အရှေ့အရပ်ကနေအနောက်အရပ်အထိ တောင်အရပ်ကနေမြောက်အရပ်အထိ အားလုံးသိကြပြီးပြီ။ ငါကတစ်ခါတလေမှဖြူစင်သူဆိုတာ.. (ဝေမှုးသွင်)
Monday, April 25, 2011
Sunday, April 17, 2011
Thursday, April 7, 2011
ကျွန်တော့်အိမ်
ညကအိမ်ကို ဖုန်းဆက်ဖြစ်တယ် အမေကသတိရနေတယ်တဲ့ အရင်နှစ်ဒီအချိန်ဆို အိမ်ကိုပြန်ရောက်နေပြီလေ အရင်ကဆို အိမ်ကိုဖုန်းဆက်လို့ သတိရတယ်မပြောရင် ကောက်နေကျ ခုတော့သတိရတယ်ဆိုတဲ့ စကားက ပိုနာကျင်စေတယ်..
အိမ်ကိုခုတလော ခဏခဏသတိရနေတယ် Passport ကလဲရမှာဆိုတော့ ပြန်လို့မရဘူး နှစ်ကုန်ရင်တော့ ကြိုးစားပြီးပြန်ပါမယ် အရင်နှစ်တွေလို သူငယ်ချင်းတွေနဲ့ မ Date တော့ပါဘူး တစ်လဆိုတာခဏလေးလေ အိမ်မှာပဲ နေတော့မယ် ဒီတစ်ခေါက်တော့..
ပြန်မေးကြည့်တယ် ဒီမှာနေတော့ ဘာလုပ်ပေးနိုင်လဲလို့ ဘာမှတော့မလုပ်ပေးနိုင်ပါဘူး ဒါပေမယ့် ကိုယ့်ဘာသာတော့ ရပ်တည်နိုင်တယ်လေ အိမ်ကမထောက်ပံ့ရဘူးပေါ့ Just money နော် တခြားဟာတွေတော့ အိမ်က Support လုပ်ပေးနေရတုန်း..
အိမ်မှာနေရင် သေချာတာက လည်ရာပြန်စားရေး (သို့) ဆာလာအိပ် လုပ်နေမှာ ညဏ်ရည်မမှီဘူး ဆိုရအောင်လည်း မဟုတ်ပြန်ဘူး လူခန္ဓာကိုယ်မဖွံ့ဖြိုးတာလား တခုခုတော့ ချို့ယွင်းနေတာ ဖြစ်မှာပေါ့ ဒီအသက်ရောက်နေတာတောင် ကလေးတစ်ယောက်လို အိမ်ကိုတွယ်တာနေရတာ..
တခါတခါ ကိုယ့်ကိုကိုယ် ခံပြင်းမိတယ် စိတ်ပျက်တာနဲ့မတူဘူးနော် ခံပြင်းတယ်ဆိုတဲ့ အဓိပ္ပါယ်က စိတ်ပျက်တာက ခဏပဲ ခံပြင်းတာက တဖြည်းဖြည်း ကြီးထွားလာတာ အသုံးမကျဘူးပေါ့ အရာမ၀င်ဘူးပေါ့ လူရာမ၀င်ချင်ပါဘူး ကိုယ့်ဘာသာ အသိအမှတ်ပြုချင်တာ ငါလုပ်နိုင်တယ်ဆိုတဲ့ ခံစားမှုလိုချင်တာ ခုတော့..
ဘ၀ဆိုတာ တောင်ကုန်း တစ်ခုလိုပဲလေ အဆင်းအတက် အကွေ့အကောက်တော့ ရှိမှာပေါ့ လမ်းပြေပြေ သွားရတဲ့ အခိုက်မှာ ပျော်ရွှင်ရသလို လမ်းကြမ်းတော့လဲ ပင်ပန်းရတာပဲလေ အမြဲတမ်းတော့ ဘယ်သူမှ မပင်ပန်းနေပါဘူး..
နားလည်တယ် ကျွန်တော့်ဗီဇကိုယ်က သူများထက် သိလွယ်တက်လွယ်တယ် အဖေပြောသလိုပေါ့ ငါ့သမီးက ၀ီရိယလေးတစ်ခုလိုနေတာ ၀ီရိယတင်မကဘူး ဖေရယ် သီးမခံနိုင်တာ လောကဓံကို ကလေးမဟုတ်တော့ပါဘူးကွာ ဘာလို့များ ဒီအချိန်ထိ ကလေးဆန်နေရတာလဲ ကိုယ့်ဘာသာဆုံးမရတာ တော်တော်မလွယ်တဲ့ ကိစ္စပါ..
နှစ်လဲကူးတော့မယ် နှစ်ဟောင်းမှာ ဒီစိတ်ဓါတ်ကို ထားပြစ်နိုင်ခဲ့ရင် ကောင်းမှာပါ မေရယ် ကျွန်တော် အတောင်မစုံတာလား မပျံနိုင်တာလား ဒီတစ်ခေါက် အိမ်ပြန်လမ်းက အပြောင်းအလဲများနဲ့ ကျွန်တော့်ကို စောင့်နေပါတယ် .. ။
Tuesday, April 5, 2011
နယ်ရုပ်
ငါ့ကိုငါ နယ်ရုပ်ဖြစ်သွားတာ မသိလိုက်ပါဘူး
နယ်ရုပ်ဆိုတာကို စိတ်ဝင်စားလာပြီ
ကျွန်တော်လဲ pawn တစ်ကောင်ပါ
ကျွန်တော် ဘုရင်မဟုတ်ခဲ့ပါဘူး ဘုရင်မလဲမဖြစ်ခဲ့ပါဘူး
knight ဆိုတဲ့မြင်းတော့ ဖြစ်သင့်ခဲ့တာပေါ့
bishop လောက်မဖြစ်နိုင်မှန်းသိခဲ့ပါတယ်
ရထားကတောင် အနားမသီနဲ့တဲ့
နောက်ဆုံးတော့ ဘ၀ စစ်တုရင်ပွဲမှာ
ကျွန်တော်ကနယ်ရုပ်ပေါ့
ရှေတန်းကနေ ကစားခံရတဲ့နယ်ရုပ် (အစားခံရမယ့်)
ခပ်ညံ့ညံ့ pawn တစ်ကောင်ပေါ့ မေရယ်။
Friday, April 1, 2011
သင်္ကြန် ခံစားမှု
နှစ်သစ်မှာ လူသစ် စိတ်သစ် ဘ၀သစ်နဲ့ ပျော်ရွှင်ပါစေနော် ။
http://www.youtube.com/watch?v=4mvY_YilH7c&feature=related 1st Apirl
1st April သင်္ကြန်ရောက်ရန် ၁၂ ရက်သာလိုပါတော့၏ ။
အရင်နှစ်သစ်ကူးမှာ အပျော်နဲ့ဖြတ်သန်းခဲ့ပါတယ် ဒီနှစ်ကူးမှာတော့ ?? :)
tonight wanna drink but dont have partner so don't drink !! :(
Bad Bro i really miss u
Thingyan is coming i can't go back ygn really really missing :'(
ကျွန်တော့်ရဲ့ ခပ်ဆိုးဆိုး မောင်လေးကို သတိရပါတယ် (ဖိုးပြည့်) ကြွက်တွင်းလို့ ခေါ်ရလောက်အောင် သင်္ကြန်ဆို အသေသောက်ပါတယ် ဒါပေမယ့် သူ့ဗီဇက ညက်တယ်ဗျ သွေးအေးတယ် လက်ယဉ်တယ် ရန်ဖြစ်ဖူးတယ် အိမ်ကတောင်မသိဖူး သူကအရင်ဆော်ပြီး လစ်သွားတာပဲတဲ့ :D
အိမ်မှာ အလွန်ဆိုးပါတယ် မမကဆူလဲဆူပါတယ် သူဖွသမျှကို ဒိုင်ခံရှင်းပါတယ် သူ့အနွံအတာ အများဆုံးခံရပါတယ် ကျွန်တော်နဲ့က အထက်အောက်လဲဖြစ် အင်္ဂါတွေဆိုတော့ မတည်ဖူး သင်္ကြန်ဆိုရင်တော့ peace ပဲ :) နှစ်ယောက်လုံး အမုန်းကဲချင်တော့ အဖေ့ကိုလည်ဖို့ စည်းရုံးရေးဆင်းရတယ်
သူကအိမ်မှာသာ အရမ်းဆိုးတာ တစိမ်းတွေဆိုရင် အလွန်သည်းခံတက့်ပါတယ် သင်္ကြန်ဆိုရင် ကျွန်တော်က သောက်ပြီးရင် သွေးဆူပါတယ် နဲနဲလေးလာငြိရင်တောင် ရန်ဖြစ်ချင်တယ် ကျွန်တော့် Bro ကပြန်ထိန်းနေရတယ် ရွှေပြည်အေးတရားဟောတယ် တကယ်ဆို သူကအငယ်ဆုံးပါ ကျွန်တော့်ထက် ၄ နှစ်ကျော် ငယ်ပါတယ် အကြီးဖြစ်တဲ့ ကျွန်တော်က သောင်းကျန်းနေတာလေ :P ၁၅ရက်နေ့ဆို လည်နေကျပါ အတက်ကိုအိမ်က ရန်ဖြစ်မှာဆိုးလို့ ပေးမလည်ဖူး အကြတ်နေ့ပဲ လည်ရပါတယ်
ဒီနှစ်တော့ သင်္ကြန်ကိုငြိမ်ငြိမ်လေး ဖြတ်သန်းရမှာပေါ့နော် အိမ်ကိုလွမ်းတဲ့စိတ်လေးရယ် ကွဲအက်သွားတဲ့နှလုံးသားတစ်ခုနဲ့
ထပ်ပြီးဆုတောင်းလိုက်ပါတယ် “နှစ်သစ်မှာ လူသစ် စိတ်သစ် ဘ၀သစ်နဲ့ ပျော်ရွှင်ပါစေနော်... ”
Tuesday, March 22, 2011
၈ စက်တင်ဘာ ၁၉၈၁ .. ။
Just 183 days after that my time gone already .. !! Say goobye .. !!
လွန်ခဲ့တဲ့ ၁၉၈၁ စက်တင်ဘာ ၈ရက်နေ့က ကျွန်တော့်ကို အမေက အမှတ်(၂) စစ်ဆေးရုံမှာ မွေးခဲ့တာပါ
ယောကျာင်္းလေးလို့ ထင်ထားခဲ့ပေမယ့် မိန်းကလေးဖြစ်နေပါတယ် မွေးစကမျက်လုံးမမြင်ရလို့ တော်တော်လေး ကုလိုက်ရပါတယ် ။ အင်္ဂါဆိုပေမယ့် မွေးတဲ့အချိန်က ဆိုးလို့ ဗုဒ္ဓဟူးနံမည်ပေးတယ် နဲနဲလေးကြီးလာတော့ နာမည်ပြောင်းချင်နေတဲ့အချိန် ဦးရဲကသူရဲ့ Be loved တွေနာမည်ကို Mix လုပ်ပေးလိုက်တယ် kwi kwi ။ ခုတော့ အဲ့ဒီနာမည်ကို မြတ်နိုးနေမိတယ် ကျွန်တော်ရဲ့ Be Love က ၀ိုင်းလို့ခေါ်ခဲ့လို့ တကယ်တော့ Be Love ဆိုတာ ကျွန်တော်သုံးလိုက်တဲ့ နာမ်စားပါ သူနဲ့ကျွန်တော် ဘာမှမသက်ဆိုင်ပါ သူ့မှာလဲ အသက်လောက်မြတ်နိုးရတဲ့ သူ့ Be Love ကောင်မလေးရှိပါတယ် ။ ကျွန်တော်ကသာ တဖက်သတ် ချစ်နေခဲ့မိတာ အဲ့ဒီ Be Love ကိုပေါ့ ။ ရွှေဘုန်းလူစကား ယူသုံးမယ်ဆိုရင်
တွေ့နေကျ၊ မြင်နေကျ၊
ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲဖြစ်ဖြစ်၊ ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပစ်ပေါက်ရင်တော့
ကြောက်တတ်တဲ့ ကောင်မျိုးလေ ..။
အဲ့လိုကောင်မျိုးပေါ့ဗျာ ။ နေနော်အသုံးအနှုန်းဆိုရင်တော့
ရင်ဘက်ကို ဟောင်းလောင်းဖွင့်
ကောင်းကင်နဲ့တောင် ရန်ဖြစ်ချင်တဲ့ကောင် .. ။
လူကို စော်ကားချင်စော်ကားပါ
မာနကိုတော့ လာမထိပါနဲ့ ... လို့ကြွေးကြော်ရင်း
မာရာဒိုနာလို ကန်ချက်ပြင်းပြင်းတွေနဲ့
ခဏခဏ အကန်ခံနေရတဲ့ အကောင် .. ။
အဲ့လိုအကောင်ပေါ့ဗျာ ။
ဆယ်တန်းကိုမထင်မရှားအောင်လာတယ် အမှန်ကအောင်မယ်မထင်ပါဘူး ဆယ်တန်းကျောင်းသားဘ၀မှာ တော်တော်ဆိုးပါတယ် တာမွေ၃မှာ ကျောင်းတက်ရတယ် ပြီးရင် Dayကိုဗိုလ်စိန်မှန်မှာ ဆက်တက်ရတယ် ကျောင်းကနေမကူးဘူး အိမ်ပြန်တယ်ပြီးမှ ကျူရှင်တက်တယ် အဲမမှီဘူးဆို မ၀င်ပါဘူး အ၀ိုင်းထိပ်ကသူငယ်ချင်းအိမ်မှာ အမုန်းကဲပါတယ် သူနဲ့နောက်တယောက်က ဖုန်းသရဲလုပ်တယ် ကျွန်တော်က အခွေကြည့်တယ် ၃ယောက်ပေါင်းလောင်းကျော်ခဲ့ပါတယ် ။ ခုလွမ်းနေပါတယ် ၀င်းကလျာရွှေကိုရော နီလာအောင်ကိုရော ဆယ်တန်းပြီးထဲက ကွဲသွားကြတာ အမှန်ဆို အ၀ိုင်းထိပ်နဲ့ကျောက်မြောင်းဆိုတာ နီးနီးလေးပါဗျာ ကံဆိုတာဆန်းကြယ်ပါတယ် ။
ဒီလိုနဲ့ တက္ကသိုလ်လျှောက်တယ် လိုင်းမကောင်းတော့ Day မတက်ပါဘူး ကိုယ့်အရည်ချင်းကိုသိတာပေါ့ :P
Distance တက်တယ် First Year အနီးကပ်၁၀ရက်မှာ သီရေတာအဆောင်မှာ စာစသင်ရတယ် သူငယ်ချင်းကမရှိ ပီဘိကလေးဆိုတော့ အသေလန့်တာ ထမင်းလာတောင်းစားတဲ့သူနဲ့ လာနောက်တဲ့သူနဲ့ ရီတော့ရီရတယ် ပြန်တွေးမိတော့ Qတယ်ဆိုတာခုမှသိတာလေ အဲ့တုံးက နားမလည်ဘူး ဘုရားစူးပါစေရဲ့ Final ထိ Simple Child ပဲ အချစ်ဆိုတာကို မသိခဲ့ဘူးဗျ သူငယ်ချင်းတွေနဲ့ လည်တယ် သူငယ်ချင်းကလဲ ဒီအုပ်စုပဲ Final ထိ
ကျော်သက် ၊ သော်တာ ၊ ကျော်ဇော ၊ ခင်လေးနိုင် ၊ ဗညား ၊ သန့်ဇော် ၊ အေးနွယ်
First Year ထဲက အလုပ်စ၀င်တယ် Yankin Center စဖွင့်တော့ MK Fashion Square မှာအလုပ်ဝင်တယ်
MK မှာအလုပ်ဝင်ရတဲ့ ပထမနှစ်က အပျော်ဆုံးပါ အချစ်ဆုံး ၂ယောက်ရှိတယ် မီးဇာ သူကမြိတ်သူ ရန်ကင်းဇာတိ ကျွန်တော့်ကိုအရမ်းချစ်ပါသည် ၂၀၀၇ ဧပြီ ၂၂ မှာဆုံးသွားပါတယ် သူဆုံးတာ ကျွန်တော်မမှီလိုက်ပါ နောက်တစ်ယောက်က ခိုင်သူ သူလဲကျွန်တော့်ကိုချစ်ပါသည် မင်္ဂလာတောင်ညွန့်မှာနေသော ပြည်သူ ခုတော့စမ်းချောင်းသူ အလန်းလေးပေါ့ :) ၂ ယောက်လုံးဖူးနေအောင် လှပါသည် စွာလဲအလွန်စွာပါသည် ကျွန်တော်က ဆားဖြစ်ပါသည် မိန်းကလေးမှန်းသိပေမယ့် သူတို့၂ ယောက် ကျွန်တော်ကို သ၀န်တိုပါသည် တစ်ယောက်နဲ့တွဲရင် ကျန်တစ်ယောက်က ကောက်ပါသည် MK တွင်အလုပ်လုပ်ခဲ့သော အချိန်ကို ပြန်တမ်းတမိပါတယ်
Final ပြီးတော့ ကန်တော်ကြီးတွင် ဟိုတယ်သင်တန်းတက်ပါသည် ကျောင်းနှင့်ကင်းကွာနေသော ကျွန်တော် အရမ်းပျော်ပါသည် Teacher ဒေါ်သန်းနွဲ့က စဉ်းကမ်းကြီးပါသည် ဒါပေမယ့် ကျွန်တော်တို့ချစ်ပါသည် ပဲခူးသူဖြစ်ပါသည် အဲ့မှာစ၍ abroad ပိုးဝင်သွားပါသည် တပြားမှမလျှော့ပါ သင်တန်းပြီးရင် နိုင်ငံခြားထွက်မယ် ဆိုတာချည်း တွေးပါသည် မိုးကုတ်သူ အိဗိုလ် ရန်ကုန်မှ မစုမွန် မမြတ် ဇော်ထူး ဖိုးသင်္ကြန် ဇေယျာကျော် ချမ်းဦး ကျန်တဲ့သူငယ်ချင်းတွေ မမှတ်မိတော့ပါ ဒုတိယမြောက် ကျောင်းသားဘ၀ ကိုပြန်ရပါသည်
သင်တန်းပြီးတော့ ကန်တော်ကြီးတွင် On Job Training တလဆင်းရပါသည် အတော်သောင်းကျန်းသော အုပ်စုအဖြစ် မှတ်တမ်းတင်ခံရပါသည် :P Training ပြီးတော့ အလုပ်လျှောက်ပါသည် Abroad သွားရန် အကုန်ပြည့်စုံသော်လည်း Expensive 2 years ဆိုသည်မှာ မရှိပါ လိုနေပါသည် Sedona တွင် Causal စ၀င်ပါသည် Super မသန္တာ အလွန်သဘောကောင်းပါသည် ချစ်ဖို့အရမ်းကောင်းပါသည်
တလသာ လုပ်၍ Sakura သို့ပြောင်းပါသည် Sakura တွင်လဲ Super ကိုကျော်ကျော်လွင်က သဘောကောင်းပါသည် ချစ်လဲချစ်ပါသည် လူကြီးချစ်လျှင် မကောင်းပါ သူ့ Department မှလွဲ၍ မပြောင်းပေးပါ သူငယ်ချင်းများ တလပြည့်၍ ပြောင်းသွားသော်လည်း ကျွန်တော်ကျန်ခဲ့ပါသည် ၂ လတွင်ကျွန်တော် အလုပ်ထွက်ပါသည် Super ကပေးမထွက်ပါ နောက်လတွင် ပြောင်းပေးမည်ပြောပါသည် ကျွန်တော်ဆက်မလုပ်တော့ပါ
ကျွန်တော်အလွန်ပျော်ပါသည် အားသမျှ သူငယ်ချင်းများကို Date ပြီးအင်းယားသွားပါသည် ဘက်စုံကစားကွင်းသွားပါသည် အမုန်းသောင်းကျန်းပါသည် အဲ့လိုသောင်းကျန်းနေသော ကျွန်တော့်ကို အဖေ့ညီအလတ်မှ မျက်စိစပါးမွှေးစူး၍ ကိုမောင့်သမီးကို ကျွန်တော့်ရုံးတွင် အငယ်တန်းစာရေး လုပ်ခိုင်းမလားဆိုပြီး အလုပ်ဝင်ရပါ၏
ကျွန်တော်လေပါသည် အစိုးရ၀န်ထမ်းဘ၀ကို မယ်မယ်ရရ အလုပ်မရှိပါ ရုံးလာထမင်းစား Shopping ထွက် အိမ်ပြန် တကယ်တန်းအလုပ်လုပ်ရသည့် အချိန်သည် ၂ နာရီမပြည့်ပါ အားနာတက်သော ကျွန်တော်က လာရောင်းသမျှပစ္စည်း အကုန်ဝယ်ပါသည် လကုန်ရင် အဖေ့စီ လက်ဖြန့်တောင်းရပါသည် ဒုံရင်းမှဒုံရင်းပါ အလုပ်ရှိရင် ဂုဏ်ရှိသည်ကို ရင်ဝယ်ပိုက်ရင်း လုပ်နေရပါသည် လူကြီးချစ်သောကျွန်တော် ဤဌာနတွင်လည်း ချစ်ခံရပါသည် အလွန်စဉ်းကမ်းကြီးသော AM မမမှ တခုခုဆို ဦးလေးစီလှမ်းတိုင်ပါသည် ကျွန်တော်လူလိမ္မာလုပ်နေရ၏
ရုံးတွင်မပျော်သော ကျွန်တော် Grade I သင်တန်းခေါ်သောအခါ တက်ပါသည် အအိပ်မက်သော ကျွန်တော် စာရင်းစစ်ရုံးသို့ မနက်အမှီပြေးရပါသည် တနေ့ကုန်သင်တန်းဖြစ်၍ ပျော်ပါသည် ရုံးမှသူငယ်ချင်းများက စိုးရိမ်ပါသည် အကျများသော သင်တန်းဖြစ်၍ ကျွန်တော်ကျလျှင် ထောင်းခံရပါမည် ရုံးတွင်မပျော်သော ကျွန်တော်သင်တန်းတွင် ပျော်ပါသည်
ဒီလိုနဲ့ ကျွန်တော်အောင်သွားပါသည် AM မမ၏ အချစ်တော်ပိုဖြစ်သွားပါသည် ရုံးတွင် အငယ်တန်းစာရေးသင်တန်း ဖွင့်ပါသည် ကြက်ကန်းဆန်အိုးတိုး၍ ပထမရပါသည် ကျွန်တော် အနေပိုကြပ်သွားပါ၏ ဦးလေးတူမလို့ တမျိုး Am မမ၏ တပည့်လို့တဖုံ လူကြီးများ သိလာ၏
ကျွန်တော်လစ်ပါပြီ ဦးလေးမှစိတ်ဆိုး၏ အဖေ့ကို Cover လုပ်၍ Sg ကို Go ပါသည် အဖေ့မျက်နှာကြောင့် ဦးလေး GM နှင့်ဒူးတိုက်လိုက်ရသည်
အိမ်ကိုအားကိုးသော ကျွန်တော် Sg တွင် ဒူးနဲ့မျက်ရည်သုတ်ရပါသည် ၂ နှစ်ပြည့်မှအလုပ်ပြောင်းလို့ရမည် ဖြစ်သည့်အတွက် ၃ လနှင့်ကျွန်တော်တပ်ခေါက်လာပါသည် Agent တရုပ်မသည်လည်း တော်တော်ကောင်းပါသည်
Sg တွင်အဆင်မပြေသော ကျွန်တော် Abroad ရောဂါ တော်တော်ပျောက်သွား၏ ပို၍သောင်းကျန်းပါသည် သင်တန်းမှန်သမျှ အကုန်တက်၏ အိမ်မှလူများကပြောပါသည် Certificate တွေကပ်ထားရင် အိမ်တွင် Wallpaper မလိုဘူးဆိုပြီး :D
Sg သွားတာသိသော အမမှနေ၍ Malay သွားရန်ပြောပါသည် အိမ်တွင်လေနေသော ကျွန်တော်ဆိုင်းမဆင့် ဘုံမဆင့် Agent စီသွားပါသည် နောက်နေ့ လူကြုံရှိ၍ အားချင်း Application Form နှင့် ဆေးစာသွားပို့ရ၏
နာဂစ်ဝင်သောကြောင့် Malay ကိစ္စကျွန်တော်မေ့နေပါ၏ Gsm တိုင်များကြိုး၍ သူတို့ကျွန်တော်စီ ဆက်သွယ်မရပါ ဖုန်းတိုင်များပြင်ပြီးနောက် ဖုန်းဝင်လာ၏ May 25 Booking ယူထားသည် ကျွန်တော်ဖျားသွား၏ တလတောင်မရှိသော အချိန်အတွင်းထွက်ရမည်ဖြစ်သောကြောင့် အဖေကတားပါသည် အလိမ္မာတုံးလေးမို့ မလွှတ်ချင်ပါ :)
ဒီလိုနဲ့ ကျွန်တော် Malay တွင်အလုပ်ဝင်နေသည်မှာ ၃ နှစ်ပြည့်ပါတော့မည် ၂၀၀၈ ၂၀၀၉ တွင် ဘာမှမထူးဆန်းသော ကျွန်တော် ၂၀၁၀ တွင်နှလုံးသား Virus ကိုက်ခံရပါသည် Recover မလုပ်ထားသော ကျွန်တော် တော်တော် ခံစားလိုက်ရပါသည်
Monday, March 21, 2011
သင်္ကြန် .. ။
၂ နှစ်ရှိပါပြီ Ygn သင်္ကြန်နဲ့ဝေးရတာ ၂၀၀၉က အမေနေမကောင်း၍ ကျွန်တော်အားချင်းပြန်သောကြောင့် သင်္ကြန်မကျမှီ အလုပ်ပြန်ဝင်ရပါသည်။ ၂၀၁၁မှာတော့ ကျွန်တော် လုံးလုံးမပြန်တော့ပါ ကျွန်တော် သင်္ကြန်ကိုချစ်ပါသည် သိတက်စမှစ၍ သင်္ကြန်ဆို အလွန်သောင်းကျန်းပါသည် သင်္ကြန်ရေမဆိုလိုက်ရသော နှစ်တစ်နှစ်မှ မရှိခဲ့ပါ သင်္ကြန်ကိုချစ်သည်ဆိုတာထက် Ygn သင်္ကြန်ကို ပိုချစ်ပါသည် :)
ခုလိုသင်္ကြန်ကာလတွင် အိမ်ပြင်ရောက်နေရတာကို မကြိုက်ပါ နောက်နှစ် ဇန်န၀ါရီ အိမ်ပြန်ရန် စီစဉ်ထားပါသည် သင်္ကြန်ကိုနောက်ထပ် ခွဲခွာရအုံးမည် သင်္ကြန်ပြန်ရင် အလွန်ပူပါသည် မလေးရှားမှရာသီဥတုသည် Ygn ထက်ဆိုးပါသည် သို့သော် မနက်၁၁နာရီမှ ည၁၀နာရီအထိ ရုံးတွင်အလုပ်လုပ်သော ကျွန်တော့်အဖို့ နေပူမိုးရွာ ဘာမှမသိပါ တနင်္လာ နားရက်တွင် မလေးနေပူကို လှိမ့်အောင်ခံရပါသည် အ၀တ်အလှမ်းသည့် တချိန်သာကျွန်တော် အပြင်ထွက်ပါသည် Ygn မှာခြေဗွေပါသောကျွန်တော် မလေးမှာ အိမ်တွင်းပုံး ကုလားမလုပ်နေရပါသည် အပြင်မထွက်ချင်သော ဆန္ဒကြောင့်ဖြစ်ပါသည် :)
ဇန်န၀ါရီ အိမ်ပြန်ချင်သည့်အကြောင်းက အမေနဲ့အတူ ကန်တော်ကြီးသို့ လမ်းမလျှောက်ရတာ ၃နှစ်ရှိပါပြီ အအိပ်မက်သောကျွန်တော်ကို ဇွဲရှိရှိနှိုး၍ အမေခေါ်သွားတက်ပါသည် အစတစ်ရက်နှစ်ရက်တွင် တော်တော်လေပါသည် ၃ရက်လောက်တွင် ကျွန်တော်ပျော်လာပါပြီ မနက်လမ်းလျှောက်ရသော အရသာကိုကျွန်တော်နှစ်သက်ပါသည် ခုဆိုအမေလမ်းလျှောက်ရန် အဖေါ်မရှိပါ အဖေကလဲအလုပ်များသူဖြစ်၍ သူကိုယ်တိုင်ပင် လုံလောက်သည့်အနားယူမှုမရပါ မမသည်လည်း ရတီ ကျောင်းကိစ္စတဖက်နှင့် မအားနိုင်ပါ ၁၀၉ ၁၁၀ ကျွန်တော်သာ အမေနှင့်အတူ အဖေါ်လုပ်ပေးနိုင်ပါသည် :P
သင်္ကြန်တွင်ရေပက်ရသော ရေလောင်းခံရသော အရသာကို အရမ်းနှစ်သက်ပါသည် သင်္ကြန်ရေစို၍ တစ်ကိုယ်လုံးပြာနေသော်လည်း တစ်နှစ်မှမဖျားဘူးပါ ကိုယ်ခံအားနည်းသော ကျွန်တော် သင်္ကြန်ရောက်ရင် အလွန် Active ဖြစ်နေပါသည် ၁၂ ရက်နေ့ညဆို ကျွန်တော်အိပ်မပျော်ပါ ၁၂နာရီမှအိပ်ရာထတက်သော ကျွန်တော် သင်္ကြန်အကြိုနေ့ဆိုရင် ၆နာရီဆိုနိုးနေတက်ပါသည် သင်္ကြန်ကိုကျွန်တော်အဲ့လောက် ချစ်ပါသည် :D
သင်္ကြန်ဆို Active ဖြစ်သော ကျွန်တော် ဒီနှစ်သင်္ကြန်ကို PC ရှေ့ထိုင်ပြီးသင်္ကြန်ကို လွမ်းနေရမည်မှာ ဘယ်လောက်ဆိုးဝါးကြောင်း ခင်ဗျားတို့ စာနာနိုင်ပါသည်။
Sunday, March 13, 2011
ကျွန်တော်ခုန်ချလိုက်မိသော ။
မေမေ ချောက်ထဲပြုတ်ကျသွားတာ မဟုတ်ဖူး ချောက်မှန်းသိရဲ့နဲ့ ခုန်ချလိုက်တာပါ ခုတော့နောက်ကျသွားပြီ ပြန်တက်ဖို့ မလွယ်တော့သလို ပြန်တက်ဖို့မစဉ်းစားခဲ့ပါဘူး .. ။ ကျွန်တော်နစ်မွန်းနေပြီဗျာ .. ။
ကြက်ဥအစရှာမရသလို ကျွန်တော်ကိုယ်တိုင်လဲ အစရှာမရဘူးမေမေ ဘာဖြစ်လို့ သံယောဇဉ် ဖြစ်သွားမှန်းမသိဘူး အဆုံးသတ်ဖို့လဲ မလွယ်ကူဘူးမေမေ ကျွန်တော်မခံစားနိုင်ဘူးကွာ .. ။
ခေါင်းတစ်ခုလုံး အစိပ်စိပ်အမွှာမွှာ ဖြစ်နေသလို ခံစားနေရတယ် အတွေးတွေ ချာချာလည်နေတယ် မဖြစ်နိုင်ဘူးဆိုတဲ့ အသိကရင်ကို ထိုးနှက်နေတယ် ရပ်သင့်ပြီလို့ သတိပေးနေတယ် မေမေ ကျွန်တော့်နာကျင်နေပြီ .. ။
တခုခုဆိုတာ နားလည်တယ် ကိုယ့်ကိုကိုယ် နှိပ်စက်မိနေတယ် ရှေ့ဆက်ရင် ကျွန်တော်သေမယ်ထင်တယ် ခံစားလွယ်လွန်းလို့ နှလုံးသားမှာ ဒဏ်ရာရနေပြီ ကြာရင်သူအလုပ်လုပ်နိုင်ဖို့ မသေချာတော့ဘူး .. ။
ကျွန်တော်ထားခဲ့ရမယ် ထင်တယ် ကျွန်တော်ချစ်တဲ့ အရာအားလုံးကို ကျွန်တော်သိနေတယ် တခုခုဆိုတာကို .. ။တစ်နှစ်ဆိုတဲ့ အချိန်ကလူတစ်ယောက်ကို ပျောက်ကွယ်သွားစေနိုင်လား .. ။မဟုတ်ပါဘူးနော် အချိန်ကဘာမှမလုပ်ခဲ့ပါဘူး ခံစားချက်ကသာ ကျွန်တော့်ကို နစ်မွန်းစေတာ .. ။
တော်ပြီကွာ ဘာမှမတွေးချင်တော့ဘူး ဘာလို့ အဲ့လောက်ထိ ရူးရတာလဲ မမေးပါနဲ့ ကျွန်တော်မှာ အဖြေမရှိဘူး သိလဲမသိချင်ဘူး အသိမရှိတာမဟုတ်ဘူး ခံစားချက်က အသိဆိုတာကို အနိုင်ယူသွားတာ .. ။
ချောက်မှန်းသိရဲ့နဲ့ ခုန်ချလိုက်တာပဲ မေမေစိတ်မကောင်းဖြစ်ပါနဲ့ ကျွန်တော်က လူမိုက်လေ ရွှေဘုန်းလူကဗျာလိုပေါ့
“ င်္ခြသေ့နဲ့ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက့်တော့
ဘယ်သူမှလူမိုက်မမည် ။ ”
ကျွန်တော်လဲ လူမိုက်ပဲပေါ့ မေမေ .. ။
Tuesday, March 8, 2011
၂၃ ၁/၂ ဒီဂရီ
ကမ္ဘာကြီးက ၂၃ ၁/၂ ဒီဂရီ တိမ်းစောင်းနေတယ်
ငါကတော့ ၂၃ ၁/၂ ဒီကရီပဲ တည့်မတ်နေတာ ဖြစ်မှာပါ .. ။
၂၉ ၁/၂ တိတိရှိပါပြီ ဒီနေ့မှာ
၆၆ ၁/၂ ဒီဂရီ တိမ်းစောင်းနေသေးတယ်ဆိုတော့ .. ။
ဥာဏ်ရည်မမီတာလား
ခုံခုပြီးရပ်နေမိတာလား
သေချာတာက ငါ လူမပီသသေးဘူး .. ။
ဖရိုဖရဲ ဆိုတာထက်
ပရမ်းပတာ ဆိုတဲ့စကားက
ငါ့ စိတ်အသွင်ကို ထင်ဟပ်စေတယ် .. ။
မေ့ထားလိုက်ပါတော့တဲ့ ရွှေဘုန်းလူကပြောတယ်
ကျွန်တော်လဲ မေ့ထားချင်ပါတယ် သို့သော်
အဲ့ဒီမှာစမှားတာ သို့သော်ကြီးကနေ
စမှားသွားတာ ခုအချိန်အထိပဲ .. ။
အဆုံးသတ်ဖို့ စဉ်းစားတိုင်း
အစဆိုတာကို ပြန်ရောက်သွားတယ်
၆၆ ၁/၂ ဒီဂရီတိမ်းစောင်းနေတဲ့ ငါ့အတွက်
တည့်မတ်မှုဆိုတာ ရှိနိုင်မှာလား .. ။
Friday, March 4, 2011
ရိုးပြတ်
မီးသင့်ထားတဲ့
ရိုးပြတ်တွေလို့
စိတ်ဓါတ်က ကျွတ်ကျဲနေတယ် .. ။
တောင်မရောက်
မြောက်မရောက် အတွေးတွေကို
အိတ်ပေါက်ထဲ ကောက်ထည့်မိတယ် .. ။
ခေါင်းထဲအစပ်ဆက်မရှိ
ဝင်လာတဲ့ ကိန်းဂဏန်းတွေ
စာအုပ်လဲရမယ်
အဖေ့ကိုအပွင့်ကားထားတဲ့
နုတ်ဘွတ်ဝယ်ပေးရမယ်
အိမ်ပြန်ဖို့စုရမယ်
ဟူး ...
မောလိုက်တာ။
ကျွတ်ကျဲနေတဲ့ စိတ်ဓါတ်က
ချောက်ထဲပြုတ်ကျသွားတယ်
ဖုတ်ကနဲ .. ။
ပိုက်ဆံကို
လမ်းဘေး ဘုံဘိုင်ကရေ
ဖြစ်စေချင်တယ်
လစာက မဖြစ်စလောက်
ထွက်ငွေက ဘယ်တော့မှမရှုံးဘူး
ဝင်ငွေနဲ့ လက်လှဲတိုင်း .. ။
တစိတ်ကို တအိတ်လုပ်မိတာလား
ဒီအချိန်မှာ ဘာမှမတွေးချင်ဘူး
ခေါင်းထဲထည့်လိုက်လဲ
ပိုလေးယုံပဲရှိတယ် .. ။
Do or Die ဆိုတာကို
ခပ်ဝေးဝေးရှောင်တယ်
၁၃ နှစ်မဟုတ်တော့ဘူး အသက် ၃၁
ထိရင်နာတာ အရေးမကြီးဘူး
လဲရင် မထနိုင်တော့ဘူး
၁ ကပြန်စဖို့ .. ။
ကိုယ့်ကိုကိုယ်
ပြန်ငုံကြည့်မိလိုက်မိတယ်
တော်တော်သနားသွားတယ်
ဖြစ်ရလေ ...။
အဲ့လောက်စုပ်ပြတ်နေမှန်း
မီးသင့်ထားတဲ့
ရိုးပြတ်ကမှ ကြည့်လှသေးမယ်
ငါ့စိတ်ဓါတ်ကတော့
အကျည်းတန်နေတယ်
တပ်မက်ခြင်းရဲ့
စေခိုင်းမှုအောက်မှာ .. ။
Subscribe to:
Posts (Atom)







