ဒီချစ်ခြင်းမှာ
နာကျင်ခြင်းနဲ့ အဆုံးသတ်မယ်ဆိုရင်
သူမအစပျိုးခဲ့မှာ မဟုတ်ပါဘူး
အထီးကျန်တယ်ဆိုတာကို
အရင်ထဲက နားလည်ခဲ့မယ်ဆိုရင်
အလွမ်းကို လက်သင့်မခံခဲ့ပါဘူး
အချိန်တွေသာတရွေ့ရွေ့ကုန်သွားပြီး
အတိတ်ဆိုတာမှုန်ဝါးလာတယ်
နေ့ရက်တွေကိုလက်ချိုးကြည့်နေတုန်းပဲ
နာကျင်ခြင်းကို
အတိတ်မှာယိုးမယ်ဖွဲ့ပြီးထားခဲ့ပါတယ်
ပစ္စပ္ပုန်မှာပျော်ရွှင်ခြင်းနဲ့အတူ
သူမရှင်သန်နိုင်ပါစေ...
I am Kyal.