွေးတူမှ စီးလို့ရတဲ့ မြစ်ပါပဲ...
ကိုယ်ခေါင်းချချင်တဲ့ အရပ်ပါပဲ... ။

လွတ်ငြိမ်းလေပြေ

Saturday, April 30, 2011

ဧပြီ

နှုတ်ဆက်ခဲ့ပါတယ် ဧပြီ... နင်လဲရွှေယုန် မဟုတ်ခဲ့သလို ငါလဲရွှေကျား မဖြစ်ခဲ့ပါဖူး ဒါပေမယ့် ပုံပြင်အဆုံးမှာတော့ လေမုန်တိုင်းကြပြီး နွေခေါင်ခေါင်မှာ မိုးကြိုးတွေတော့ ပြစ်ခဲ့ပါတယ်.. ။ နှုတ်ဆက်ခဲ့ပါတယ်... ဧပြီမှာ ပွင့်တဲ့ပိတောက် ဧပြီမှာ ရှိတဲ့သင်္ကြန် ပြီးတော့ ဧပြီမှာ ပြီးသွားတဲ့ ပုံပြင်တစ်ပုဒ် အရားအားလုံး နှုတ်ဆက်ခဲ့ပါတယ်.. ။

ဒီနေ့ ဧပြီရဲ့နောက်ဆုံးရက်ပါ နှုတ်ဆက်ပါတယ် ဧပြီ... ငါချစ်တဲ့ နင့်ကို ဧပြီမှာ ကျတဲ့ သင်္ကြန်၊ ဧပြီမှာ ပွင့်တဲ့ ပိတောက် ပြီးတော့ ဧပြီမှာ လမ်းခွဲခဲ့တဲ့ ချစ်သူ အရာအားလုံး နှုတ်ဆက်ပါတယ်... 2011 ဧပြီဆိုတာကို မေ့လို့ရပါတယ် ပြီးဆုံးသွားပြီလေ ဒီညဆိုရင် ဒါပေမယ့် ဧပြီဆိုတာ ရှိလာအုံးမှာပဲ သင်္ကြန်လဲကျမှာပဲ ပိတောက်လဲနှစ်စဉ် ပွင့်နေအုံးမှာပဲ... အဲ့ဒီအရာအားလုံးနဲ့ အတူ ငါ့ဒဏ်ရာကလဲ အသစ်ပြန်ဖြစ်ရအုံးမယ် ဧပြီရောက်တိုင်း သင်္ကြန်ကျတိုင်း ပိတောက်ပွင့်တိုင်း ငါနာကျင်ရမယ့် အဖြစ်ကို မုန်းတယ်ဟာ.. ဧပြီ နင့်ကို မုန်းပါရစေ နှုတ်ဆက်ခြင်းနဲ့ အတူ...

ခုတလော စိတ်တွေ အရင်လို မဟုတ်တော့ပါ တော်တော်အတ္တကြီးပြီး တစိမ်းဆန်နေတယ်.. ပတ်ဝန်းကျင်ဆိုတာကို အရင်လို လိုက်လျောညီထွေနေဖို့ ခက်ခဲနေတယ် ကိုယ့်ဘာသာ သီးသီးသန့်သန့်နေချင်နေတယ် နေလဲနေမိတယ် ဘယ်လိုပဲသူတို့ ထင်ပါစေ စိတ်ကျေနပ်ဖို့ အဓိကပါ..

အရင်ထဲကဆို လူတွေနဲ့ တရင်းတနှီးမနေတက်ပါဘူး ဒီရောက်မှ မိသားစုမဟုတ်တဲ့ သူတွေနဲ့တသားထဲကျအောင် ကြိုးစားနေခဲ့တာပါ အရင်လို စိတ်ကြည်လင်နေတဲ့ အချိန်ကတော့ ပြဿနာသိပ်မရှိပါဘူး အဆင်မပြေလဲ မေ့မေ့ပျောက်ပျောက် ခဏနေရင် အရင်အတိုင်း ရင်းရင်းနှီးနှီး ပြန်နေလိုက်တာပဲ... ခုကတော့

အရင်လို မဟုတ်တော့ဘူးလေ အချစ်ကြောင့် အသည်းကွဲခဲ့ရပြီ အိမ်ကို သတိရတဲ့စိတ်ကလဲ ဒဏ်ရာကို ထပ်ပြီးနာကျင်စေတယ်.. လူကသာ အိပ်ယာပေါ် တုံးလဲလှဲနိုင်တဲ့ အခြေအနေမရှိတော့ ကိုယ့်ကိုကိုယ် အားတင်းပြီးရပ်တည်နေရတယ် ကျန်းမာရေး သိသိသာသာ ဆိုးလာတယ် သတိထားမိနေတယ် တပတ်မှာ နှစ်ခါလောက်ဖျားနေတာ မကောင်းဘူးလေ...

အသက် ၃၀ အရွယ် မိန်းမတစ်ယောက်ရဲ့ အပြုအမူက တော်တော်ရီရပါတယ် နေမကောင်းရင် ဆေးခန်းသွားဖို့ မတွေးပါ သောက်ရတဲ့ ဆေးအရေအတွက်မှာ ပဲကြီးလှော်မဟုတ်သည့်အတွက် ခါးခါးသီးသီး မဟုတ်ပေမယ့် တော်တော်လေး မုန်းနေမိပါသည် ဆေးဆိုသော အရာကို.. ထို့ကြောင့် အရုပ်ဝယ်မိပါသည် ကိုယ့်ဘာသာသိပါသည် အရုပ်ဆိုသည်မှာ ကလေးကစားစရာမှန်း ဒီအရွယ်ထိ အရုပ်လိုချင်ဆဲ စိတ်ကိုအံသြမိယုံမှတပါး ဘာမှမတက်နိုင်ပါ မပြောတက်တော့ပါ ခံစားချက်ဆိုတာကို...

စက်တင်ဘာဆိုရင် ကလေးဆန်သော အပြုအမူ တော်တော်များများကို စွန့်ပြစ်ရပါတော့မည် အသက်၃၀ တိတိပြည့်ပါမည်.. ရင်နဲ့အမျှ ချစ်ရသော သူကိုတောင် နှုတ်ဆက်ခဲ့နိုင်သူအတွက် သူနှစ်သက်သော အပြုအမူအချို့ စွန့်ပြစ်ရမည်မှာ သိပ့်ထိခိုက်မည်မဟုတ်ပါ နဲနဲထပ်ပြီး အထီးကျန်ဆန် သွားယုံသာ...

အနာဂတ်ဆိုသည့် အရာမှာ သူ့အတွက် ဗလာသပ်သပ် ပန်းချီကင်းဘက်စတစ်ခုမျှသာ အနာဂတ်အတွက် ဘာမှမစဉ်းစားထားပါ နေ့စဉ်ပုံစံခွက်ထဲ အသားကျနေသော ကိုယ့်ဘာသာ မုန်းတီးမိပါသည် သို့သော်.. မရုန်းထွက်နိုင်သေးပါ အနာဂတ်ကိုသာ မစဉ်းစားခဲ့ပေမယ့် လက်ရှိအချိန်ကိုတော့ လစ်လျှူမရှုနိုင်သေးပါ ဒဏ်ရာရသွားသော ကျားတစ်ကောင်သည် ကြောက့်ဖို့အလွန်ကောင်းပါသည် သူကတော့ ကြောက်စရာမကောင်းပါ ပတ်ဝန်းကျင်ဆိုတာနှင့် အလွန်ဝေးကွာစွာ တည်ရှိနေသောကြောင့်...

နှုတ်ဆက်ခဲ့ပါတယ် ဧပြီ... ငါချစ်တဲ့ နင်.. ချစ်တဲ့ သင်္ကြန်.. နှစ်သက်တဲ့ ပိတောက်.. မြတ်နိုးတဲ့ ချစ်သူ.. အရာအားလုံး ဟာ ဧပြီမှာ ဖြစ်တည်တဲ့ တည်ရှိတဲ့ အရာအားလုံး ငါ နှုတ်ဆက်ခဲ့ပါတယ် .. ။

Monday, April 25, 2011

ကျွန်တော် သေသွားခဲ့ရင် ??






ကျွန်တော် သေသွားခဲ့ရင် ??

မေ.. ကျွန်တော်နေမကောင်း ခဏခဏဖြစ်တယ် စိတ်မကောင်းဖြစ်တာနဲ့ လူကဖျားရော အမှုမှတ်အမှတ်မဲ့ နေနေမိတယ် ခုတလော ပိုစိပ်လာတယ် နေမကောင်းဖြစ်တာက သတိထားမိတယ် တခုခုဆို စိတ်နောက်ကိုယ်ပါ လုပ်မိတက်တော့ ငါ နှလုံးရောဂါများ ဖြစ်နေပြီလားဆိုပြီး တွေးမိလာတယ် ရင်ဘက်ကလဲ ခနခန အောင့်လာတက်တယ် နေ့တိုင်းလိုလို အရင်ကတော့ ပေါ့ပေါ့လေးပဲ ခုတော့ စိုးရိမ်လာတယ် မေ.. သေချာသလောက်ဖြစ်နေပြီ .. ။

အိပ်ရေးပျက်တိုင်း ကျွန်တော်ခံနိုင်ရည်မရှိဖူး နဲနဲစိတ်ပင်ပန်းရင် စိတ်တိုရင် ဘယ်ဘက်ရင်အုံက ဆိုးဆိုးရွားရွား အောင့်လာတယ် ကျွန်တော် သေရမှာမကြောက်ပါဘူး မေ.. ဒါပေမယ့် အဖေ နဲ့ မေ စိတ်မကောင်းမှာ စိုးရိမ်တယ် ငါ့သမီးလေးကို အပြင်မှာ အလုပ်လုပ်ခိုင်းလို့ ရောဂါဖြစ်ရတာ ဆိုပြီး တသက်လုံး စိတ်မကောင်းဖြစ်နေမှာလေ တကယ်ဆို ကျွန်တော့်ဘာသာ ထွက်လာတာလေ ဘယ်သူမှ ခွင့်ပြုတာမှ မဟုတ်ပါဘူး .. ။

လူဆိုတာသေမျိုးကြီးပဲ ကျွန်တော်က အတ္တကြီးတော့ အရင်သေချင်တာလေ ကျန်ရစ်မှာကို မခံစားနိုင်တဲ့သူလေ ခုတော့ ဆုတောင်းပြည့်တယ်ပဲ ပြောရမှာပေါ့ မေရယ်.. ၀မ်းမနည်းပါနဲ့နော် တကယ်လို့ ကျွန်တော်သေသွားခဲ့ရင် ဒီအချိန်ထိ ကျွန်တော် ဆိုးခဲ့တာပဲ မေရယ် ကျွန်တော်မှ မလိမ္မာခဲ့တာ အိမ်ပြင်မှာ ခဏနေခဲ့ရပေမယ့် အိမ်ကိုစိတ်ပူအောင် လုပ်နေတာပဲလေ ကျွန်တော်က အလတ်ဆိုပေမယ့် အဖေ နဲ့ မေ မလစ်လပ်အောင် ချစ်ခဲ့ပေမယ့် အလတ်ဆိုတဲ့ အတိုင်း ကျွန်တော်အိမ်ရဲ့ တာဝန်တွေ လစ်လပ်နေခဲ့တာလေ .. ။

ဒီမှာနေတဲ့ ၃ နှစ်မှာ ကျွန်တော်ဘာများ အိမ်ကို ကူညီခဲ့ဖူးလဲ အိမ်ကို ပြန်ပြေးလာတာက ၂ နှစ် အချစ်ဆိုတဲ့ ခံစားချက်မှာ နစ်နေတာက ၁ နှစ် ဘာမှ အသုံးမကျဘူးကွာ နော် မေ.. ကျွန်တော် လူ့ပေါက်ပန်းပါ အကုန်လုံးသူ့ဘာသာ ရပ်တည်နိုင်ပြီ ကျွန်တော် တစ်ယောက်ထဲ သောင်ပြင်လွတ်တဲ့ ဘ၀ရောက်နေတာပါ ၀မ်းမနည်းပါနဲ့ ကျွန်တော် အိမ်ကို ပြန်လာအုံးမှာပါ တကယ်လို့ ကျွန်တော်မရတော့ရင် အပြီးပြန်လာမှာပါ မေတို့မျက်ကွယ်မှာ မေတို့တသက်လုံး စိတ်ဆင်းရဲရမယ့် အဖြစ်မျိုးမဖြစ်စေရပါဖူး .. ။

ဟိုတုံးကအဲ့လို ကြိုသိတဲ့ခံစားချက်ကို တစ်ယောက်ထဲကျိတ်ပြီး ကျေနပ်နေတာ မေ.. ငါကွဆိုပြီး မာန်တက်ခဲ့ဖူးပါတယ် ခုတော့ ကြောက်တယ် မေ.. အိမ်ပြင်မှာ တခုခုမဖြစ်ပါစေနဲ့လို့ ကျွန်တော်ဆုတောင်းနေရပြီ .. ။

ဘယ်သူ့မှ အပြစ်မရှိပါဘူး မေရယ် တရားခံက ကျွန်တော်ပါ ကလေးမဟုတ်ပဲနဲ့ ကလေးတစ်ယောက်လို အစစ အရာရာ အစွန်းရောက်အောင် ခံစားခဲ့တာကို ထားလိုက်ပါတော့ နော် အရာအားလုံး ပြီးဆုံးသွားပါပြီ မေ.. တစ်ကပြန်စလို့ မရတော့ပါဘူး .. ။

ကျွန်တော် ၀ဋ်ကြွေးရှိခဲ့လို့ပဲ သဘောထားလိုက်ပါတယ် မေ.. နောင့်ဘ၀ဆိုတာ ရှိခဲ့မယ် ဆိုရင် ဒီဘ၀မှာပဲ သူ့ကိုချစ်ရတဲ့သူ ဖြစ်ပါစေ နောင်ဘ၀ မှာ ကျွန်တော်ထပ်မခံစား ပါရစေနဲ့ ဘယ်သူမှလဲ ကျွန်တော့်ကြောင့် အသည်းမကွဲပါစေနဲ့ ကျွန်တော်လဲ ဘယ်သူ့အတွက်နဲ့မှ အသည်းမကွဲရပါစေနဲ့ မေ.. ကျွန်တော်ဆုတောင်းပါတယ် .. ။

မေ.. ကျွန်တော်လဲ ပြောင်းလဲသွားတယ် နော် မယုံနိုင်လောက်အောင်

ရင်နှစ် သင်္ကြန် နဲ့ ဒီနှစ် သင်္ကြန် အချိန် ခဏလေးမှာ ရွှေဘုန်းလူ ကဗျာလိုပါပဲ ... ။

ဒီလမ်းမှာဘယ်သူ့ကိုမှ ခေါ်မသွားဘူးဆိုရင်တောင်

ကျွန်တော်နဲ့ဖိနပ်ကလေးကိုတော့ ခေါ်သွားရမှာပဲ။

ကျောက်စရစ်ခဲလေးက ပြောတယ်ဖေဖေ...

မြေပြင်က ဘာမှမပြောင်းလဲပါဘူး

ခြေထောက်တွေကသာ ပြောင်းလဲနေကြတာတဲ့။ ။

တာရာမင်းဝေ